ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း NUG ထုတ်ပြန်

International News

ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း NUG ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ရုရှနိုင်ငံ၏ ယူကရိန်းနိုင်ငံအား ကျူးကျော်စစ်ကို ရှုတ် ချပြီး ယူကရိန်းပြည်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း ယနေ့ညတွင် ယင်းနိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

ယမန်နေ့က ရုရှသည် ယူကရိန်းအား စစ်ကြေညာပြီးနောက် ကျူးကျော်စစ်ပြုနေခြင်းဖြစ်ကာ ယင်းအတွက်ကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အမြောက်အမြားရှိနေကာ ဖမ်းဆီးထိန်းသိမ်းခံရသူ ထောင်ချီရှိနေပြီသည်။

hihihihihihihihihi

this is test

ရုရှ၏ ယူကရိန်းမြေပေါ် ကျူးကျော်စစ်သည် ကုလ သမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယူကရိန်း၏ နယ်နမိတ်တည်တံ့ခိုင်မြဲမှု၊ လွတ်လပ်မှုနှင့် အချုပ် အခြာအာဏာတို့ကို လေးစားရန် မြန်မာက တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အချုပ်အခြာပိုင် နိုင်ငံတခု ကိုကျူးကျော်ခြင်းသည် ကုလသမဂ္ဂ ပဋိညာဥ်ပါ ပြဌာန်းချက်များကို ချိုးဖေါက်ခြင်းဖြစ်ပြီး (၂၁) ရာစု ကမ္ဘာ အတွက် ကောင်းမွန်သည့် နမူနာ တရပ်မဟုတ်ပါ။ ထို့အပြင် ကမ္ဘာငြိမ်းချမ်းရေး ၊ လုံခြုံရေး နှင့် လူသားဖွံ့ဖြိုး တိုးတက်မှုကို ကြီးစွာသော အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း နှင့်

မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်” ဟု NUG က ဆိုသည်။
ရုရှ၏ ယူကရိန်းမြေပေါ် ကျူးကျော်စစ်သည် ရုရှနိုင်ငံ၏ အချုပ်အခြာတည်တံ့ရန် လုပ်ဆောင်ခြင်းဖြစ်သဖြင့် ထောက်ခံကြောင်း စစ်ကောင်စီက ယမန်နေ့က ထုတ် ဖော်ပြောကြားထားသည် ။

crd – Burma Associated Press

ယူကရိန္းနဲ႔အတူ ရပ္တည္ေၾကာင္း NUG ထုတ္ျပန္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၅

အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG အေနျဖင့္ ႐ုရွနိုင္ငံ၏ ယူကရိန္းနိုင္ငံအား က်ဴးေက်ာ္စစ္ကို ရႈတ္ ခ်ၿပီး ယူကရိန္းျပည္သူမ်ားႏွင့္ စည္းလုံးညီညြတ္စြာ ရပ္တည္လ်က္ရွိေၾကာင္း ယေန႔ညတြင္ ယင္းနိုင္ငံျခားေရးဝန္ ႀကီးဌာနက ထုတ္ျပန္သည္။

ယမန္ေန႔က ႐ုရွသည္ ယူကရိန္းအား စစ္ေၾကညာၿပီးေနာက္ က်ဴးေက်ာ္စစ္ျပဳေနျခင္းျဖစ္ကာ ယင္းအတြက္ေၾကာင့္ ေသဆုံးသူႏွင့္ ဒဏ္ရာရရွိသူ အေျမာက္အျမားရွိေနကာ ဖမ္းဆီးထိန္းသိမ္းခံရသူ ေထာင္ခ်ီရွိေနၿပီသည္။

႐ုရွ၏ ယူကရိန္းေျမေပၚ က်ဴးေက်ာ္စစ္သည္ ကုလ သမဂၢ ပဋိညာဥ္စာတမ္းႏွင့္ နိုင္ငံတကာဥပေဒမ်ားကို ထင္ရွားစြာ ခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္း၊ ယူကရိန္း၏ နယ္နမိတ္တည္တံ့ခိုင္ျမဲမႈ၊ လြတ္လပ္မႈႏွင့္ အခ်ဳပ္ အျခာအာဏာတို႔ကို ေလးစားရန္ ျမန္မာက ေတာင္းဆိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ ဆိုထားသည္။

အခ်ဳပ္အျခာပိုင္ နိုင္ငံတခု ကိုက်ဴးေက်ာ္ျခင္းသည္ ကုလသမဂၢ ပဋိညာဥ္ပါ ျပဌာန္းခ်က္မ်ားကို ခ်ိဳးေဖါက္ျခင္းျဖစ္ၿပီး (၂၁) ရာစု ကမၻာ အတြက္ ေကာင္းမြန္သည့္ နမူနာ တရပ္မဟုတ္ပါ။ ထို႔အျပင္ ကမၻာၿငိမ္းခ်မ္းေရး ၊ လုံျခဳံေရး ႏွင့္ လူသားဖြံ့ၿဖိဳး တိုးတက္မႈကို ႀကီးစြာေသာ အဟန္႔အတားျဖစ္ေစမည္ျဖစ္ေၾကာင္း ႏွင့္

ျမန္မာနိုင္ငံသည္ ယူကရိန္းျပည္သူမ်ားႏွင့္ စည္းလုံးညီညြတ္စြာ ရပ္တည္လ်က္ရွိေၾကာင္း ထုတ္ျပန္အပ္ပါသည္” ဟု NUG က ဆိုသည္။
႐ုရွ၏ ယူကရိန္းေျမေပၚ က်ဴးေက်ာ္စစ္သည္ ႐ုရွနိုင္ငံ၏ အခ်ဳပ္အျခာတည္တံ့ရန္ လုပ္ေဆာင္ျခင္းျဖစ္သျဖင့္ ေထာက္ခံေၾကာင္း စစ္ေကာင္စီက ယမန္ေန႔က ထုတ္ ေဖာ္ေျပာၾကားထားသည္ ။

crd – Burma Associated Press

Leave a Reply

Your email address will not be published.