ျမန္မာ့စစ္တပ္မွ ထုန္လုပ္ေသာ လၽွက္စစ္ရထား,လ်က္စစ္ကားမ်ားကို မိမိတို႔တပ္မေတာ္ကို ေထာက္ခံေသာသူမ်ားသာ စီးခြင့္ရမည္ ျဖစ္သည္ဟု ျမန္မာ့အသံႏွင့္ ျမဝတီမွ ေၾကညာ…

International News

နေပြည်တော်ကောင်စီနယ်မြေမှာ မြို့ပတ်ရထားလမ်းတွေ၊ ဘတ်စ်ကားလမ်းတွေ၊ လျှပ်စစ်ဘတ်စ် ကားလမ်းတွေနဲ့ မြေအောက်ရထားလမ်းတွေ တည်ဆောက်နိုင်ဖို့ ကြိုတင်စီမံဆောင်ရွက်ထားကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလိုက်ပါတယ်

နေပြည်တော်မှာ ဩဂုတ် ၁၇ ရက်ကကျင်းပတဲ့ နေပြည်တော်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားရာမှာပြောသွားတာဖြစ်ပါတယ်။နေပြည်တော်ကို လျှပ်စစ်ဘတ်စ်ကားလုပ်ငန်းတွေ၊ မြို့ပတ်ရထားလမ်းတွေ၊ မြေအောက်ရထားလမ်းတွေနဲ့ မြို့ကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပြီး လျှပ်စစ်ကားပြေးဆွဲနိုင်ရေးကို မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ တိုက်တွန်း ပြောသွားပါတယ်\

နေပြည်တော်ကောင်စီနယ်မြေမှာ လူဦးရေသန်း ၂၀ အထိနေထိုင်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပြီး နောင်အနာဂတ် နေပြည်တော်မှာ မြို့နေလူဦးရေတိုးပွားပြီး မော်တော်ယာဉ်တွေ၊ မီးရထားတွေ၊လျှပ်စစ်ရထားတွေ လျှပ်စစ်ကားတွေ တိုးချဲ့ပြေးဆွဲလာတဲ့အခါ ယာဉ်ကြောပိတ်ဆို့မှု မဖြစ် ပေါ်စေဖို့လည်း နည်းလမ်းရှာဖွေ ဆောင်ရွက်ကြဖို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မြို့မှာ မီးရထားပြတိုက်တည်ဆောက်ဖို့၊ နေပြည်တော်ကို Green City ၊ Clean City ၊ Smart City အဖြစ် သန့်ရှင်း၊ သန့်ရပ်၊ သာယာ၊ လှပ စိမ်းလန်း၊ စိုပြည်တဲ့ မြို့တော်တစ်ခုဖြစ်စေရေးအတွက် အဘက်ဘက်မှ စဉ်စားသုံးသပ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့လည်းပြောသွားပါတယ်

hihihihihihihihihi

this is test

ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေဟာ မြစ်ချောင်းတွေပေါများပြီး စိုက်ပျိုးရေးအတွက် မြေဩဇာကောင်းမွန်တဲ့အတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေ အထွက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့၊ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်နေသလို နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့နဲ့ ဒေသထွက် ဝါကုန်ကြမ်းအပေါ် အခြေခံပြီး နေပြည်တော်နယ်မြေအတွင်း ချည်မျှင်နဲ့ အထည်စက်ရုံတွေတည်ဆောက်ကာ ပြည်ပတင်ပို့ ရောင်းချဖို့လည်းပြောပါတယ်။

နေပြည်တော်မှာ နေရာကောင်းရွေးပြီး တက္ကသိုလ်တွေ တည်ဆောက်ဖို့၊ ပညာရေးနဲ့ ပတ်သက်တဲ့မြို့တော်အဖြစ်ဆောင်ရွက်ဖို့နဲ့ နေပြည်တော်ကို စံပြအဖြစ်ဆောင်ရွက်ပြီး တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်ဖို့ လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်

အာဏာသိမ်းစစ်ခေါင်းဆောင်က ခုလိုပြောနေပေမဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၆ လ အကြာ တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နယ်ပယ်အသီးသီးမှာ အဘက်ဘက်က ယိုယွင်းချွတ်ခြုံကျပြီး ကျရှုံးနိုင်ငံဖြစ်လာနေပြီလို့ နိုင်ငံတကာ ပညာရှင်တွေက သုံးသပ်ပြောပါတယ်Crd – မြန်မာ့အသံနှင့် မြဝတီ

ေနျပည္ေတာ္ေကာင္စီနယ္ေျမမွာ ၿမိဳ႕ပတ္ရထားလမ္းေတြ၊ ဘတ္စ္ကားလမ္းေတြ၊ လၽွပ္စစ္ဘတ္စ္ ကားလမ္းေတြနဲ႔ ေျမေအာက္ရထားလမ္းေတြ တည္ေဆာက္နိုင္ဖို႔ ႀကိဳတင္စီမံေဆာင္ရြက္ထားၾကဖို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ညႊန္ၾကားလိုက္ပါတယ္။

