ရုရှားတို့ မျက်ရည်ဘူးသီးလုံးလောက် ကျသွားစေမယ့် လုပ်ဆောင်မှု
News
hihihihihihihihihi
this is test
ရုရှားတို့ မျက်ရည်ဘူးသီးလုံးလောက် ကျသွားစေမယ့် လုပ်ဆောင်မှု
ရုရှားမှာရှိတဲ့ ဘဏ်တွေ၊ စတော့အိတ်ချိန်းတွေ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ၊ ကော်ပိုရေးရှင်းကြီးတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊
အစိုးရအင်စတီကျူးရှင်းတွေဟာ SWIFT နဲ့ချိတ်ဆက်ပြီး ငွေကြေးလည်ပတ်နေရတာပါ။
ဒါ့ကြောင့် ရုရှားကို SWIFT ကပိတ်ပင်လိုက်တာနဲ့ ပြည်ပငွေပေးချေမှုတွေအကြီးအကျယ်ရပ်တန့်သွားပါမယ်။ သဘောက ရုရှားရဲ့စီးပွားရေးရေသောက်မြစ်ကို ဖြတ်ချလိုက်တာပါ။ အမြီးကိုလှန်ချိုးတဲ့သဘောပါ။
အခုလောလောဆယ်မှာတင် ရုရှားရဲ့ငွေကြေးအင်စတီကျူးရှင်းပေါင်း ၃၀၀ လောက်ဟာ ဥရောပနဲ့အမေရိကားရဲ့ ဆန်ရှင်ပိတ်ပင်မှုထိထားပြီးပါပြီ။ ဒါဟာ ရုရှားရဲ့ပြည်ပငွေပေးငွေယူပမာဏရဲ့ ၈၀ ရာနှုန်းကျော်ထိသွားတာပါ။
SWIFT ကိုပိတ်ချလိုက်တာနဲ့ ပြည်ပကနေ ငွေပေးချေမှုတွေရပ်သွားပြီ။ ဒါဆိုရင် ရုရှားအများစုမှီခိုနေရတဲ့ ရေနံနဲ့ဂတ်စ်က ငွေအဝင်တွေရပ်သွားပြီ။
ရုရှားကပြည်ပကိုတင်ပို့နေတဲ့ စိုက်ပျိုးရေးသီးနှံတွေအတွက် ငွေအဝင်ရပ်သွားပြီ။ စက်မှုကဏ္ဍရော၊ လယ်ယာစိုက်ပျိုးရေးဏ္ဍရောရေသောက်မြစ်ပြတ်သွားမှာပါ။
ဒီလုပ်ငန်းတွေကိုမှီခိုနေရတဲ့ ရုရှားပြည်သူများစွာ အလုပ်လက်မဲ့ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင်အခြားကုန်သွယ်မှုလုပ်နေတဲ့ကုမ္ပဏီတွေ၊ အာမခံလုပ်ငန်းတွေ၊ ငွေကြေးဈေးကွက်တွေ ရုရှားဆောင်းတွင်းမှာ ရေခဲကုန်မှာပါ။
ဒီလိုငွေကြေးစီးဆင်းမှုရပ်သွားတာနဲ့ ဝန်ထမ်းတွေကိုလစာဘယ်လိုပေးမလဲဆိုတဲ့ ပြဿနာတက်ပါလိမ့်မယ်။
မနေနိုင်သေးပါ။ သူလည်းနေနိုင်ဖို့တော့ လမ်းစရှာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီလထဲမှာပဲကြည့်ပါ။ ကမ္ဘာ့ကုန်သွယ်မှုရဲ့ငွေကြေးအသုံးပြုမှုမှာ အမေရိကန်ဒေါ်လာက (၃၉•၉၂) ရာနှုန်းရှိပါတယ်။
ယူရိုငွေက (၃၆•၅၆) ရာနှုန်းရှိပါတယ်။ ဗြိတိသျှပေါင်ငွေက (၆•၃) ရာနှုန်းရှိပါတယ်။ တရုတ်ယွမ်က (၃•၂) ရာနှုန်းပဲရှိပါတယ်။
ရုရှားရူဘယ်ငွေက ယူရိုဇုန်မပါ (ဝ•၂၆) ရာနှုန်းပဲရှိပါတယ်။ (၁) ရာနှုန်းတောင်မရှိပါ။
ဘာလို့ရုရှားကိုထိမှာသေချာတာလဲ
