မင်းအောင်လှိုင်တပ်များက ဘာအတွက်ကြောင့် မိုးဗြဲမြို့ကို မရမက သိမ်းပိုက်ဖို့ကြိုးစားနေသလဲ ဆိုတဲ့အကြောင်းပြချက်ကြီး

International News

နိုင်ငံ အတွင်းရှိ Myanmar Collective ဟု အမည်ပေးထားသော အမည်မဖေါ်လိုသူ ဒါရိုက်တာများ စုပေါင်းရိုက် ကူးထားသည့် “The Myanmar Diaries” သည် ဘာလင်နိုင်ငံ တကာ ရုပ်ရှင်ပွဲတော်တွင် ၂၀၂၂ အတွက် နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ ချီးမြှင့်သော အကောင်းဆုံး ရုပ်ရှင်ဆုကြီးကို ဆွတ်ခူးသွားပြီ ဖြစ် ကြောင်း Hollywood Reporter ဆိုသည့် အထင်ကရ ရုပ်ရှင် ဂျာနယ်ကြီးတွင် ဖေါ်ပြလာသည်။ ထိုမျှ မက သေး၊ ၂၀၂၂ အတွက် ဘာလင် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်ကြီး ၏ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် အဖြစ် ချီးမြှင့် ခြင်း ခံခဲ့ရပြန်သည်။

ထို့အတွက် လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး၏ ချီးမြှင့်ငွေ ယူရို ၅,၇၀၀ ၊ ဘာလင် ရုပ်ရှင်ပွဲတော်ဆု မှ ဒါရိုက်တာ နှင့် ထုတ်လုပ်သူများ အတွက် အနုပညာကြေး ယူရို ၄၀,၀၀၀ ရရှိသွားခဲ့သည်

အဆိုပါ ရုပ်ရှင်ကို ဘာလင် ရုပ်ရှင် ပွဲတော်တွင် တရားဝင် မပြသမီကပင် Time Out မဂ္ဂဇင်းကြီး တည်ထောင်သူ တိုနီ အီလီယော့ အား ဂုဏ်ပြုချီးမြှင့်သော ဆုကို ဂျူရီ လူကြီးများ ၏ တညီတညွတ်တည်း မဲ ဖြင့် ဦးဦးဖျားဖျား ဆွတ်ခူး ရရှိထားခဲ့ပြီး ဖြစ်သည်။

ဇာတ်လမ်း သဘောအရ စိတ်လှုပ်ရှားစရာများ ပြည့်နှက်နေပြီး ပြောက်ကျား တော်လှန်ရေး သမားများ၏ တီထွင်ဖန်တီးနိုင်မှု၊ သတ္တိဗျတ္တိ နှင့် အသက်ကို ရင်း၍ ရဲဝံ့စွန့်စားနိုင်မှု များကို ချီးကျူးမိသည့် အပြင် အနုပညာ အရလည်း လက်ရာမြောက်စွာ ရိုက်ကူးတင်ဆက်နိုင်ခြင်းကြောင့် ဖြစ်သည်” ဟု မှတ်ချက်ချခဲ့ကြသည်

hihihihihihihihihi

this is test

အဆိုပါ မှတ်တမ်း ရုပ်ရှင်အား မတ်လ ၄ ရက်နေ့တွင် နယူးယောက်၌ ကျင်းပမည့် မြောက် အမေရိကန် ရုပ်ရှင်ပွဲတော်တွင်လည်း ပြသမည် ဖြစ်သည်။

ဤမှတ်တမ်း ရုပ်ရှင်သည် တကယ့် ဖြစ်ရပ်မှန်များကို လက်ကိုင်ဖုန်းများဖြင့် လျှို့ဝှက် ရိုက်ကူးထားသော အခန်းများစွာ ပါရှိနေသဖြင့် အကြမ်းဖက် စစ်တပ်၏ ပြည်သူများ အပေါ် လူမဆန်စွာ ဆက်ဆံ နေမှုများကို တကမ္ဘာလုံး ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခွင့် ရသွားခဲ့ပြီ ဖြစ်သည်။ ထိုသို့ ဖန်တီးနိုင်ခဲ့သည့် ဂျင်ဇီးများသည် တကယ်တမ်းတွင် မြန်မာ ပြည်သူတရပ်လုံး၏ စိတ်နှလုံးကို ဝင်ရောက် ပူးကပ်ကာ ကမ္ဘာသို့ ထုတ်ဖေါ်ပြသ လိုက် နိုင်ခြင်းပင် ဖြစ်သည်။ (ပုံတွင် တွေ့ နိုင်သည်)

ထိုသတင်း မှတ်တမ်း ရုပ်ရှင်ကို ယခုထိ ဘူးလုံးနားမထွင်း ဖြစ်နေသော အာဆီယံ နိုင်ငံ ခြားရေး ဝန်ကြီးများ၏ အစည်းအဝေးသို့ ပေးပို့ ပြသကြရမည်။

