လက်ဘက်ရည်ဆိုင်ထိုင်နေရင်း ထွက်ပြေးတိမ်းရှောင်ပြီးလွတ်မြောက်လာခဲ့ရပုံကို ပြန်ပြောပြလာတဲ့ ဦးကျော်သက်လင်း ( အပိုင်း-၃ )

News

အစီအစဉ်တင်ဆက်သူ ဦးကျော်သက်လင်းကတော့ စစ်အစိုးရပိုင် MRTV ရုပ်သံဌာနမှာ သတင်းကြေငြာသူတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဦးကျော်သက်လင်းဟာ MRTV ရုပ်သံဌာနမှာ ပထမဦးဆုံး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ကာ လက်ရှိမှာလည်း လွတ်မြောက်နယ်မြေမှာနေထိုင်ရင်း စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်နေတာပဲဖြစ်ပါတယ်။

ဦးကျော်သက်လင်းက MRTV ရုံးထဲက လက်ဖက်ရည်ဆိုင်မှာထိုင်နေရင်း သက်စွန့်စံဖျားထွက်ပြေးခဲ့ရတဲ့ သူ့အကြောင်းကို ဆက်လက်ပြီးပြောပြလာပါတယ်။

ဂိတ်တဲက လမ်းကနေ ပေ ၁၀၀ လောက်လှမ်းပြီး ကုန်းအမြင့်လေးပေါ်မှာပါ။ အဲဒီဂိတ်တဲရဲ့ဘေးမှာ ကင်းတဲအကျယ်တစ်ခုရှိပြီး စစ်သားငါးယောက် လက်နှက်တွေဘေးချပြီး မနက်စာ စားနေကြပါတယ်။ အဲဒီတဲနှစ်လုံးအထက်ဘက်ကုန်းပေါ်မှာ စစ်သားတစ်ယောက်က လက်နှက်နဲ့ထိုင်နေပါတယ်။

ဂိတ်တဲထဲရောက်တော့ အရပ်ဝတ်နဲ့ဌာနဆိုင်ရာဘက်ကလို့ ယူဆရတဲ့နှစ်ယောက်နဲ့ ရဲနှစ်ယောက်ရှိပါတယ်။ လာခေါ်တဲ့ရဲက ကျနော့်ကိုထားပြီး အပြင်ပြန်ထွက်သွားပါတယ်။ တဲထဲက လေးယောက်ထဲက အရပ်ဝတ်နဲ့တစ်ယောက်က ထိုင်ပါဆရာကြီးတဲ့။ ထိုင်ပြီးကာမှ ဦးထုတ်နဲ့ maskချွတ်ပါဦး ရောဂါမကူးလောက်ပါဘူးတဲ့။ တကယ့်ကျဥ်းထဲကြပ်ထဲရောက်မှထိုင်ပြီးကာမှ မျက်နှာပြခိုင်းတာဆိုတော့ တစက္ကန့်လောက်ထဲမှာတင် ပြန်ပြောရင်ဆယ်မိနစ်နဲ့ပြောမကုန်တဲ့အတွေးတွေက တရဟောဝင်လာပါပြီ။ သွားပြီ၊ သိနေလောက်ပြီ၊ ခဲလေသမျှ သဲရေကျပြီ၊ မလွတ်တော့ဘူး၊ လက်ပြန်ကြိုးတုတ်၊ ရိုက်နှက်တော့ စစ်ကြတော့မယ် ဒီလိုအတွေးတွေကြောင့် အာခေါင်ခြောက် တံတွေးကမြိုချမရ အုန်းအုန်းထနေတဲ့ရင်နဲ့ နားထင်ကြောတွေကတအားထိုးကိုက်လာပါတယ်။

hihihihihihihihihi

this is test

နောက်ဆုံးအနေနဲ့ ဟန်ကိုယ့်ဖို့လုပ်ရပါတယ်။ ငါဟာဒရိုင်ဘာ.ဒီအသိကိုအရင်သွင်းပြီးမှ ဟုတ်ကဲ့ဗျ ဆရာတို့ဗျဆိုပြီး ကချင်သံလေး ဝဲပီးပြောလိုက်ပါတယ်။ သူတို့ကို အရာရှိမဟုတ်မှန်းသိတဲ့အတွေ့အကြုံတွေကို မေ့ထားလိုက်ပါတယ်။ တအားရို​ကျိုးပလိုက်ပါတယ်။ ဒါပေမယ့် သူတို့ကတော့ လေးယောက်ဆိုင်ပြီး မျက်နှာကို စေ့စေ့ကြည့်နေကြပါပြီ။ ရင်ကလည်း တဒိန်းဒိန်းနဲ့ပွင့်ထွက်တော့မလားဆိုတာချည်းပဲလို့ ပြောကြမယ်ဆိုလည်းပြောပါ။ အိမ်နဲ့ဌာနကို မစွန့်ခွာခင်ညတွေထဲက ဒီလိုနေ့တွေချည်းပါပဲ။

