မြန်မာတို့၏တလွဲအယူများ (အကျိူးအကြောင်းဆီလျော်အောင် မတွေးတတ်တဲ့ရှေးရိုးစွဲသမားတွေ တွေ့တိုင်းဖတ်ပါ)

Knowledge

အမတော် “သုစိတ” ၊ မောင်တော် “နန္ဒ” အပိုင်စားရတဲ့ မင်းဘူးကနဂါးပွက်အိုင်။ တကယ်တော့ဂေါပကတွေရော အဲ့ဒီလာတဲ့နဂါးကို လာဖူးကြတဲ့သူတွေပါ ပထဝီသင်ခဲ့ကြမှာပါ။ ငါးတန်းခြောကမတန်းလောက်ဆို မီးတောင်အကြောင်းစာသင်နေရပြီ။

ရွှံ့မီးတောင်၊ မီးတောင်သေ၊ မီးတောင်ငြိမ်း သင်ဖူးကြမှာပါ။ အခုလိုရွှံ့မီးတောင်အပေါက်ဝထဲကို နွားနို့နဲ့ကြက်ဥတွေပစ်ထည့်ကြတယ်။ အမွှေးတိုင်ပေါင်း သောင်းချီပူဇော်ကြတယ်။ အဲ့ဒီနွားနို့နဲ့ကြက်ဥတွေကိုသာ မိဘမဲ့ဂေဟာက ကလေးတွေကို တိုက်ကျွေးမယ်ဆို တော်ရုံဂေဟာတစ်ခုတော့ နေ့စဉ်အာဟာရမပူရတော့ဘူး။

သူတစ်ပါးယုံကြည်မှုကို ကဲ့ရဲ့တာမဟုတ်ပါဘူး။ ဆုံးရှုံးသွားတဲ့အလှူငွေကို လိုအပ်တဲ့နေရာရောက်စေချင်တာပါ။ နောက်တစ်ချက်က ဒါဟာဘူမိဗေဒပညာရှင်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လေ့လာရေးစခန်းဖြစ်နိုင်တယ်။ အဲ့ဒီမီးတောင်ကို စနစ်တကျလေ့လာရင် ဘယ်လိုအဖိုးတန်ဓါတ်ငွေ့တွေထွက်နိုင်မလဲ။ ဘယ်လိုအကျိုးကျေးဇူးရှိမလဲ သိခွင့်ရလာမယ်။

hihihihihihihihihi

this is test

သူတို့ကိုစော်ကားခြင်းထက် ကျွန်တော်ကတော့နှမျောတယ်။ ချီလီနဲ့အာဂျင်တီးနားက မီးတောင်သေတွေ၊ ရွှံ့မီးတောင်တွေ၊ မီးတောင်ရှင်တွေသာ မြန်မာပြည်ရောက်ခဲ့ရင် ကိုးထောင်လောက်စေတီတည်ပြီး နတ်နဂါးပုံပြင်တစ်ခုခုနဲ့ဇာတ်သွင်း ဖင်ဘူးထောင်ဦးချပြီး နွားနို့နဲ့ကြက်ဥတွေပစ်ထည့်ဦးမယ်ထင်တယ်။

ပုပ္ပါးကမယ်ဝဏ္ဏဆို သထုံကနေနန်းမှုရေးရာစိတ်ကုန်လို့ တရားအားထုတ်ဖို့လာတဲ့ သထုံဘုရင်မနူဟာရဲ့ညီမ လူစစ်စစ်ပါ။ သူတို့နဲ့တွေ့မှ ပန်းစားဘီလူးမဆိုပြီး အစွယ်ပေါက်ရရှာတယ်။ အပါယ်လေးဘုံစာရင်းဝင် တိရိစ္ဆာန်ကို ကန်တော့နေရတဲ့ အယူလွဲ logic ။

မြန်မာပြည်အနှံ့အပြားမှာ မြွေရှင်ဘုရား ဘယ်နှစ်ဆူရှိလည်းတော့မသိဘူး။ ကျွန်တော်ရောက်ဖူးတဲ့ ဘုရားတွေက ပုလိပ်၊ သုံးတောင်၊ စစ်ကိုင်းမှာရှိတဲ့မြွေဘုရားသုံးဆူရောက်ဖူးတယ်။ မြွေဆိုတာအပါယ်လေးဘုံစာရင်းဝင် တိရိစ္ဆာန်ပဲ။ နိမ့်ကျတဲ့တိရိစ္ဆာန်ကို မြင့်မြတ်တဲ့ဗုဒ္ဓဆင်းတုနဲ့တွဲပြီး ပူဇော်နေကြတဲ့ကျွန်တော်တို့မြန်မာတွေ။

