ဒီနေ့မှာဘဲ စစ်ကောင်စီ စစ်သံမှူး ဗိုလ်မှူးချုပ်နဲ့ သူ့လက်အောက်ကလူ ၄ ယောက် ထွက်ခွါသွားရပါပြီ

News




ဘာလင်မြို့အခြေစိုက် စစ်ကောင်စီစစ်သံရုံးကို ၂၀၁၆ခုနှစ် ၂၀၁၇ခုနှစ်ပတ်ဝန်းကျင်က စတင်အခြေစိုက်ခဲ့တာလို့ German Solidarity with Myanmar Democracy e.V.အဖွဲ့ဝင် တစ်ယောက်ကပြောပါတယ် Credit-BVJ

hihihihihihihihihi

this is test

ဂျာမနီနိုင်ငံအခြေစိုက် စစ်ကောင်စီရဲ့စစ်သံရုံး ပြန်ရုပ်သိမ်းရပြီ BVJ-ဖေဖော်ဝါရီ၂၄၊၂၀၂၂ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာရုံးစိုက်တဲ့ စစ်ကောင်စီ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ကျော်မိုးနဲ့ သူ့လက်အောက်ကလူ ၄ ဦး ဒီနေ့ ‌‌‌‌‌‌‌ဖေဖော်ဝါရီ ၂၄ရက်နေ့မှာ ဂျာမနီနိုင်ငံက ထွက်ခွါသွားရပါပြီ

ဂျာမန်အစိုးရက သူတို့ကို ဗီဇာသက်တမ်းတိုးမပေးတော့တာကြောင့် ဆက်နေခွင့်မရတော့ဘဲ စစ်သံရုံးပါ ရုပ်သိမ်းလိုက်ရတာဖြစ်ပါတယ် စစ်ကောင်စီ စစ်သံရုံးဂျာမနီနိုင်ငံက ရုပ်သိမ်းသွားပြီဆိုတဲ့သတင်းကို ဂျာမနီနိုင်ငံ ကိုလုံးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအောင်သူကလည်း Burma VJ ကိုအတည်ပြုပါတယ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်သံရုံးတွေရုပ်သိမ်းဖို့ နိုင်ငံအချို့မှာလှုပ်ရှားမှုတွေရှိခဲ့ပြီး စစ်သံရုံးရုပ်ရသိမ်းရတာ ဂျာမနီက ပထမဆုံးဖြစ်ပါတယ်ဂျာမနီက စစ်ကောင်စီ စစ်သံရုံးရုပ်သိမ်းသွားဖို့အတွက်

German Solidarity with Myanmar Democracy e.V.အဖွဲ့က ဦးဆောင်လှုပ်ရှားခဲ့တာဖြစ်ပြီး ၁၂လတာကာလအတွင်း စစ်သံရုံးရှေ့ဆန္ဒဖော်ထုတ်တာ၊ ဂျာမနီနိုင်ငံလွှတ်တော်တွေက ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေ ကိုတိုက်တွန်းတာနဲ့ မီဒီယာတွေကတဆင့်ဖိအားပေးတာတွေပါလုပ်ခဲ့ကြပါတယ်ဒါ့အပြင် ဂျာမနီနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ စစ်သံမှူးရဲ့ နေအိမ်ရှေ့မှာလည်း အကြိမ်ကြိမ်ဆန္ဒပြခဲ့ကြပါတယ်

ဘာလင်မြို့အခြေစိုက် စစ်ကောင်စီစစ်သံရုံးကို ၂၀၁၆ခုနှစ် ၂၀၁ရခုနှစ်ပတ်ဝန်းကျင်က စတင်အခြေစိုက်ခဲ့တာလို့ German Solidarity with Myanmar Democracy e.V.အဖွဲ့ဝင် တစ်ယောက်ကပြောပါတယ် Credit-BVJ

Leave a Reply

Your email address will not be published.