စက္ကန့်တိုင်း သတိမလွတ်ဖို့နဲ့င ါ့ကိုဘာမေးပြီးဘာဖြေရမယ်ဆိုတာသိဖို့ပဲ ခေါင်းထဲမှာထည့်ကာ စကားတိုင်းကို တိုင်းရင်းသားတစ်ယောက်လိုဝဲပီး မူရင်းအသံမထွက်ဖို့ကြိုးစားပါတယ်။
အခုကားက ဘယ်ကလာတာလည်း?( )ကလာတာပါ။ လိုင်စင်ပြ? လိုင်စင်ပါမလာဘူးဗျာ ဒီလမ်းကိုဒီဆရာတွေ မမောင်းတတ်လို့ မမောင်းဘူးလို့ ကျနော့်ဆရာက လိုက်ပို့ခိုင်းလို့ပါ။ ရောက်ပြန်တဲ့အရေးပေါ်ဆိုလို့ ချက်ခြင်း လွယ်အိတ်ဆွဲထွက်လာတာ ဟိုဘက်ဂိတ်ကြီးမှာလည်း ဖုန်းလှမ်းဆက်မေးပြီးသေချာလို့ ဆက်မောင်းခွင့်ရလာတာပါဆရာတို့။

ဘာလူမျိုးလည်း?ကချင် ဗမာပါဗျ။ မှတ်ပုံတင်?..၁/မကန(နိုင်). ..မြစ်ကြီးနား ဘယ်ရပ်ကွက်.ယုဇနထဲမှာနေပါတယ်။ အခုထိလား အရင်ကရော?

မေးတဲ့ပုံစံက ရယ်စစနဲ့ပြောင်သလိုလှောင်သလိုမို့ အနေရကြပ်လှပါတယ်။ ပမ္မတီးထဲလည်းနေဘူးပါတယ်။ သီတာ၊ တပ်ကုန်း၊ ဝိုင်းမော် တွေမှာလည်းအမျိုးတွေရှိပါတယ်ဗျ။ ဘာလို့ဒီဘက်ရောက်လာတာလည်း.?စက်ကြီးမောင်းဖို့ ဆောက်လုပ်ရေးက ကျနော့်ဆရာခေါ်လာတာပါဗျ။
ဘယ်မှာတာဝန်ကျလည်း.?..မြို့နယ်မှာတာဝန်ကျနေပါတယ်။ ဆရာကြီးကိုမြင်ဘူးနေတယ်!

ဟုတ်တယ် ကျနော်လည်းအတူတူပဲ ဒီဘက်တွေလည်း ကျနော် စက်ကြီးတွေသယ်တော့ ခဏခဏဖြတ်တယ်လေ့။ ကားပေါ်ဘာတွေပါလည်း.?မသိဘူးဗျ ကျနော်က ကားပဲနေ့ချင်းပြန်လိုက်မောင်းပေးရတာပါ။
ဒီနေ့ပြန်လာမှာသေချာလား?သူတို့မေးကြည့်ပါဗျ ပိုက်ဆံကိစ္စလို့ပြောနေသံကြားတယ် ရရင်ပြန်မယ်နဲ့တူတယ်။ ဖြေရင်း စိတ်အေးလာသလိုခံစားလာရပါတယ်။ တကယ်တော့ ကျနော်ညာတာပိရိလို့မဟုတ်ဘူးဆိုတာ.!!!

ရပြီဆရာကြီး သွားတော့ ဂိတ်ကြီးကလည်း ကျနော်တို့လို ခင်လို့လွှတ်လိုက်တာနေမယ်။ ဘေးရှင်းပါစေ ကျနော်တို့အရာရှိတွေလာပြီ သူတို့နဲ့မတွေ့ခင်သွားတော့တဲ့.အသံကတော့အမြဲကြားဘူးနေကြဆိုတော့ ချစ်ပြီးသားပါတဲ့။ ကျနော်တို့ဆီမှာ အရာရှိတွေက မနက်၈နာရီလောက်မှဂိတ်မှာစထိုင်တာ မှတ်ထားဦးတဲ့.။

ကျေးဇူးတင်ပါတယ် ဆရာတို့ရင်ထဲကနေပြောဖြစ်တဲ့စကားပါတစ်သက်မမေ့ပါဘူး.။ ဒီနေရာမှာ ကျနော့်ဘဝမှာမမေ့ရမယ့် လူယုံသတ်တဲ့ကိစ္စကို တမင်ရည်ရွယ်ချက်ရှိစွာချန်ခဲ့ရပါမယ်။
ထုတ်ရေးဖို့လည်းမရှိတော့ပါ။ သိသင့်တဲ့သူတွေကတော့သိနေကြပါပြီ။