နတ်မြွေ၊ အိပ်မက်စတဲ့ပါးစပ်ရာဇဝင်နဲ့ ဖြဲခြောက်ပြီး ဗုဒ္ဓဘာသာဝင်တွေက နိမ့်ကျတဲ့တိရိစ္ဆာန်ကို ဖင်ဘူးထောင်ကန်တော့နေရတယ်။ အံမယ်အဲ့ဒီမြွေစာအတွက် လစဉ်အလှူရှင်ဆို အလုအယက်ဗျ။

စပါးကြီး၊ စပါးအုံးမြွေဆိုတာမျိုးက အစာဝရင်ငြိမ်သက်နေတာလေ။ သူတို့မှာအစာချက်ဖို့လုံလောက်တဲ့ အစာအိမ်အက်ဆစ်မရှိဘူး။ ဘိန်းကျွေးလို့ဘိန်းမူးနေတဲ့မြွေဟာ လူကိုဘယ်အန္တရာယ်ပြုပါ့မလဲ။ ဂေါပကတွေကပြောသေးတယ် (သူတော်စင်မြွေ) တဲ့။

ဟုတ်ပြီသူတော်စင်မြွေဆိုရင် သက်သက်လွတ်ကျွေးကြည့်ပါ။ တစ်ပတ်တစ်ခါ ဥပုသ်စောင့်ခိုင်းပါ။ တစ်လလောက် အစာမကျွေးပဲထားပြီး ဂေါပကကိုယ်တိုင် မြွေလှောင်အိမ်ထဲ ဝင်ထိုင်နေပါ။ ကျွန်တော်မယုံကြည်လို့ အပြစ်တင်ခြင်းမဟုတ်ပါဘူး။ လွဲနေတဲ့ဘာသာရေးအသိကို တည့်မတ်စေချင်တာပါ။

တကယ်လိုအပ်နေတဲ့ ဘာသာရေးသာသနိက အဆောက်အုံတွေအများကြီးပါ။ မြွေဆိုတဲ့နိမ့်ကျတဲ့တိရိစ္ဆာန်ကို ကန်တော့မယ့်အစား ရွှေစည်းခုံ၊ မိထ္ထီလာကန်၊ တန့်ကြည်တောင် သမိုင်းတွေထဲပါတဲ့ လူကောင်းတွေကို ကူညီတတ်တဲ့ဘီလူး၊ သဘက်တွေကို ကန်တော့တာမှတော်သေး။

မြွေအကောင်ကြီးလို့ကန်တော့မယ်ဆို တောင်အမေရိကဖက်က အမေဇုန်မြစ်က အန်နာကွန်ဒါမြွေကြီးတွေကို You Tube မှာရှာကြည့်။ မြန်မာပြည်မှာသာ အန်နာကွန်ဒါမြွေကြီးတွေ တွေ့ခဲ့ရင်မြန်မာလူမျိုးတွေ ထွက်မပြေးပဲ ထိုင်ကန်တော့ကြမယ်ထင်တယ်။

လူတွေလုပ်မှ အကြောက်တရားကို ဘာသာတရားထဲ ဇွတ်သွင်းနေသလိုပဲ။ ကျွန်တော်ကတော့ အဟိတ်တိရိစ္ဆာန်လည်း မကန်တော့နိုင်သလို အေးချမ်းချင်လို့ ဘုရားသွားတာ အေးအေးချမ်းချမ်းပဲဖြစ်ချင်တယ်။ ဒါကြောင့်သူများပါးစပ်ဖျားမှာ လမ်းမဆုံးပဲ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားချင့်ချိန်ရမယ်။ တရားများများနာ စာများများဖတ်၊ ဒါမှအလိမ်မခံရမှာ

crd

Zawgyi

အမေတာ္ “သုစိတ” ၊ ေမာင္ေတာ္ “နႏၵ” အပိုင္စားရတဲ့ မင္းဘူးကနဂါးပြက္အိုင္။ တကယ္ေတာ့ေဂါပကေတြေရာ အဲ့ဒီလာတဲ့နဂါးကို လာဖူးၾကတဲ့သူေတြပါ ပထဝီသင္ခဲ့ၾကမွာပါ။ ငါးတန္းေျခာကမတန္းေလာက္ဆို မီးေတာင္အေၾကာင္းစာသင္ေနရၿပီ။

