ဧရာဝတီမြစ် ဆီမီးခုံဆိပ်ကမ်းရှိ တင့်ကားပါ စကစသင်္ဘောကို အလစ်အငိုက် တိုက်ခိုက်၊ စကစ(၂၀)ခန့်

News

ဧရာဝတီမြစ် ဆီမီးခုံဆိပ်ကမ်းရှိ တင့်ကားပါ စကစသင်္ဘောကို အလစ်အငိုက် တိုက်ခိုက်၊ စကစ(၂၀)ခန့်

MFP ၊ မတ် – ၂
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ဆီမီးခုံဆိပ်ကမ်း၌ အထိုင်ချထားသည့် တင့်ကားပါ စကစ သင်္ဘောကို ယနေ့ မနက်ပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ (၂၀)ခန့် သေကြေဒဏ်ရာရမည်ဟု ခန့်မှန်းကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

“မြစ်ရဲ့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း တိုက်ပွဲဖြစ်တာပေါ့။ မြစ်ကျဉ်းမှာ တိုက်တာပါ” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် Myaung Union Army – MUA မှ ဗိုလ်သမန်ကျားက MFP သို့ ပြောသည်။

ယနေ့ မတ်လ(၂)ရက် မနက်(၄)နာရီခန့်က ဧရာဝတီမြစ် ဆီမီးခုံဆိပ်ကမ်း၌ လွန်ခဲ့သည့် (၆)လခန့်ကတည်းက အထိုင်ချ တပ်စွဲထားသည့် သံချပ်ကာကားတစ်စီး၊ ဖလက်(၃)စီးပါ စစ်သင်္ဘောကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သော မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM အဖွဲ့၊ Myaung Union Army – MUA မြောင်တပ်ရင်း ၊ ပျောက်ကျားလင်းယုန်နှင့် မဟာမိတ်အဖွဲ့များဖြစ်သော မြင်းခြံ BGF၊ နှလုံးလှ လူမိုက်ကြီးများအဖွဲ့၊ တလုတ် PDF ၊ 27 Revolution Force နှင့် Myinmu Civil Revolution Force စသည့် တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

hihihihihihihihihi

this is test

“တိုက်ပွဲတွင် ရန်သူဖက်မှ စလိုက်ဖြင့် ထိုးသည့် စခ (၁)ကောင်၊ (၀.၅)စက်သေနတ်ပစ် စခ (၁)ကောင် အပါအဝင် ရန်သူအင်အား (၁၉)ယောက်ခန့် ကျသည်ဟု ခန့်မှန်းသိရပြီး စစ်သင်္ဘောမှာလည်း RPG (၁)ချက်၊ (၄၀)မမ (၁)ချက်၊ မောင်းပြန်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ပါသည်” ဟု ဗိုလ်သမန်းကျားက ဆိုသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် အထက်ပါ စကစ သင်္ဘောကို တိုက်ခိုက်ရန် အချိန်ယူ စီစဉ်ခဲ့ခြင်း ဖြစ်ပြီး အလစ်အငိုက် ဝင်တိုက်ခဲ့ခြင်း ဖြစ်ကာ တိုက်ပွဲချိန် (၁၅)မိနစ်ခန့် ကြာမြင့်သည်ဟု ဆိုသည်။

“(၆)လအကြာ တပ်ဆွဲထားသည့် စစ်သင်္ဘောကို ယနေ့မနက်မှ (၄)နာရီအချိန် အလစ်အငိုက်ဖမ်း တိုက်ခိုက်ခဲ့တာပါ” ဟု ဗိုလ်သမန်ကျားက MFP သို့ ပြောသည်။