ကမ္ဘောဒီယား ရှိ ဆီယမ် ရိ တွင် ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသည်လည်း မြန်မာ အရေး နှင့် ပတ်သက်၍ တိုးတက်မှု တစုံတရာ မရဘဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဟွန်ဆန် ၏ နိုင်ငံရေး နှင့် မသက်ဆိုင်သော ကိုယ်စားလှယ်ကို စေလွှတ်ခြင်း မရှိခဲ့သည့် အတွက် ဟွန်ဆန်၏ ကြားလူ အဖြစ် ဝင်ရောက် ကြိုးပမ်းမှုများသည် သဲထဲရေသွန် ဖြစ်သွားခဲ့ရလေသည်။

မြန်မာ နိုင်ငံသို့ လာရောက်မည့် အာဆီယံ အထူးသံတမန် ဖြစ်သူ ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ပရတ် ဆော့ဟွန်း မှ လောလောဆယ်တွင် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ဆွေးနွေးဦးမည် မဟုတ်ဘဲ နေပြည် တော်၏ ယုံကြည်မှု ကို အရင်တည်ဆောက်ရမည်ဟု ဆိုသည်။ ယခုမှစ၍ မိမိ မည်သို့ နည်းလမ်း သုံး၍ ချဥ်းကပ်သွားမည်ကို အဖွဲ့ဝင် နိုင်ငံများအား ဦးစွာ အသိပေးမည်ဟုလည်း ကတိပြုသွားခဲ့သည်။

၎င်းက မိမိခရီးစဉ်အတွင်း မင်းအောင်လှိုင်၊ ဝဏ္ဏမောင်လွင်တို့ နှင့် တွေ့ဆုံမည် ဖြစ်သည့်အပြင် ပဋိပက္ခတွင် ပါဝင် ပတ်သက်နေသူများ နှင့် တွေ့ခွင့်ရသမျှ အကုန်တွေ့သွားမည်ဟု ရည်ရွယ်ကြောင်း သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားသွားခဲ့သည်။

သို့သော် စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလားခရစ်ရှန် က အာဆီယံ အထူး သံတမန်အား တွေ့လိုသူ များ နှင့် တွေ့ခွင့်ပေးရန် မည်မျှ အတိုင်းအတာ အထိ လိုက်လျောမည် ဆိုသည်ကို စမ်းသပ်မည့်ပွဲဖြစ်ကြောင်း သူ၏ စကား အရ ဆိုလျှင် “Litmus Test” ဟု ထုတ်ဖေါ်ပြောဆိုလိုက်သည်။ မြန်မာ အာဏာပိုင်များ အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် စိတ်ရင်းစေတနာ ကောင်း နှင့် ရိုးသားမှုကို ပြသရမည်ဟု လည်း ဆိုသည်။

မိမိအနေဖြင့် အကြံပေးရမည် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် မပါဘဲ မည်သည့် ဖြေရှင်းချက်မျိုးမှ ထွက်ပေါ် မလာနိုင်ဟု ပြတ်သားစွာ ပြောဆိုသွားခဲ့သည်။ ဤသည်ကပင် သူမအပေါ် အမျိုးမျိုးသော စွဲချက်များ တင်ထား သည့် အမှုများကို အယုံအကြည် မရှိ ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

စစ်ကောင်စီ အဖို့လည်း ကမ္ဘာအလယ်တွင် လုပ်သမျှ မအောင်မြင်သဖြင့် လှုပ်လေမြုပ်လေ ဖြစ်လာနေသည် မှာလည်း သနားစရာ ကောင်းနေရသည်

တနင်္လာနေ့တွင် အွန်လိုင်းမှ တဆင့် ပြုလုပ်မည့် နိုင်ငံတကာ တရားရုံး၏ ကြားနာပွဲသို့ စစ်ကောင်စီ ဖက်မှ ကိုကိုလှိုင် နှင့် သီတာဦး တို့ ဦးဆောင်မည်ဟု သိရသည်။ လက်ရှိ နိုင်ငံတကာ ညှိနှိုင်းရေး ဝန်ကြီး ဆိုကာ ခန့်အပ်ခြင်း ခံထားရသည့် ကိုကိုလှိုင်သည်သာ ထိုပွဲတွင် စစ်ခေါင်းဆောင် သဘောကျ ပြုလုပ်နိုင်မည် ဆိုက ဝဏ္ဏမောင်လွင် နေရာတွင် အစားထိုး လာဖို့ ရှိနေပေသည်။

ကိုကိုလှိုင် နှင့် သီတာဦး နှစ်ယောက်စလုံးသည် အမေရိကန်၏ နာမည်ပျက်စာရင်းတွင် ပါဝင်နေကြသူများ ဖြစ်သည်။

မြန်မာပြည်သူများအား ကိုယ်စားပြုခြင်း မရှိသည့် စစ်ကောင်စီ ကိုယ်စားလှယ်များ ပါဝင်လာမည့် အရေးကို ပြင်းထန်စွာ ကန့်ကွက်နေသော်လည်း အိုင်စီဂျေသည် သူတို့ လက်စွဲစာအုပ်ကြီး အတိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန နှင့် သံရုံးကိုသာ ဆက်သွယ် အကြောင်းကြားခွင့် ရှိနေ၍ ဟု ချေပလာခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီကို တရားဝင် အဖြစ် အသိအမှတ်ပြုသည့် သဘောမဆောင်ဘဲ လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု နယူးယောက် ရှိ လူ့အခွင့်အရေး အဖွဲ့ကြီးမှ သုတေသီ တဦး ဖြစ်သော ရှေနာ ဘောက်နာ က ဆိုသည်။

