စစ်တိုက်လေယာဉ်ပျက်ကျ သေဆုံးသူမှာ ဗိုလ်ကြီးဟိန်းထက်အောင်အကြောင်း….




ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရေမျက်ကြီးအင်းတွင်ယနေ့ နံနက်ပိုင်း ပျက်ကျသွားသော စစ်တိုက်လေယာဉ်မှူးမှာ လေ-၃၅၈၆ ဗိုလ်ကြီးဟိန်းထက်အောင် ဗိုလ်သင်တန်းအပတ်စဉ် ၅၁ ဖြစ်ပြီး ၎င်းသည် Operation Spitfire က ထုတ်ပြန်ထားသည့် ပြည်သူကို သ-တ်ဖြတ်နေသော စာရင်း




တွင် အမည်ပေါက်ပါဝင်သူဖြစ်သည်ဗိုလ်ကြီးဟိန်းထက်အောင်သည် တံတားဦးလေတပ်စခန်းမှဖြစ်ပြီး လွန်ခဲ့သော လပိုင်းကမှ မင်္ဂလာဆောင်ထားသူဖြစ်ကြောင်း သိရှိရသည်။




စစ်ကိုင်းတိုင်း မြောက်ဘက်ရှိ ရေမျက်ကြီးအင်းအတွင်း ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၀ နာရီ ၅၃ မိနစ်အချိန်က ပေါက်ကွဲသံနှစ်ချက် ကြားလိုက်ရပြီးနောက် လေယာဉ်တစ်စီး ပျက်ကျခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
this is test




လေယာဉ်ပျက်ကျ သွားသည်ဆိုသည့် ရေမျက်ကြီးအင်း အတွင်း စပိဘုတ်များဖြင့် ရှာဖွေနေမှုများ ရှိနေသလို ကောင်းကင်တွင်လည်း စစ်ကောင်စီ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ ပျံဝဲနေကြောင်း သိရသည်။




အဲ့ဒီ အင်းပတ်လည်မှာ ရွာ ၁၅ ရွာရှိတယ်။ အခုတော့ စစ်တပ်က လေယာဉ်တွေ ကောင်းကင်မှာ ဝဲနေပြီ။ လာစစ်ဆေးနေကြတာလား မသိဘူးဟု ဒေသခံများက ပြောသည်။




သူ့ကို တပ်ထဲမှာ ဂျာကြီး လို့ပဲခေါ်ကြတာသူက “မင်္ဂလာဆောင်ထားတာ မကြာသေးဘူး။ကလေးမရှိသေးဘူးဟု” တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော လေတပ်မှ အရာရှိ




စာရင်းများကို ထုတ်ပြန်လျက်ရှိရာတွင် ဗိုလ်ကြီးဟိန်းထက်အောင်သည် ဇန်နဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ခဲ့သော ပိုင်းလော့စာရင်းတွင် အမည်ပေါက် ပါဝင်သူဖြစ်သည်။
crd