❝ကျွန်မကို ကြည့်မရရင်နေပါစေ တော်လှန်ရေးမှာ ပါဝင်သူတွေ ကျွန်မကြောင့် စိတ်ပင်ပန်းမှာ စိုးတယ်❞
မနေ့က ထောက်ပို့အဖွဲ့အတော်များများ ရှောင်ကြရတယ်လို့ သိရတယ်။ UG အဖွဲ့တွေလည်း ဖမ်းခံထိသူတွေ ရှိတယ်တဲ့။




ကိုယ်တို့ ဒီနေ့မနက် (မြန်မာပြည်ညမှ) သိရတာ။ အချိန်ကွာဟတာရယ် အိပ်ချိန်ရယ်ကြောင့် အချို့ကိစ္စတွေကို နောက်ကျပြီးမှ သိဖြစ်ပါတယ်။ မနေ့က မြန်မာပြည် မနက်မှာတင်လိုက်တဲ့ ပြည်ပထောက်ပံ့ရေးတပ်သားကဒ်ကြောင့် အချို့နားလည်မှုလွဲကြတယ်။




ပြောပြီးသားပေမယ့် ထပ်ပြောပါ့မယ်။ ဒီကဒ်ဟာ NUG အသိအမှတ်ပြု Fund Raiser ကဒ်မဟုတ်ပါ။ အလှူငွေတစ်သိန်းထည့်ဝင်သူ ဘယ်သူမဆို ရတဲ့ကဒ်ပါ။
this is test
ဒီကဒ်ကို ကိုယ်က သတိမထားမိဘဲ ဒီအတိုင်းဘာမှမပြောဘဲ တင်လိုက်မိတော့ အချို့ Fund Raiser တွေက ပန်ဆယ်လိုကျ NUG က အသိအမှတ်ပြုတယ်။ ငါတို့ကျ အသိအမှတ်မပြုဘူး အထင်မှားကုန်ကြတယ်။ အခုလို ပြေးရလွှားရအခြေအနေမှာဆိုတော့ ပိုဝမ်းနည်းကုန်ကြတယ် ထင်ပါရဲ့။




ထပ်ပြောပါရစေ။ ဒီCard ဟာ Fund Raiser တွေကို အသိအမှတ်ပြုတဲ့ကဒ်မဟုတ်ပါဘူး။ ထောက်ပံ့သူ အားလုံးကို ပေးတဲ့ကဒ်ပါ။ NUG က ကျွန်မကို ထူးထွေအသိအမှတ်ပြုထားတာလည်း မရှိပါဘူး။ ဘာအရေးပါအရာရောက်သူမှလည်း မဟုတ်ပါဘူး။
အချို့အဖွဲ့တွေရဲ့ ထုတ်ပြန်စာတွေမှာ NUG အသိအမှတ်ပြုIDမရသေးတဲ့အဖွဲ့ပါဆိုတဲ့ ရိသဲ့သဲ့ရေးဟန်လေးတွေ မြင်ရလို့ ဒီကဒ်ဟာ ဒီလို မဟုတ်ကြောင်း ရှင်းပြတာပါ။




ကျွန်မကို ကြည့်မရနေပါစေ၊ မုန်းတီးနေပါစေ၊ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေကြသူတွေ ကျွန်မကြောင့် စိတ်ပင်ပန်းမှာ စိုးရိမ်ပါတယ်။ ဒါကြောင့် အဓိပ္ပါယ်ကောက်လွဲနေတာကို ပြောပြတာပါ။ ကျွန်မဟာ ဘာမှ ပိုထူးထွေနေသူမဟုတ်ဘဲ အခြားFund Raiser တွေနဲ့အတူတူ တန်းတူပါ။
အချို့အဖွဲ့တွေ ကျွန်မကို စောင်းရေးတာမျိုးတွေ၊ အနှောင့်အသွားမလွတ် ရေးတာတွေ ရှိပေမယ့် စိတ်မဆိုးပါဘူး။ အန္တရာယ်မကင်းဘူးဆိုတာ သိရတဲ့အတွက် စိတ်ပူပါတယ်။
တော်လှန်ရေး ညီအစ်ကိုမောင်နှမတွေ အားလုံး ဘေးကင်းကြဖို့ ဆုတောင်းနေပါတယ်။
ပန်ဆယ်လို