မနှစ်ကရုရှားရဲ့အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဟာ ဒေါ်လာ (၈၀၀) ဘီလျံနီးပါးရှိပါတယ်။ ဒါဟာရုရှား ဂျီဒီပီရဲ့ (၄၆•၆) ရာနှုန်းရှိပါတယ်။ စီးပွားရေးဘယ်လောက်ထိမလဲတွက်လို့ရပါတယ်။
အီရန်ကို SWIFT ကနေပိတ်ချလိုက်တုန်းက အီရန်ရဲ့ရေနံစိမ်းတင်ပို့မှု (၄၀) ရာနှုန်းထိုးကျသွားပါတယ်။ ဒါ OPEC ဒေတာအရပါ။ ရုရှားဆိုရင်ပိုထိပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ ရုရှားရဲ့စွမ်းအင်တင်ပို့မှုဟာ တိုင်းပြည်အိတ်စ်ပို့ရဲ့ ထက်ဝက်ကျော်ရှိနေလို့ပါပဲ။
တရုတ်ဆီကအကူအညီရနိုင်မလား
ရနိုင်ပါတယ်။ သို့သော်တရုတ်က သူငယ်ချင်း ငါဈေးအတူတူပေးဝယ်မယ်ကွာလို့ ပြောမယ်မထင်ပါ။ “ပူတင်အခက် – ရှီအကွက်” ဖြစ်သွားမှာပါ။ ဒါ့အပြင် တရုတ်ကရုရှားထွက်သမျှအကုန်မဝယ်နိုင်ပါ။
တရုတ်မှာ System for Transfer of Financial Messages (SPFS) ဆိုတာရှိပါတယ်။ ၂၀၁၉ မှစတည်ထောင်ထားတာပါ။
နောက်ပြီး ကမ္ဘာပတ်ပိုးလမ်းမကြီးအတွက် တရုတ်က cross-border interbank payment system (CIPS) နဲ့ e-CNY တို့ကို သူ့ယွမ်ငွေအတွက် တည်ထောင်ထားပါတယ်။
ဒါတွေက ရုရှားအတွက်အများကြီးအကျိုးပြုနိုင်မှာမဟုတ်ပါ။ ဒါဆိုရင်ဘာလို့ SWIFT ကိုပိတ်ဖို့ကျန့်ကြာနေရတာလဲ
အဓိကက ဥရောပနိုင်ငံတွေမညီညွတ်လို့ဖြစ်ပါတယ်။ အရှေ့ဥရောပနိုင်ငံငယ်လေးတွေကလူတွေဟာ ရုရှားမှာသွားအလုပ်လုပ်တာရှိပါတယ်။
နောက်တစ်ခုက ဥရောပနိုင်ငံအချို့ဟာ ရုရှားရဲ့စွမ်းအင်ကိုမှီခိုနေရတာပါ။ အခုဆောင်းတွင်းကာလမှာ ဂတ်စ်ဈေးတက်သွားမှာကို စိုးရိမ်ကြပါတယ်။
အခုအနေအထားမှာ အမေရိကန်နဲ့ဥရောပအစိုးရတွေက ရုရှားငွေကြေးအင်စတီကျူးရှင်းအားလုံးကို SWIFT ကနေအကုန်မဘန်းသေးပေမဲ့ ဘဏ်အတော်များများကို စဘန်းနေပါပြီ။
အမေရိကန်၊ ကနေဒါ၊ယူကေ၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဂရိ၊ ဟန်ဂေရီ၊ ဆိုက်ပရပ်စ်တို့က ဘန်းမှာထောက်ခံပါတယ်။
ဂျာမနီကအင်တင်တင်ဖြစ်နေပါတယ်။ သူ့လုပ်ငန်းတွေ စွမ်းအင်ပြတ်တောက်မှာစိုးရိမ်တာပါ။ နောက်ဆုံးလိုရင်တော့ လုပ်ရမယ်လို့ပြောထားပါတယ်။
အားလုံး ရုရှားကို SWIFT ငွေပေးငွေယူစနစ်ကနေ လုံးဝဘန်းချလိုက်တဲ့နေ့မှာ … “သယံဇာတတွေပေါတဲ့ပြည် …
စီးပွားရေးပိတ်ဆို့မှုတို့မမှုပါ” သီချင်းကို အကော်ဒီယံနဲ့ဆိုနေပေမဲ့ ရုရှားအတော်များများ မျက်ရည်ဘူးသီးလုံးလောက်ကျသွားစေမှာဖြစ်ပါကြောင်း။
Richard Myo Thant