News
တိုင်းရင်းဆေးကို သုံးပြီး ကိုဗစ်ကာကွယ်ကုသနိုင်ဖို့ တိုးတက်လာပြီလို့ စစ်ကောင်စီဥက္ကဌပြော
မြန်မာတိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသနိုင်ဖို့အတွက် တိုးတက်မှုတွေရှိနေပြီလို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အကြိမ် (၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ”ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့ပြောကြားတဲ့ အမှာစကားမှာ ယခုလို ပြောကြားထားတာ ဖြစ်ပါတယ်။
တိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်ဖို့အတွက် သုတေသန ဆောင်ရွက်လျက်ရှိတဲ့ နေရာမှာ တိုးတက်မှုတွေ ရရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီလိုသုတေသန ပြုလုပ်ပြီး တိကျခိုင်မာတဲ့ အချက်အလက်တွေ ပေါ်ထွက်လာခဲ့ရင် တိုင်းရင်းဆေးကို အသုံးပြုပြီး ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ကုသနိုင်မှာဖြစ်ပြီး မိမိတို့ပြည်သူများအတွက် များစွာအကျိုးရှိမှာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။
hihihihihihihihihi
this is test
ယင်းအပြင် မိမိတို့နိုင်ငံရဲ့ တိုင်းရင်းဆေးပညာရပ်နဲ့ တိုင်းရင်းဆေးဝါးထုတ်ကုန်များ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရေးအတွက် တိကျခိုင်မာတဲ့၊ သုတေသနပြုထားတဲ့ အချက်အလက်တွေ ပိုမိုရရှိဖို့အတွက်ကိုလည်း တိုင်းရင်းဆေးပညာရှင်ကြီးများ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ၎င်းက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုး မြန်မာနိုင်ငံကို စတင်ရောက်ရှိချိန်မှစပြီး ဆေးသုတေသန ဦးစီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇ အစီအစဉ်တစ်ခုလုံးကို လေ့လာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ယခုအခါ ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းအပြင် ကိုဗစ်-၁၉ ရောဂါပိုးရဲ့ မျိုးရိုးဗီဇပြောင်းလဲမှု အဆင့်ဆင့်ကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့် စစ်ဆေးမှတ်တမ်း တင်ထားနိုင်ခဲ့ပြီး
ယခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲအိုမီခရွန်နဲ့ ပတ်သက်လို့လည်း ပိုမိုသိရှိနိုင်ဖို့အတွက် သုတေသနပညာရှင်များ အနေနဲ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိတယ်လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
PPT
PPT
Leave a Reply
Your email address will not be published.