သန်းရွှေခေတ်က FEC လိုမျိုး မြန်မာပြည် ဘဏ်များမှ မကြာခင် ထုတ်တော့ မည့် Paper Gold ဆိုတာကြီးက ဘာလဲ ရှင်းပြပါမယ်
မြန်မာပြည် ဘဏ်များမှ ရွှေထုတ်တော့မည်.. FEC ဆိုတာ ကြားဖူးပါသလား။ နဝတ လက်ထက်က ဒေါ်လာကို အစားထိုးဖို့ ပြည်တွင်းဖြစ်ဒေါ်လာ FEC ဆိုတာကို ဗဟိုဘဏ် က ရိုက်ထုတ် သုံးစွဲခဲ့ဖူးပါတယ်။ ဝမ်းဒေါ်လာကို ဝမ်း FEC ပေါ့။ ဒါပေမဲ့ မြန်မာပြည်အပြင်ရောက်တာနဲ့ ချီးကုန်းတဲ့ တစ်ရှူး paper လောက်တောင် အဖိုးမတန်တော့ပါဘူး။ အခုလည်း FEC အစားထိုး Paper Gold ဆိုပြီး ရွှေအသင်းနဲ့




ဘဏ်တွေ ပေါင်းရိုက်ပါတော့မယ်။ ဘဏ်တွေကနေ ရွှေတုံးကို စာရွက်နဲ့ ထုတ်တော့မယ်။ စစ်ကောင်စီ လက်ကိုင်ဒုတ် ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ ပြည်သူတွေရဲ့ ငွေကြေးတွေကို မလိမ့်တပတ်နဲ့ ဘဏ်တွေ၊ ရွှေလုပ်ငန်းရှင်တွေ လှဲ့သုံးမဲ့ အကွက်ပေါ့။ “အ” တဲ့ ပြည်သူ ရှိသေးလား။ ၂၀၂၂ မှာ မရှိနိုင်တော့ပါ။ ပြန်ထုတ်ပေးပါမယ်ဆိုပြီး အပ်ထားတဲ့ ငွေတွေတောင် ထုတ်မရတော့တာ။ ဘာအာမခံချက်မှ မရှိတဲ့ ဘာမှ
ယုံကြည်စရာမရှိတဲ့ ဘဏ်တွေက ထုတ်ပေးမဲ့ Paper Gold လို့ခေါ်တဲ့ စက္ကူစုတ်တွေကို ယုံယုံကြည်ကြည်နဲ့ ဝယ်မဲ့ ပြည်သူရှိပါသေး သလား။ တစ်ခါသေဖူးယုံနဲ့ ပျဉ်ဖိုးနားလည်ကြပါတော့။ ငွေလည်း ဆုံးမယ်။ ရွှေလည်း ဆုံးမယ်။
this is test




ငါတို့လက်ထဲမှာရှိတဲ့ ပိုက်ဆံ ငါတို့ဘဲ ပိုင်စေရမယ်။ (George Swezone) Paper Gold ဆိုတာကြီးကို ရှင်းပြမယ်.. ခင်ဗျားက ရွှေဝယ်ချင်တယ်ထားပါတော့၊ ပုံမှန်အတိုင်းဆို ရွှေဆိုင်ကိုသွား၊
ရွှေဘယ်လောက်သားဝယ်ချင်ပါတယ်ပြော၊ သူသတ်မှတ်ထားတဲ့ဈေးအတိုင်းငွေချေ၊ ရွှေကိုယူပြီးပြန်လာ၊ အဲဒီရွှေကို ကိုယ့်ဖာသာ သိမ်းထားပေါ့.. အခု Paper Gold ဆိုတာကြီးကျတော့ ခင်ဗျားကရွှေဝယ်ချင်ရင် ရွှေဆိုင်ကို သွားစရာမလိုတော့ဘူး။ ဘဏ်ကို သွားရမယ်၊ (ဘာ.. ဘယ်ဘဏ်လဲဟုတ်လား၊ ကျုပ်တို့ ပိုက်ဆံတွေကို အခုထိ လိုချင်သလောက်ထုတ်မပေးတဲ့ ဘဏ်တွေထဲက တခုခုကိုပေါ့) အဲဒီ ဘဏ်မှာ ရွှေဘယ်လောက်သားဝယ်ချင်ပါတယ်
ပြောလိုက်ရင် သူတို့က ခင်ဗျားမှာ ရွှေဘယ်လောက်သားပိုင်ဆိုင်ပါတယ်လို့ ရေးထားတဲ့၊ သူတို့ဘဏ် လိုဂိုပါတဲ့ စာရွက်ကြီးထုတ်ပေးမယ်။ ခင်ဗျားက ဘဏ်ကိုကျသင့်တဲ့ငွေအတိုင်း ပေးရမယ်။




(ဘာ.. ခင်ဗျားငွေစာရင်းအဟောင်းထဲက ဟုတ်လား၊ မရပါ.. လုံးဝ မရပါ.. သူတို့ဘဏ်မှာဖွင့်ထားတဲ့အကောင့် မကလို့ ဗဟိုဘဏ်မှာပဲဖွင့်ထားထား၊ အကောင့်ဟောင်းထဲကဆို မရပါတဲ့) အဲဒီတော့
ခင်ဗျားက ငွေသားနဲ့ပဲပေးချေရမယ်။ ဘဏ်အကောင့်သုံးပြီးပေးလို့မရတဲ့ ဘဏ်စနစ်ကြီးနော်၊ မထူးဆန်းဘူးလား၊ အဲလို ငွေချေပြီးရင် ခင်ဗျားက သူတို့ထုတ်ပေးတဲ့ စာရွက်ကြီးယူပြီးပြန်ရုံပဲ။ ခင်ဗျားဝယ်ထားတဲ့ရွှေ ကလား။ အဲဒါက ဘဏ်က သိမ်းထားမှာ။ သူတို့ကပဲ သိမ်းထားပေးမှာ။ ကျုပ်တို့ ပိုက်ဆံတွေကို ကျုပ်တို့ ထုတ်ချင်တဲ့အချိန်မှာ ပြန်ထုတ်မပေးနိုင်တဲ့ အဲဒီ သောက်ကျိုးနဲ




ဘဏ်တွေက အဲဒီရွှေတွေကို သိမ်းထားလိုက်ပြီး ခင်ဗျားကိုစာရွက်နဲ့ ရွှေရှိကြောင်းရေးပေးလိုက်မှာ။ အဲဒါကို Paper Gold လို့ ခေါ်တာဗျား၊ ရှင်းပြီလား.. အဲဒီစက္ကူကို သေသေချာချာလိပ်ပြီး လည်ပင်းဆွဲထားပေါ့၊ ဒါမှ ရွှေရှိမှန်းသိမှာ မဟုတ်ရင် နှိမ်ကြလိမ့်မယ်ဗျ..
crd-(Ko Zay Gyi)