႐ႊံ႕မီးေတာင္၊ မီးေတာင္ေသ၊ မီးေတာင္ၿငိမ္း သင္ဖူးၾကမွာပါ။ အခုလို႐ႊံ႕မီးေတာင္အေပါက္ဝထဲကို ႏြားႏို႔နဲ႔ၾကက္ဥေတြပစ္ထည့္ၾကတယ္။ အေမႊးတိုင္ေပါင္း ေသာင္းခ်ီပူေဇာ္ၾကတယ္။ အဲ့ဒီႏြားႏို႔နဲ႔ၾကက္ဥေတြကိုသာ မိဘမဲ့ေဂဟာက ကေလးေတြကို တိုက္ေကြၽးမယ္ဆို ေတာ္႐ုံေဂဟာတစ္ခုေတာ့ ေန႔စဥ္အာဟာရမပူရေတာ့ဘူး။

သူတစ္ပါးယုံၾကည္မႈကို ကဲ့ရဲ႕တာမဟုတ္ပါဘူး။ ဆုံးရႈံးသြားတဲ့အလႉေငြကို လိုအပ္တဲ့ေနရာေရာက္ေစခ်င္တာပါ။ ေနာက္တစ္ခ်က္က ဒါဟာဘူမိေဗဒပညာရွင္ေတြအတြက္ အဖိုးမျဖတ္ႏိုင္တဲ့ ေလ့လာေရးစခန္းျဖစ္ႏိုင္တယ္။ အဲ့ဒီမီးေတာင္ကို စနစ္တက်ေလ့လာရင္ ဘယ္လိုအဖိုးတန္ဓါတ္ေငြ႕ေတြထြက္ႏိုင္မလဲ။ ဘယ္လိုအက်ိဳးေက်းဇူးရွိမလဲ သိခြင့္ရလာမယ္။

သူတို႔ကိုေစာ္ကားျခင္းထက္ ကြၽန္ေတာ္ကေတာ့ႏွေမ်ာတယ္။ ခ်ီလီနဲ႔အာဂ်င္တီးနားက မီးေတာင္ေသေတြ၊ ႐ႊံ႕မီးေတာင္ေတြ၊ မီးေတာင္ရွင္ေတြသာ ျမန္မာျပည္ေရာက္ခဲ့ရင္ ကိုးေထာင္ေလာက္ေစတီတည္ၿပီး နတ္နဂါးပုံျပင္တစ္ခုခုနဲ႔ဇာတ္သြင္း ဖင္ဘူးေထာင္ဦးခ်ၿပီး ႏြားႏို႔နဲ႔ၾကက္ဥေတြပစ္ထည့္ဦးမယ္ထင္တယ္။

ပုပၸါးကမယ္ဝဏၰဆို သထုံကေနနန္းမႈေရးရာစိတ္ကုန္လို႔ တရားအားထုတ္ဖို႔လာတဲ့ သထုံဘုရင္မႏူဟာရဲ႕ညီမ လူစစ္စစ္ပါ။ သူတို႔နဲ႔ေတြ႕မွ ပန္းစားဘီလူးမဆိုၿပီး အစြယ္ေပါက္ရရွာတယ္။ အပါယ္ေလးဘုံစာရင္းဝင္ တိရိစာၦန္ကို ကန္ေတာ့ေနရတဲ့ အယူလြဲ logic ။

ျမန္မာျပည္အႏွံ႔အျပားမွာ ေႁမြရွင္ဘုရား ဘယ္ႏွစ္ဆူရွိလည္းေတာ့မသိဘူး။ ကြၽန္ေတာ္ေရာက္ဖူးတဲ့ ဘုရားေတြက ပုလိပ္၊ သုံးေတာင္၊ စစ္ကိုင္းမွာရွိတဲ့ေႁမြဘုရားသုံးဆူေရာက္ဖူးတယ္။ ေႁမြဆိုတာအပါယ္ေလးဘုံစာရင္းဝင္ တိရိစာၦန္ပဲ။ နိမ့္က်တဲ့တိရိစာၦန္ကို ျမင့္ျမတ္တဲ့ဗုဒၶဆင္းတုနဲ႔တြဲၿပီး ပူေဇာ္ေနၾကတဲ့ကြၽန္ေတာ္တို႔ျမန္မာေတြ။