ထိုတိုက်ပွဲတွင် PDF၊ LPDF များ အထိအခိုက် အကျအဆုံး မရှိခဲ့သော်လည်း စကစဘက်မှ စက်လက်ဖြင့် တလစပ်ပစ်ခတ်မှု့ကြောင့် မြောင်မြို့နယ် သာဒွန်းကျေးရွာမှ ဒေသခံ အမျိုးသမီး (၁)ဦး ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရခဲ့သလို ကျွဲနွားများလည်း ကျည်ထိမှန်ကာ ပျက်စီးဆုံးရှုံးမှု့များ ရှိနိုင်သည်ဟု ဆိုသည်။

“အထိနာနာနဲ့ စခဘက်က လက်နက်ကြီး (၁၀)ချက်ကျော် ပစ်ခတ်လို့ ပြန်ဆုတ်ခွာရာမှာ ခါးချိတ် အတို၊ AK ကျဉ်ဘောက် ကျကျန်ခဲ့တာက လွဲပြီး ပြောက်ကျားတိုက်ခိုက် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဗိုလ်သမန်ကျားက ပြောသည်။

အဆိုပါ စစ်သင်္ဘောပေါ်ရှိ စစ်အုပ်စုသည် ဆီမီးခုံဆိပ်ကမ်းတွင် အထိုင်ချကာ ဧရာဝတီမြစ်ကြောင်းတလျှောက် သွားလာသူမှန်သမျှအား ဖမ်းဆီးစစ်ဆေးခြင်းများ၊ ရန်ပြုခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျှက်ရှိသလို မြောင်မြို့နယ်၊ သာဒွန်းကျေးရွာနှင့် နေပူကုန်းကျေးရွာများသို့လည်း မကြာခဏ စီးနင်းဝင်ရောက် လုယက်ခိုးယူခြင်းများ ကျူးလွန်နေသည်ဟု ဆိုသည်။

ယနေ့ မနက်ပိုင်းတွင် ဧရာဝတီမြစ်ဘေး မြင်းခြံနယ် ဆီမီးခုံဘက်ကမ်းနှင့် မြောင်မြို့နယ် သာဒွန်းရွာဘက်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များကလည်း MFP သို့ ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်အုပ်စု အသေအပျောက် အခြေအနေနှင့် ပတ်သက်၍ MFP အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်အုပ်စုဘက်ကမူ ယနေ့ မနက်(၅)နာရီခန့်က စစ်ကိုင်းတိုင်း မြောင်မြိုနယ်၊ သာဒွန်းကျေးရွာအနီး၌ PDF များက စတင်ပစ်ခတ်လာသဖြင့် ပြန်လည်ပစ်ခတ်မှု ရှိခဲ့ကြောင်းနှင့် အနီးဝန်းကျင်အား ရှင်းလင်းရာ RETAY PT 26 အမျိုးအစား (၉)မမ ပစ္စတိုတို (၁)လတ်၊ ကျည်အိမ် (၁)ခု၊ ကျည် (၁)တောင့်၊ အမ်- 22 ကျည် (၂၅)တောင့်၊ အမ်- 22 ကျည်ခွံ (၂၆)ခု၊ (၅.၅၆) ကျည်ခွံ (၂၂)တောင့်၊ (၄၀)မမ ဗုံးသီးခွံ( ၁)ခု၊ ယမ်းကြိုး (၃)ခွေ တွေ့ရှိသည်ဟု ဆိုသည်။

စစ်အုပ်စုသည် မြောင်မြိုကနယ်အတွင်းသို့ ကုန်းကြောင်းသာမက ရေကြောင်းကပါ ထိုးစစ်ဆင်ကာ ရွာစဉ်ပတ်မွှေ သောင်းကျန်းလျှက် ရှိသည်။

ဧရာဝတီမြစ်ဘေး မြင်းခြံနယ် ဆီမီးခုံဆိပ်ကမ်းရှိ စကစ သင်္ဘောကို ပြီးခဲ့သည့် ၂၀၂၀ စက်တင်ဘာက တွေ့ရစဉ်/Photo – ပေးပို့

Leave a Reply

Your email address will not be published.