အလွမယ္သ႐ုပ္ေဆာင္ သင္းသင္း ေနအိမ္မွာ ဖမ္းဆီးခံရျခင္းေနာက္ကြယ္

News

ပရိတ်သတ်ကြီးရေ လွန်ခဲ့တဲ့ နှစ်တွေက အလှမယ်သင်းသင်းဟာ ဝေဠုကျော်နဲ့ ဟန်ငြိမ်းဦး ကို တရားရုံးမှာ တရားစွဲဆိုထားပါတယ်၊ အမှုဟာ မပြီးပြတ်သေးဘဲ အခုတော့ တရားလိုသင်းသင်းကို စကစတွေ ဖမ်းဆီးသွားပါတယ်

ဝေဠုကျော်ကတော့ ယမန်နေ့မှာဘဲ လက်ထပ်သွားခဲ့ပြီဘဲဖြစ်ပါတယ်၊ ဟန်ငြိမ်းဦးကတော့ လက်ရှိ စစ်ကောင်စီရဲ့ အကြီးဆုံး ဒလန်သတင်းပေးအဖြစ် လုပ်ကိုင်နေပါတယ်

အလှမယ်သရုပ်ဆောင် သင်းသင်းကို မနေ့ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့၊ တာမွေ၊ မေတ္တာညွန့်ရပ်ကွက်မှာရှိတဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်

မနေ့ဖေဖော်ဝါရီ ၂၂ ရက်ညပိုင်းက သူ့နေအိမ်ရှေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်တွေ၊ ရဲတပ်ဖွဲ့တွေပေါင်းပြီး ဧည့်စာရင်းစစ်မယ် ဆိုပြီး နေအိမ်တံခါးဖွင့်ခိုင်းနေတာကိုလည်း သရုပ်ဆောင်သင်းသင်းက သူရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် တိုက်ရိုက် လိုက်ဖ်လွှင့်ခဲ့ပါတယ်

hihihihihihihihihi

this is test

ဧည့်စာရင်းစစ်မယ်ဆိုပြီးပြောဆိုတာကြောင့် တံခါးဖွင့်ပေးလိုက်ချိန်မှာ စစ်ကောင်စီတပ်တွေက သရုပ်ဆောင်သင်းသင်းဆီက ဖုန်းကိုလုယူပြီးဖမ်းဆီးသွားတာကိုလည်း သူရဲ့ဗီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်

ဒါ့အပြင် သရုပ်ဆောင်သင်းသင်းရဲ့နေအိမ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လတုန်းကလည်း အရပ်ဝတ်နဲ့စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး သူ့ကို ရိုက်နှက်သွားတယ်လို့လည်း သင်းသင်းက လိုက်ဖ်ဗီဒီယိုမှာ ထည့်သွင်းပြောသွားတာကိုတွေ့ရပါတယ်

အခုလို အမျိုးသမီးတစ်ဦးကိုနေအိမ်မှာ ရဲမေ မပါဘဲ အင်အားသုံးဖမ်းဆီးသွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ သရုပ်ဆောင်သင်းသင်းကိုဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး

ပရိတ္သတ္ႀကီးေရ လြန္ခဲ့တဲ့ ႏွစ္ေတြက အလွမယ္သင္းသင္းဟာ ေဝဠဳေက်ာ္နဲ႔ ဟန္ၿငိမ္းဦး ကို တရား႐ုံးမွာ တရားစြဲဆိုထားပါတယ္၊ အမႈဟာ မၿပီးျပတ္ေသးဘဲ အခုေတာ့ တရားလိုသင္းသင္းကို စကစေတြ ဖမ္းဆီးသြားပါတယ္

ေဝဠဳေက်ာ္ကေတာ့ ယမန္ေန႔မွာဘဲ လက္ထပ္သြားခဲ့ၿပီဘဲျဖစ္ပါတယ္၊ ဟန္ၿငိမ္းဦးကေတာ့ လက္ရွိ စစ္ေကာင္စီရဲ့ အႀကီးဆုံး ဒလန္သတင္းေပးအျဖစ္ လုပ္ကိုင္ေနပါတယ္

အလွမယ္သ႐ုပ္ေဆာင္ သင္းသင္းကို မေန႔ေဖေဖာ္ဝါရီ ၂၂ ရက္က ရန္ကုန္ၿမိဳ႕၊ တာေမြ၊ ေမတၱာညြန႔္ရပ္ကြက္မွာရွိတဲ့ေနအိမ္မွာ လာေရာက္ဖမ္းဆီးသြားပါတယ္

မေန႔ေဖေဖာ္ဝါရီ ၂၂ ရက္ညပိုင္းက သူ႔ေနအိမ္ေရွ႕မွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ စစ္ေကာင္စီတပ္ေတြ၊ ရဲတပ္ဖြဲ႕ေတြေပါင္းၿပီး ဧည့္စာရင္းစစ္မယ္ ဆိုၿပီး ေနအိမ္တံခါးဖြင့္ခိုင္းေနတာကိုလည္း သ႐ုပ္ေဆာင္သင္းသင္းက သူရဲ့လူမႈကြန္ရက္စာမ်က္ႏွာကတဆင့္ တိုက္ရိုက္ လိုက္ဖ္လႊင့္ခဲ့ပါတယ္

ဧည့္စာရင္းစစ္မယ္ဆိုၿပီးေျပာဆိုတာေၾကာင့္ တံခါးဖြင့္ေပးလိုက္ခ်ိန္မွာ စစ္ေကာင္စီတပ္ေတြက သ႐ုပ္ေဆာင္သင္းသင္းဆီက ဖုန္းကိုလုယူၿပီးဖမ္းဆီးသြားတာကိုလည္း သူရဲ့ဗီဒီယိုမွာ ျမင္ေတြ႕ခဲ့ရပါတယ္

ဒါ့အျပင္ သ႐ုပ္ေဆာင္သင္းသင္းရဲ့ေနအိမ္ကို ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ဇူလိုင္လတုန္းကလည္း အရပ္ဝတ္နဲ႔စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ၿပီး သူ႔ကို ရိုက္ႏွက္သြားတယ္လို႔လည္း သင္းသင္းက လိုက္ဖ္ဗီဒီယိုမွာ ထည့္သြင္းေျပာသြားတာကိုေတြ႕ရပါတယ္

အခုလို အမ်ိဳးသမီးတစ္ဦးကိုေနအိမ္မွာ ရဲေမ မပါဘဲ အင္အားသုံးဖမ္းဆီးသြားတဲ့ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီးလည္း ေဝဖန္မႈေတြရွိခဲ့ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ သ႐ုပ္ေဆာင္သင္းသင္းကိုဖမ္းဆီးသြားတာနဲ႔ပတ္သက္ၿပီး သတင္းထုတ္ျပန္လာတာမရွိေသးပါဘူး

crd

Leave a Reply

Your email address will not be published.