နတ္ေႁမြ၊ အိပ္မက္စတဲ့ပါးစပ္ရာဇဝင္နဲ႔ ၿဖဲေျခာက္ၿပီး ဗုဒၶဘာသာဝင္ေတြက နိမ့္က်တဲ့တိရိစာၦန္ကို ဖင္ဘူးေထာင္ကန္ေတာ့ေနရတယ္။ အံမယ္အဲ့ဒီေႁမြစာအတြက္ လစဥ္အလႉရွင္ဆို အလုအယက္ဗ်။

စပါးႀကီး၊ စပါးအုံးေႁမြဆိုတာမ်ိဳးက အစာဝရင္ၿငိမ္သက္ေနတာေလ။ သူတို႔မွာအစာခ်က္ဖို႔လုံေလာက္တဲ့ အစာအိမ္အက္ဆစ္မရွိဘူး။ ဘိန္းေကြၽးလို႔ဘိန္းမူးေနတဲ့ေႁမြဟာ လူကိုဘယ္အႏၲရာယ္ျပဳပါ့မလဲ။ ေဂါပကေတြကေျပာေသးတယ္ (သူေတာ္စင္ေႁမြ) တဲ့။

ဟုတ္ၿပီသူေတာ္စင္ေႁမြဆိုရင္ သက္သက္လြတ္ေကြၽးၾကည့္ပါ။ တစ္ပတ္တစ္ခါ ဥပုသ္ေစာင့္ခိုင္းပါ။ တစ္လေလာက္ အစာမေကြၽးပဲထားၿပီး ေဂါပကကိုယ္တိုင္ ေႁမြေလွာင္အိမ္ထဲ ဝင္ထိုင္ေနပါ။ ကြၽန္ေတာ္မယုံၾကည္လို႔ အျပစ္တင္ျခင္းမဟုတ္ပါဘူး။ လြဲေနတဲ့ဘာသာေရးအသိကို တည့္မတ္ေစခ်င္တာပါ။

တကယ္လိုအပ္ေနတဲ့ ဘာသာေရးသာသနိက အေဆာက္အုံေတြအမ်ားႀကီးပါ။ ေႁမြဆိုတဲ့နိမ့္က်တဲ့တိရိစာၦန္ကို ကန္ေတာ့မယ့္အစား ေ႐ႊစည္းခုံ၊ မိထၳီလာကန္၊ တန္႔ၾကည္ေတာင္ သမိုင္းေတြထဲပါတဲ့ လူေကာင္းေတြကို ကူညီတတ္တဲ့ဘီလူး၊ သဘက္ေတြကို ကန္ေတာ့တာမွေတာ္ေသး။

ေႁမြအေကာင္ႀကီးလို႔ကန္ေတာ့မယ္ဆို ေတာင္အေမရိကဖက္က အေမဇုန္ျမစ္က အန္နာကြန္ဒါေႁမြႀကီးေတြကို You Tube မွာရွာၾကည့္။ ျမန္မာျပည္မွာသာ အန္နာကြန္ဒါေႁမြႀကီးေတြ ေတြ႕ခဲ့ရင္ျမန္မာလူမ်ိဳးေတြ ထြက္မေျပးပဲ ထိုင္ကန္ေတာ့ၾကမယ္ထင္တယ္။

လူေတြလုပ္မွ အေၾကာက္တရားကို ဘာသာတရားထဲ ဇြတ္သြင္းေနသလိုပဲ။ ကြၽန္ေတာ္ကေတာ့ အဟိတ္တိရိစာၦန္လည္း မကန္ေတာ့ႏိုင္သလို ေအးခ်မ္းခ်င္လို႔ ဘုရားသြားတာ ေအးေအးခ်မ္းခ်မ္းပဲျဖစ္ခ်င္တယ္။ ဒါေၾကာင့္သူမ်ားပါးစပ္ဖ်ားမွာ လမ္းမဆုံးပဲ ကိုယ္ပိုင္ဉာဏ္နဲ႔ စဥ္းစားခ်င့္ခ်ိန္ရမယ္။ တရားမ်ားမ်ားနာ စာမ်ားမ်ားဖတ္၊ ဒါမွအလိမ္မခံရမွာ

crd

Leave a Reply

Your email address will not be published.