❝ကၽြန္မကို ၾကည့္မရရင္ေနပါေစ ေတာ္လွန္ေရးမွာ ပါဝင္သူေတြ ကၽြန္မေၾကာင့္ စိတ္ပင္ပန္းမွာ စိုးတယ္❞
မေန႔က ေထာက္ပို႔အဖြဲ႕အေတာ္မ်ားမ်ား ေရွာင္ၾကရတယ္လို႔ သိရတယ္။ UG အဖြဲ႕ေတြလည္း ဖမ္းခံထိသူေတြ ရွိတယ္တဲ့။
ကိုယ္တို႔ ဒီေန႔မနက္ (ျမန္မာျပည္ညမွ) သိရတာ။ အခ်ိန္ကြာဟတာရယ္ အိပ္ခ်ိန္ရယ္ေၾကာင့္ အခ်ိဳ႕ကိစၥေတြကို ေနာက္က်ၿပီးမွ သိျဖစ္ပါတယ္။ မေန႔က ျမန္မာျပည္ မနက္မွာတင္လိုက္တဲ့ ျပည္ပေထာက္ပံ့ေရးတပ္သားကဒ္ေၾကာင့္ အခ်ိဳ႕နားလည္မႈလြဲၾကတယ္။




ေျပာၿပီးသားေပမယ့္ ထပ္ေျပာပါ့မယ္။ ဒီကဒ္ဟာ NUG အသိအမွတ္ျပဳ Fund Raiser ကဒ္မဟုတ္ပါ။ အလႉေငြတစ္သိန္းထည့္ဝင္သူ ဘယ္သူမဆို ရတဲ့ကဒ္ပါ။
ဒီကဒ္ကို ကိုယ္က သတိမထားမိဘဲ ဒီအတိုင္းဘာမွမေျပာဘဲ တင္လိုက္မိေတာ့ အခ်ိဳ႕ Fund Raiser ေတြက ပန္ဆယ္လိုက် NUG က အသိအမွတ္ျပဳတယ္။ ငါတို႔က် အသိအမွတ္မျပဳဘူး အထင္မွားကုန္ၾကတယ္။ အခုလို ေျပးရလႊားရအေျခအေနမွာဆိုေတာ့ ပိုဝမ္းနည္းကုန္ၾကတယ္ ထင္ပါရဲ့။




ထပ္ေျပာပါရေစ။ ဒီCard ဟာ Fund Raiser ေတြကို အသိအမွတ္ျပဳတဲ့ကဒ္မဟုတ္ပါဘူး။ ေထာက္ပံ့သူ အားလုံးကို ေပးတဲ့ကဒ္ပါ။ NUG က ကၽြန္မကို ထူးေထြအသိအမွတ္ျပဳထားတာလည္း မရွိပါဘူး။ ဘာအေရးပါအရာေရာက္သူမွလည္း မဟုတ္ပါဘူး။




အခ်ိဳ႕အဖြဲ႕ေတြရဲ့ ထုတ္ျပန္စာေတြမွာ NUG အသိအမွတ္ျပဳIDမရေသးတဲ့အဖြဲ႕ပါဆိုတဲ့ ရိသဲ့သဲ့ေရးဟန္ေလးေတြ ျမင္ရလို႔ ဒီကဒ္ဟာ ဒီလို မဟုတ္ေၾကာင္း ရွင္းျပတာပါ။
ကၽြန္မကို ၾကည့္မရေနပါေစ၊ မုန္းတီးေနပါေစ၊ ေတာ္လွန္ေရးမွာ ပါဝင္လႈပ္ရွားေနၾကသူေတြ ကၽြန္မေၾကာင့္ စိတ္ပင္ပန္းမွာ စိုးရိမ္ပါတယ္။ ဒါေၾကာင့္ အဓိပၸါယ္ေကာက္လြဲေနတာကို ေျပာျပတာပါ။ ကၽြန္မဟာ ဘာမွ ပိုထူးေထြေနသူမဟုတ္ဘဲ အျခားFund Raiser ေတြနဲ႔အတူတူ တန္းတူပါ။




အခ်ိဳ႕အဖြဲ႕ေတြ ကၽြန္မကို ေစာင္းေရးတာမ်ိဳးေတြ၊ အေႏွာင့္အသြားမလြတ္ ေရးတာေတြ ရွိေပမယ့္ စိတ္မဆိုးပါဘူး။ အႏၲရာယ္မကင္းဘူးဆိုတာ သိရတဲ့အတြက္ စိတ္ပူပါတယ္။
ေတာ္လွန္ေရး ညီအစ္ကိုေမာင္ႏွမေတြ အားလုံး ေဘးကင္းၾကဖို႔ ဆုေတာင္းေနပါတယ္။
ပန္ဆယ္လို