အမေရိကန် အောက်လွှတ်တော်တွင်တော့ မြန်မာ စစ်တပ်၏ လုပ်ရပ်များအား လူမျိုးတုံး သတ်ဖြတ်သည်ဟု တရားဝင် သတ်မှတ်ရန် ကြန့်ကြာနေမှုကို စိတ်မရှည် ဖြစ်လာနေကြသည်။ ကြာသပတေးနေ့တွင် အောက်လွှတ် တော် နိုင်ငံခြားရေးရာ ကော်မတီမှ ဘိုင်ဒင် အစိုးရ အရာရှိများကို ခေါ်ယူ၍ အဘယ်ကြောင့် ထိုမျှအထိ ကြန့်ကြာနေရသလဲ ဆိုသည်ကို ခေါ်ယူ စစ်ဆေးခဲ့ကြသည်။

“အမှန်ဆိုသည်ကို သိထားပြီး ဖြစ်ပါလျှက် မိမိတို့ အစိုးရမှ အဘယ်ကြောင့် အသိအမှတ်မပြုနိုင် ဖြစ်နေရသည် လဲ ဆိုသည်ကို တွေးမိတိုင်း ဝမ်းနည်း တုန်လှုပ်မိကြောင်း” ဒီမိုကရက် အမတ် အင်ဒီ လီဗင်က ထုတ်ဖေါ်ပြောဆို လာခဲ့သည်။ ထို အတွက် ကြောင့်လည်း မြန်မာ စစ်တပ်သည် ရဲတင်းလာပြီး နေ့စဉ်နှင့် အမျှ ရက်စက် ကြမ်း ကြုပ်စွာ တိုး၍ တိုး၍ ပြုကျင့်လာခြင်း ဖြစ်မည်ဟုလည်း ဆိုသည်။

သို့သော် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများက အချိန်အတိအကျ ပိုင်းခြား သတ်မှတ်ပေးရန် ငြင်းဆိုသွား ခဲ့သည်။

အိုင်စီဂျေ တွင် ကိုယ်စားပြုမည့် စစ်ကောင်စီ၏ အကြမ်းဖက် တပ်များသည် သံချပ်ကာ ကားများ အပါအဝင် အင်အား အလုံးအရင်းဖြင့် ကယားပြည်နယ် မိုးဗြဲ မြို့အား ပြန်လည် သိမ်းယူနိုင်ရန် ထိုးစစ်ဆင်လာ၍ လူပေါင်း ၂၈,၀၀၀ ခန့် မြို့ကို စွန့်ခွာ ထွက်ပြေးနေကြသဖြင့် ကျီးနှင့် ဖုတ်ဖုတ် ဖြစ်နေသည်။

မိုးဗြဲ မြို့သည် နေပြည်တော် နှင့် နီးကပ်စွာ တည်ရှိနေသဖြင့် အကြမ်းဖက် တပ်များက မရမက သိမ်းပိုက် နိုင်ရန် လုံးပမ်းနေခြင်းလည်း ဖြစ်သည်ဟု မိုးဗြဲ PDF အဖွဲ့က ဆိုသည်။

စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ခဲယမ်း ရရှိရေးတွင် အခက်အခဲများ ဖြစ်နေသော်လည်း မြို့ကြီးများအား ထိုးစစ်များ ဆင်နွှဲနိုင်ရန် ပြင်ဆင်နေပြီ ဟု ဗီအိုအေ ကို ပြောပြခဲ့သည်။

ကေအင်ယူ ပြောခွင့်ရ ပဒို စောထော်နီး က ဖေဖေါ်ဝါရီ ၄ ရက် တွင် ဗီအိုအေ ကို တယ်လီဖုန်း ဖြင့် ဆက်သွယ် ပြောကြားရာတွင် ယခင်က မိမိတို့သည် ခံစစ် အနေအထားဖြင့်သာ ရှိနေခဲ့ရာမှ ယခုအခါ စစ်အာဏာရှင်များအား အပြီးအပိုင် ဖြုတ်ချရန် ထိုးစစ်ဆင်နွှဲသွားတော့မည်ဟု ဆိုသည်။

ဧရာဝတီ သတင်းအရ မြဝတီ မြို့နယ် ရှိ စစ်ကောင်စီ ထိန်းချုပ် တောင်ကုန်း တခုကို ကေအင်ယူ နှင့် မဟာမိတ် တပ်များက လက်နက်ကြီး ကျည်များ နှင့် လက်နက်မျိုးစုံကို သိမ်းပိုက် နိုင်ခဲ့ကြကြောင်း သိရသည်ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!ရေးသားသူ- Hla Soewai

Leave a Reply

Your email address will not be published.