အရင်ထက်ပိုပြီးသတိထားပါ အားစိုက်ပါ

News

အရင်ထက်ပိုပြီးသတိထားပါ အားစိုက်ပါ

အာဏာလုအကြမ်းဖက်စစ်အုပ်စုရဲ့ခေါင်းဆောင်တွေဟာအနိမ့်ဆုံးစာရိတ္တနဲ့စိတ်ယုတ်မာသွင်းပေးထားတဲ့သူတို့တပ်ကို စိတ်တိုင်းကျ ယုတ်မာခွင့်ပေးတဲ့နည်းနဲ့ စစ်ကြောင်းမှာတက်ကြွနေအောင်ဖန်တီးပေးထားပြီ……

နောက်ပြီး ရိက္ခာနဲ့အခြားထောက်ပံ့မှုတွေကို သူတို့ပေးစရာမလိုပဲ ငါးကြင်းဆီနဲ့ငါးကြင်းကြော်ဆိုတာလို“ ပြည်သူ့ဥစ္စာ တပ်ဘဏ္ဍာ “ပုံစံမျိုးနဲ့သွားနိုင်အောင် သူ့တပ်ဖွဲ့ဝင်တွေကို ရောက်တဲ့မြို့ရွာမှာ ရွှေ၊ ငွေ၊ အသုံးဆောင် ကြိုက်တဲ့ ပစ္စည်းဥစ္စာလုယူ၊ တိုက်ယူခွင့်ပေးထားတယ်……

 

hihihihihihihihihi

this is test

ဘယ်မြို့နယ်မှာစစ်ထွက်ရမယ် အဲဒီမှာရှိတဲ့ ရွှေ၊ ငွေ၊ ပစ္စည်းဥစ္စာ နောက်ပြီး “ မိန်းမ “ မင်းတို့ကြိုက်တာယူကြဆိုတဲ့ ဝံပုလွေစစ်ဆင်ရေးနဲ့သွားနေတယ်…….

ပြည်သူတွေလည်းသတိထားကြပါ ငါတို့ကအစိမ်းပါ အဝါပါ အပြာပါ မလုပ်နဲ့ ဒီကောင်တွေလာရင် လွတ်ရာနေပါ ……..

ခွေးရူးတွေဟာ ကျွေးမွေးလာတဲ့သခင်မှန်းလည်းမသိ ချစ်သူ မုန်းသူရယ်မခွဲခြား ကိုက်ဖို့ပဲမာန်ဖီထားသလို ဒီကောင်တွေဟာလည်း အဲလိုပဲ တွေ့ရာကိုယုတ်မာကြလိမ့်မယ်ဆိုတာသိထားပါ……

သတင်းကိုမပြတ်နားစွင့်ပါ တန်ဖိုးကြီးသယ်ရလွယ်သည့်ပစ္စည်းများကိုအရန်သင့်ထားပါ၊ ဒီစစ်တပ်လာပြီဆိုတာနဲ့ ယူပြီး လွတ်ရာထွက်ပါ သန်မာပါလျက်နဲ့ မထွက်မရှောင်သူ၊ နေရစ်တဲ့သူကတော့ ဒီကောင်တွေစော်ကားတာကိုမကြောက်၍ သို့မဟုတ် ကြိုက်၍ လို့သာမှတ်ယူစရာရှိတယ်……

မြို့ကြီးတွေမှာတော့မပြောလိုဘူး နယ်မြို့ရွာတွေမှာ သူခိုး ဓါးပြရန်သိပ်မပူပါနဲ့ ဖြစ်ခဲလိမ့်မယ် PDF တွေကအပြည့်အဝနီးပါးကာကွယ်နိုင်တယ် ဒီကောင်တွေရန်ကိုတော့ အပြည့်ဝကာကွယ်ဖို့ အများကြီးအားဖြည့်ရလိမ့်အုံးမယ် ဒါကြောင့်ဒီစစ်အုပ်စုလာရင်လွတ်ရာရှောင်ပါ……

PDF ကမခိုးဘူး၊ မလုဘူး၊ မသတ်ဘူး၊ ပြည်သူ့သမီးတွေကို မုဒိမ်းမကျင့်ဘူး၊ စုန်းပြူးပါလို့ ကျူးလွန်လာရင် ခေါင်းဆောင်တွေနဲ့ အဖွဲ့စည်းက ပြင်းပြင်းထန်ထန်အပြစ်ပေးတယ်…….

အာဏာလုအကြမ်းဖက်စစ်အုပ်စုကတော့ အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေကိုယ်တိုင်က ခိုင်းစေထားမှန်း အပြစ်ကိုမသိကျိုးကျွံပြုဖုန်းကွယ်ပေးထားမှန်း သိသာနေတယ်……

အဲဒါကြောင့် ဒီကရှေ့ ပြည်သူနဲ့ ပြည်သူ့တော်လှန်ရေးတပ်သားတွေ အရင်ကထက်ပိုပြီး သတိထား တော်လှန်ရေးကိုအားစိုက်ကြပါ……

အဆုံးသတ်ပန်းတိုင်ဟာ နှစ်ဖက်ပြိုင်လုနေရတယ်ဆိုပေမယ့် ကျွန်ုပ်တို့ ခေါင်းဆောင်တွေက အေးဆေးတည်ငြိမ်သလောက် တဖက်ကတော့ ခေါင်းဆောင်ရောနောက်လိုက်ပါ ကောက်ကျစ်တဲ့နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန်အားထုတ်လာနေကြပြီ……

ဒါကြောင့်ပြည်သူတွေကပဲ ပိုပြီးသတိထားကြပါ တော်လှန်ရေးအတွက်အားစိုက်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်…….

#ဗိုလ်နဂါး
#မြန်မာ့တော်ဝင်နဂါးတပ်တော်

အရင္ထက္ပိုၿပီးသတိထားပါ အားစိုက္ပါ













#ဗိုလ်နဂါး

Leave a Reply

Your email address will not be published.