
News






hihihihihihihihihi

this is test















𝓣𝓱𝓮𝓽 𝓜𝓪𝓾𝓷𝓰

Unicode

ယူကရိန်းကို ရုရှား ဒုံးကျည် အမြောက်များဖြင့် တိုက်ခိုက်သည့်(ရုပ်သံ)
ရုရှား၏ လုပ်ရပ်ကို ဝင်ရောက် စွက်ဖက်ရန် ကြိုးပမ်းမှု မှန်သမျှသည် သမိုင်းတွင် မမြင်ဖူးသော အကျိုးဆက်များဆီသို့ ဦးတည် သွားမည်ဟု ပူတင် ခြိမ်းခြောက်


ယူကရိန်းလေတပ်စခန်းများနှင့် အခြားစစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ရုရှားစစ်တပ်က ပြောကြားသော်လည်း

လူနေထူထပ်သည့်နေရာများကို ပစ်မှတ်ထားခြင်း မရှိသေးဟု သိရသည်…..

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းမှာ စစ်ရေးအရ စစ်ဆင်ရေးတစ်ခု ဆင်နွှဲနေတယ်လို့ ပြတ်ပြတ်သားသား ကြေညာခဲ့ပြီးနောက် ရုရှား၏ လုပ်ရပ်ကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုမှန်သမျှသည်


သမိုင်းတွင် မမြင်ဖူးသော အကျိုးဆက်များဆီသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ပူတင်က အခြားနိုင်ငံများကို သတိပေးထားသည်….

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားကို ကမ္ဘာက “တာဝန်ယူမည်” ဟု ပြောကြားပြီး NATO ၏ အကြီးအကဲက ရုရှား၏ လုပ်ရပ်သည်

နိုင်ငံတကာဥပဒေကို ချိုးဖောက်ကာ ဥရောပနှင့် ၎င်း၏ အတ္တလန္တိတ် မဟာမိတ်များ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်……


ပူတင်၏ ကြေငြာချက်မထုတ်ပြန်မီတွင် ကမ္ဘာ့ခေါင်းဆောင်များသည် စည်းလုံးညီညွတ်သော ရပ်တည်ချက်ကို ထိန်းသိမ်းရန် လုပ်ဆောင်ခဲ့ပြီး အပြည့်အ၀ ကျူးကျော်ဝင်ရောက်လာပါက ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဟု ကတိပြုခဲ့သည်……..

ယခု ပူတင် ၏ ခြိမ်းခြောက်ပြောဆိုမှု့သည် အနောက်အုပ်စုအား နူးကလီးယား စစ်ပွဲအတွက်ရည်ညွှန်းပြောဆိုသည်ဟု ဝေဖန်သူတစ်ချို့က သုးံသပ်ထားပါတယ်……..

ယခုတင်ပဲ ယူကရိန်းသမ္မတက ရုရှားသည် နိုင်ငံတစ်ဝှမ်းရှိ စစ်စခန်းများကို တိုက်ခိုက်နေသည်ဟု သမ္မတ Zelensky က ပြောကြားခဲ့သည်……


ယူကရိန်းသည် ၎င်း၏ကိုယ်ပိုင် ခံစစ်အစီအမံများကို စတင်လုပ်ဆောင်နေသည်ဟု သိရသည်……

သမ္မတ က ယူကရိန်းနိုင်ငံသားတွေကို အေးအေးဆေးဆေးနေပြီး အိမ်မှာပဲနေဖို့ တိုက်တွန်းထားပါတယ်……

သမ္မတ ဘိုင်ဒန်နဲ့ စကားပြောဆိုခဲ့တဲ့ အကြောင်းလည်းပြောဆိုသွားပါတယ်……


𝓣𝓱𝓮𝓽 𝓜𝓪𝓾𝓷𝓰

Leave a Reply

Your email address will not be published.