ေနျပည္ေတာ္မွာ ဩဂုတ္ ၁၇ ရက္ကက်င္းပတဲ့ ေနျပည္ေတာ္ၿမိဳ႕ေတာ္ ဖြံ့ၿဖိဳးတိုးတက္ေရး အစည္းအေဝးသို႔ တက္ေရာက္ အမွာစကားေျပာၾကားရာမွာေျပာသြားတာျဖစ္ပါတယ္။ေနျပည္ေတာ္ကို လၽွပ္စစ္ဘတ္စ္ကားလုပ္ငန္းေတြ၊ ၿမိဳ႕ပတ္ရထားလမ္းေတြ၊ ေျမေအာက္ရထားလမ္းေတြနဲ႔ ၿမိဳ႕ကိုဖြံ့ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္ရမွာျဖစ္ၿပီး လၽွပ္စစ္ကားေျပးဆြဲနိုင္ေရးကို မျဖစ္မေနအေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားဖို႔ တိုက္တြန္း ေျပာသြားပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမမွာ လူဦးေရသန္း ၂၀ အထိေနထိုင္နိုင္ဖို႔ ရည္ရြယ္တည္ေဆာက္ထားတာျဖစ္ၿပီး ေနာင္အနာဂတ္ ေနျပည္ေတာ္မွာ ၿမိဳ႕ေနလူဦးေရတိုးပြားၿပီး ေမာ္ေတာ္ယာဥ္ေတြ၊ မီးရထားေတြ၊လၽွပ္စစ္ရထားေတြ လၽွပ္စစ္ကားေတြ တိုးခ်ဲ႕ေျပးဆြဲလာတဲ့အခါ ယာဥ္ေၾကာပိတ္ဆို႔မႈ မျဖစ္ ေပၚေစဖို႔လည္း နည္းလမ္းရွာေဖြ ေဆာင္ရြက္ၾကဖို႔လည္း အာဏာသိမ္းစစ္ေခါင္းေဆာင္က ေျပာပါတယ္။

ေနျပည္ေတာ္နဲ႔ ရန္ကုန္ၿမိဳ႕မွာ မီးရထားျပတိုက္တည္ေဆာက္ဖို႔၊ ေနျပည္ေတာ္ကို Green City ၊ Clean City ၊ Smart City အျဖစ္ သန႔္ရွင္း၊ သန႔္ရပ္၊ သာယာ၊ လွပ စိမ္းလန္း၊ စိုျပည္တဲ့ ၿမိဳ႕ေတာ္တစ္ခုျဖစ္ေစေရးအတြက္ အဘက္ဘက္မွ စဥ္စားသုံးသပ္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားၾကဖို႔လည္းေျပာသြားပါတယ္

ဒါ့အျပင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမဟာ ျမစ္ေခ်ာင္းေတြေပါမ်ားၿပီး စိုက္ပ်ိဳးေရးအတြက္ ေျမဩဇာေကာင္းမြန္တဲ့အတြက္ စိုက္ပ်ိဳးေရးေမြးျမဴေရးလုပ္ငန္းေတြ အထြက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္ဖို႔၊ေရအားလၽွပ္စစ္ ထုတ္လုပ္ေရးလုပ္ေနသလို ေနေရာင္ျခည္ စြမ္းအင္သုံးလၽွပ္စစ္ဓာတ္အားထုတ္လုပ္ဖို႔နဲ႔ ေဒသထြက္ ဝါကုန္ၾကမ္းအေပၚ အေျခခံၿပီး ေနျပည္ေတာ္နယ္ေျမအတြင္း ခ်ည္မၽွင္နဲ႔ အထည္စက္႐ုံေတြတည္ေဆာက္ကာ ျပည္ပတင္ပို႔ ေရာင္းခ်ဖို႔လည္းေျပာပါတယ္။

ေနျပည္ေတာ္မွာ ေနရာေကာင္းေရြးၿပီး တကၠသိုလ္ေတြ တည္ေဆာက္ဖို႔၊ ပညာေရးနဲ႔ ပတ္သက္တဲ့ၿမိဳ႕ေတာ္အျဖစ္ေဆာင္ရြက္ဖို႔နဲ႔ ေနျပည္ေတာ္ကို စံျပအျဖစ္ေဆာင္ရြက္ၿပီး တျခား တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြအလိုက္ ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္လည္း ဆက္လက္ ေဆာင္ရြက္ဖို႔ လည္း စစ္ေခါင္းေဆာင္က ေျပာသြားပါတယ္

အာဏာသိမ္းစစ္ေခါင္းေဆာင္က ခုလိုေျပာေနေပမဲ့ ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ၆ လ အၾကာ တိုင္းျပည္ရဲ့ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရး နယ္ပယ္အသီးသီးမွာ အဘက္ဘက္က ယိုယြင္းခၽြတ္ျခဳံက်ၿပီး က်ရႈံးနိုင္ငံျဖစ္လာေနၿပီလို႔ နိုင္ငံတကာ ပညာရွင္ေတြက သုံးသပ္ေျပာပါတယ္Crd – ျမန္မာ့အသံႏွင့္ ျမဝတီ

Leave a Reply

Your email address will not be published.