အင်တာနက်တွေ ပြတ်တောက်မှုမရှိအောင် ကူညီတော့မည့် နည်းပညာလုပ်ငန်းရှင်

News




 

hihihihihihihihihi

this is test

 

















Stand By Myanmar

Unicode

အင်တာနက်တွေ ပြတ်တောက်မှုမရှိအောင် ကူညီတော့မည့် နည်းပညာလုပ်ငန်းရှင်
ရုရှားရဲ့ အပြင်းအထန် ကျူးကျော် တိုက်ခိုက် ခံနေရတဲ့ ယူကရိန်းနိုင်ငံက ဆက်သွယ်ရေး လုပ်ငန်းတွေ အဖျက်ဆီးခံ ရရင်တောင်မှ



အင်တာနက် သုံးနိုင်အောင် ကူညီပေးမယ်လို့ အမေရိကန် နည်းပညာ လုပ်ငန်းရှင် ဘီလျံနာ အီလွန်မတ်စ်က ပြောဆို လိုက်ပါ တယ်။

ယူကရိန်းဒုတိယဝန်ကြီးချုပ် မီခါလီယို ဖက်ဒိုရော့ဗ်က သူ့ရဲ့တွစ်တာအကောင့်မှာ စနေနေ့က ‘@e lon mu sk လို့ လိပ်မူပြိး အခုလိုရေးခဲ့ပါတယ်



“အီလွန်မတ်စ်ရေ မင်းက အင်္ဂါဂြိုဟ်ကို နယ်ချဲ့ဖို့ ကြိုးစားနေချိန်မှာ ရုရှားက ယူကရိန်းကို သိမ်းပိုက်ဖို့ ကြိုးစားနေတယ်၊ မင်းရဲ့ဒုံးပျံတွေ အာကာသထဲ ကနေ မြေပြင်ပေါ် အောင်မြင်စွာ ပြန်ဆင်းသက်နိုင် ချိန်မှာ

ရုရှားဒုံးကျည်တွေက ယူကရိန်းအရပ်သားတွေပေါ်ကို ကျရော က်တိုက်ခိုက်နေတယ်၊ ယူကရိန်းအတွက် Starlink စခန်းတွေ ထောက်ပံ့ပေးခြင်းနဲ့ ရပ်တည်ပေးဖို့ တောင်းဆိုပါတယ်”



နာရီအတန်ကြာတဲ့နောက် ဖက်ဒိုရော့ဗ်ရဲ့ရေးသားမှုကို အီလွန်မတ်စ်ကိုယ်တိုင် တုံ့ပြန်ခဲ့ပါတယ် “ယူကရိန်းမှာ Starlink ဝန်ဆောင်မှု အခုရပါပြီ၊ နောက်ထပ် ကိရိယာတွေလည်း ပေးပို့ထားပါတယ်”

Starlink ဟာ အာကာသကုမ္ပဏီ SpaceX ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ကမ္ဘာပတ်လမ်းအနိမ့်ပိုင်းမှာ ဂြိုဟ်တုအသေးစားလေးတွေ လွှတ်တင်လို့ ဘရော့ဘင်းအင်တာနက်ဝန်ဆောင်မှုပေးတာပါ။

 





ရုရှားရဲ့ကျူးကျော်မှုနဲ့အတူ ယူကရိန်းမှာ အင်တာနက်ဆက်သွယ်မှုလည်း ထိခိုက်နေပါတယ်။

ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ ဆိုက်ဘာတိုက်ခိုက် ခံနေရ သလို နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်း တချို့နေရာတွေမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်နေ ပါတယ်။



အီလွန်မတ်စ်ရဲ့ ပြန်ကြားမှု ရရှိပြီးနောက် ယူကရိန်း အရာရှိနဲ့ ပြည်သူတွေက ကျေးဇူးတင်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။

Stand By Myanmar

Leave a Reply

Your email address will not be published.