ဒီလိုနဲ့ နောက်တစ်မြို့မှ ာညအိပ်ပါတယ်။ အဲ့ဒီညမှာပဲ အဲဒီမြို့လေးရဲ့ပစ်ခတ်မှုတွေစခဲ့ပါတယ်။ မနက်စောစောမလင်းခင်ပဲ နောက်တမြို့ကို ခရီးဆက်ခဲ့ကြပါတယ်။ အဲဒီမြို့ရောက်တော့ နောက်နေ့မှာ ၂ငါးလုံးသပိတ်ရှိတဲ့အတွက် ညအိပ်ဖို့ ခရီးမဆက်ကြဖို့ပြောကြတာနဲ့ အဲဒီမြို့နယ်လေးရဲ့သပိတ်မှာ ကားခနရပ်ပြီး ဓာတ်ပုံရိုက်ကြဆန္ဒပြသမားတွေကိုဝန်းရံကြပါတယ်။အတိုချူပ်ရရင်တော့နောက်တမြို့ကိုခရီးဆက်ကြပြန်ပါတယ်။

နောက်တမြို့ကိုရောက်တော့ သူငယ်ချင်းရဲ့သူငယ်ချင်းတွေနဲ့ ထမင်းထိုင်စားရင်း သူတို့တွေက ကျနော့ကိုသိသွားကြပါတယ်။ ဒါနဲ့ အဲဒီမြို့လေးမှာခနဖြစ်ဖြစ်နေဖို့နားဖို့ဖြစ်လာပါတယ်။(ရေးမရသေးတဲ့ နောက်တကြိမ်လွတ်မြောက်မှု)သူတို့ကဒီမြို့ကထွက်ဖို့ ပြောကြပါတယ်။

ဒါပေမယ့် အခုထွက်ရင် လမ်းမှာပိတ်ဖမ်းမယ်။ ၊ဒါကြောင့်ဒီကတနေရာရာမှာ ရက်ကြာနေမှရမယ်လို့ ကျနော်ပြောတော့ သူတို့အိမ်တစ်လုံးစီစဥ်ပေးကြပါတယ်။ မမေ့နိုင်စရာ အမေတစ်ဦး သူငယ်ချင်းတစ်ဦးနဲ့ မိသားစု။တခြားသူငယ်ချင်းသစ်တွေရခဲ့ကူညီခဲ့ကြပြီး အဲ့ဒီအိမ်မှာ တစ်လတိတိနေခဲ့ပါတယ်။

အခုတော့ ကျနော့်ကိုသိပ်ဂရုစိုက်တဲ့သူငယ်ချင်းရဲ့အမေ(ယောက္ခမ)လည်း ပြီးခဲ့တဲ့၅လက ကင်ဆာရောဂါနဲ့ကွယ်လွန်သွားပါပြီ။ ကျနော်သိတဲ့အချိန်က လွတ်မြောက်နယ်မြေရောက်နေပြီမို့ တောထဲမှာတစ်ယောက်ထဲသွားပြီး စိတ်လွတ်ကိုယ်လွတ်အော်ဟစ်ကာ ရှိုက်ကြီးတငင်ငိုခဲ့ရပါတယ်။ ကျနော်ချစ်တဲ့သူတွေ ကျနော့်ကိုချစ်တဲ့သူတွေ.။ အဲဒီမြို့လေးမှာတစ်လတိတိပြည့်တဲ့နေ့.ကျနော်တို့မလုံခြုံနိုင်တော့ဘူးလို့ အဲဒီအိမ်ရှင်သူငယ်ချင်းကလာပြောတဲ့နေ့ တိုက်ဆိုင်စွာပဲ အင်တာနက်ဖွင့်တော့ ဌာနဆိုင်ရာကမိတ်ဆွေတစ်ယောက်က မက်ဆေ့ပို့လာပါတယ်။

အစ်ကိုနေကောင်းလား အဆင်ပြေလားတဲ့..
ကျနော်ချက်ခြင်းပဲအကြောင်းပြန်လိုက်ပါတယ်။သူတာဝန်ကျတဲ့မြို့က ကျနော်နဲ့နီးတာကိုး။

ကောက်ရိုးတပင်ကိုအမိအရဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ သူ့အကူအညီနဲ့ လက်ရှိနေတဲ့မြို့က ကျနော်နဲ့ခနတာဆုံခဲ့ပေမယ့် ညီအစ်လိုရှိခဲ့ကြတဲ့သူနဲ့နောက်နေ့မှာဆုံပြီး နောက်တမြို့ကိုသွားတဲ့လမ်းပေါ်ကရွာလေးကိုရောက်ခဲ့ရပါတယ်။ အဲဒီမှာ ၂လတိတိကြာခဲ့ပြန်ပါတယ်။ အဲဒီမှာလည်း အမှတ်ရစရာတွေအများကြီး ရှိခဲ့ပါတယ်။ ရက်ပေါင်း၆၀တောင်မှကြာခဲ့ပြန်တာလေ.။
(ဆက်ပါဦးမည်)

 

crd

Leave a Reply

Your email address will not be published.