ကမ္ဘာ့အကြမ်းဖက်မှုထိပ်ဆုံး ၁၀ နိုင်ငံစာရင်းထဲ မြန်မာပါဝင်လာ

News

ကမၻာ့အၾကမ္းဖက္မႈထိပ္ဆုံး ၁၀ နိုင္ငံစာရင္းထဲ ျမန္မာပါဝင္လာ

DeltaNewsAgency
ကမၻာလုံးဆိုင္ရာ အၾကမ္းဖက္မႈညႊန္းကိန္းမွာ ျမန္မာနိုင္ငံဟာ ထိပ္ဆုံး၁၀နိုင္ငံစာရင္း ထဲ ပါဝင္လာပါတယ္။

မတ္လ၂ရက္ေန႔ကထုတ္ျပန္လိုက္တဲ့ ကမၻာလုံးဆိုင္ရာအၾကမ္းဖက္မႈညႊန္းကိန္း (Global terrorism Index) ရဲ့ ၂၀၂၁ခုႏွစ္အတြက္ အစီရင္ခံစာမွာ ျမန္မာနိုင္ငံဟာ အဆိုးဆုံးနံပါတ္ ၉ ေနရာေရာက္လာေၾကာင္းေဖာ္ၿပ ထားပါတယ္။

၂၀၂၁ ခုႏွစ္အတြင္း အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ ထိခိုက္ေသဆုံးမႈ အမ်ားဆုံးက အာဖဂန္နစၥတန္ျဖစ္ၿပီး ဒုတိယအီရန္နဲ႔ တတိယ ဆိုမားလီးယား ျဖစ္ကာ နံပါတ္ ၉ ေနရာမွာရွိတဲ့ ျမန္မာနိုင္ငံရဲ့ေနာက္ နံပတ္ ၁၀ ကေတာ့ ပါကစၥတန္ျဖစ္ပါတယ္။

hihihihihihihihihi

this is test

 

၂၀၂၁ ခုႏွစ္အတြင္း ျမန္မာနိုင္ငံမွာ အၾကမ္းဖက္တိုက္ခိုက္မႈ အနည္းဆုံး ၇၅၀ ျဖစ္ပြားခဲ့ၿပီး အသက္ေသဆုံးသူ ၅၂၁ ဦးေသကာ ဒဏ္ရာရသူ ၃၅၁ ဦး ရွိခဲ့ပါတယ္။

အခု၂၀၂၂ခုႏွစ္မွာလည္း နိုင္ငံေရးအေျခအေန မေသခ်ာမႈေတြေၾကာင့္ ထိခိုက္ေသဆုံးမႈ အေရအတြက္ တိုးလာမယ္လို႔ ယူဆရတယ္လို႔ ဆိုပါတယ္။

ျမန္မာနိုင္ငံမွာ ၂၀၂၀ ျပည့္ႏွစ္မွာျမန္မာနိုင္ငံအတြင္း အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ ၂၄ ဦးသာ ေသဆုံးမႈ ရွိခဲ့ရာကေန မင္းေအာင္လွိုင္ အာဏာသိမ္းလိုက္တဲ့ ၂၀၂၁ ခုႏွစ္မွာေတာ့ ေသဆုံးမႈ အဆ ၂၀ တိုး လာခဲ့ကာအဲဒါဟာ ကမၻာ့နိုင္ငံ အားလုံးထဲမွာ အေရအတြက္အမ်ားဆုံး တိုးလာတာလို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

၂၀၂၁ ခုႏွစ္အတြင္း ကမၻာတစ္ဝန္း အၾကမ္းဖက္တိုက္ခိုက္မႈ ၅၂၂၆ ခု ျဖစ္ပြားခဲ့ပါတယ္။

ကမၻာလုံးဆိုင္ရာအၾကမ္းဖက္မႈညႊန္းကိန္း (Global terrorism Index) ဟာ ကမၻာတစ္ဝန္းက အၾကမ္းဖက္တိုက္ခိုက္မႈေတြေၾကာင့္ ထိခိုက္ေသဆုံးမႈအေျခအေနကို ေလ့လာၿပီး နိုင္ငံအလိုက္ အဆင့္သတ္မွတ္ထုတ္ျပန္ေပးတာျဖစ္ပါတယ္။

=====

ကမ္ဘာ့အကြမ်းဖက်မှုထိပ်ဆုံး ၁၀ နိုင်ငံစာရင်းထဲ မြန်မာပါဝင်လာ

DeltaNewsAgency
ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံး၁ဝနိုင်ငံစာရင်း ထဲ ပါဝင်လာပါတယ်။

မတ်လ၂ရက်နေ့ကထုတ်ပြန်လိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုညွှန်းကိန်း (Global terrorism Index) ရဲ့ ၂၀၂၁ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အဆိုးဆုံးနံပါတ် ၉ နေရာရောက်လာကြောင်းဖော်ပြ ထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးက အာဖဂန်နစ္စတန်ဖြစ်ပြီး ဒုတိယအီရန်နဲ့ တတိယ ဆိုမားလီးယား ဖြစ်ကာ နံပါတ် ၉ နေရာမှာရှိတဲ့ မြန်မာနိုင်ငံရဲ့နောက် နံပတ် ၁၀ ကတော့ ပါကစ္စတန်ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု အနည်းဆုံး ၇၅၀ ဖြစ်ပွားခဲ့ပြီး အသက်သေဆုံးသူ ၅၂၁ ဦးသေကာ ဒဏ်ရာရသူ ၃၅၁ ဦး ရှိခဲ့ပါတယ်။

အခု၂၀၂၂ခုနှစ်မှာလည်း နိုင်ငံရေးအခြေအနေ မသေချာမှုတွေကြောင့် ထိခိုက်သေဆုံးမှု အရေအတွက် တိုးလာမယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်မှာမြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၂၄ ဦးသာ သေဆုံးမှု ရှိခဲ့ရာကနေ မင်းအောင်လှိုင် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာတော့ သေဆုံးမှု အဆ ၂၀ တိုး လာခဲ့ကာအဲဒါဟာ ကမ္ဘာ့နိုင်ငံ အားလုံးထဲမှာ အရေအတွက်အများဆုံး တိုးလာတာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှု ၅၂၂၆ ခု ဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုညွှန်းကိန်း (Global terrorism Index) ဟာ ကမ္ဘာတစ်ဝန်းက အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လေ့လာပြီး နိုင်ငံအလိုက် အဆင့်သတ်မှတ်ထုတ်ပြန်ပေးတာဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published.