“၂၀၂၂ သို့မဟုတ် မြန်မာပြည်သူအားလုံးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမဲ့ နှစ်”

International News

ေနာက္ဆုံးခ်န႔္ အားသြန္ခြန္စိုက္ၾကပါရန္

“၂၀၂၂ သို႔မဟုတ္ ျမန္မာျပည္သူအားလုံးရဲ႕ အနာဂတ္ကို အဆုံးအျဖတ္ေပးမဲ့ ႏွစ္”

ကြၽန္ေတာ့္တစ္ဦးတည္းအျမင္အရ ဒီ ၂၀၂၂ ရဲ႕ လက္က်န္ ၁၀ လဟာ ေႏြဦးေတာ္လွန္ေရးအတြက္ သိပ္အေရးႀကီးပါတယ္။ အဆုံးအျဖတ္ကာလလို႔ေတာင္ ေျပာလို႔ ရတယ္။ ေနာင္အနာဂတ္ဆိုတာ အတိအက် ခန႔္မွန္းရ ခက္သလို၊ ႏိုင္ငံေရး၊ စစ္ေရး၊ ကမာၻေရးရာေတြ ကြၽမ္းက်င္သူလည္း မဟုတ္ပါဘူး။ ဒါျဖင့္ ဘယ္အေပၚ အေျခခံၿပီး ေျပာတာလဲဆိုရင္ေတာ့ “ျပည္သူေတြရဲ႕ ေတာင့္ခံႏိုင္စြမ္း” ပဲ ျဖစ္ပါတယ္။

စကစအေနနဲ႔လည္း ၂၀၂၃ မွာ ေ႐ြးေကာက္ပြဲ လုပ္မယ္ ဆိုၿပီး ေျပာထားတာကို ၾကည့္ရင္ ဒီႏွစ္ထဲမွာပဲ အၿပီးျဖတ္ဖို႔ မွန္းထားတယ္ ထင္ရတယ္။ ခု သူတို႔လုပ္ေနတာေတြဆိုလည္း တကယ့္ကို မီးကုန္ယမ္းကုန္ပဲ။ ဘာက်င့္ဝတ္၊ ဘာစည္းကမ္းဥပေဒမွ လိုက္နာစရာ မလိုေတာ့ လုပ္ခ်င္တာသာ လုပ္၊ ၿငိမ္သြားရင္ ၿပီးေရာ ဆိုတဲ့ ပုံစံနဲ႔ မရရေအာင္ ဖိႏွိပ္သြားမွာပဲ။

hihihihihihihihihi

this is test

ကိုယ္ေတြဘက္မွာေတာ့ အားလုံးလည္း သိတဲ့အတိုင္း ျပည္သူဟာ သိပ္ပင္ပန္းေနၿပီ။ မပင္ပန္းဘဲ ခံႏိုင္႐ိုးလား။ ဒီတစ္ႏွစ္အတြင္း ႀကဳံေတြ႕ရတဲ့ အခက္အခဲေတြက ေျပာလို႔ေတာင္ မကုန္ႏိုင္ဘူး။ ဒါေၾကာင့္ ၂၀၂၂ ကုန္တဲ့ထိသာ ဒီအတိုင္းပဲ ဆက္သြားေနမယ္ဆိုရင္ လူေတြဟာ ဆႏၵပဲ ရွိေတာ့မယ္၊ ကူႏိုင္စြမ္း၊ ေတာင့္ခံႏိုင္စြမ္းကေတာ့ အေတာ္က်သြားမွာလို႔ ျမင္မိတယ္။

တိုက္ပြဲက်သြားတယ္ဆိုရင္ ကြၽန္ေတာ္တို႔က အသက္ေပးလိုက္ရသူကိုပဲ ျမင္တာ။ တကယ္က လက္နက္မကိုင္တဲ့ တျခားတိုက္ပြဲေတြမွာ က်ကုန္သူေတြ တစ္ပုံႀကီး။ ဥပမာ ဖမ္းခံလိုက္ရတယ္။ ျပန္ထြက္လာတယ္ပဲ ထားဦး။ သူဟာ အရင္လို ဆက္လုပ္ဖို႔ဆိုတာ မလြယ္ေတာ့ဘူး။ လုပ္ဖို႔လည္း မတိုက္တြန္းရက္ေတာ့ဘူး။

ေနာက္ အႏုပညာရွင္ေတြ၊ ဘေလာ့ဂါေတြ ဖမ္းခံရမွာစိုးလို႔ ခံဝန္ထိုးလိုက္တယ္။ အစကတည္းက အဆဲလြတ္႐ုံ လက္ ၃ ေခ်ာင္း ေထာင္ခဲ့တာလား၊ တကယ့္စိတ္ရင္းနဲ႔လားကေတာ့ သူတို႔ပဲ သိမယ္။ ၿငိမ္သြားေပမဲ့ ေနာက္ကြယ္ကေန ေငြနဲ႔ျဖစ္ျဖစ္ ကူေန​ေသးလားလည္း သူတို႔ပဲ သိမယ္။ သို႔ေသာ္ ခံဝန္ထိုးလိုက္ၿပီ ဆိုရင္ကို သူ႔ရဲ႕ နာမည္ေက်ာ္ၾကားမႈကို သုံးၿပီး ေတာ္လွန္ေရးထဲ ထည့္ဝင္ႏိုင္မႈကေတာ့ တစ္ခန္းရပ္သြားၿပီ။ ေျပာရရင္ အႏုပညာရွင္၊ နာမည္ေက်ာ္ ဆိုတဲ့ အခန္းက႑က လူတစ္ေယာက္ တိုက္ပြဲက်သြားတာပဲ။

အဲ့လိုပဲ၊ ေငြကူေနတဲ့သူက အဖမ္းခံရမွာစိုးလို႔ျဖစ္ျဖစ္၊ ဒါမွမဟုတ္ ကူႏိုင္စြမ္း မရွိေတာ့လို႔ျဖစ္ျဖစ္ မကူႏိုင္ေတာ့ဘူးဆိုလည္း ဒါ တိုက္ပြဲက်သြားတာပဲေလ။ Fundraising လုပ္တဲ့သူက အေကာင့္ပိတ္ခံလိုက္ရလို႔ ေရွာင္ေနရၿပီ ဆိုလည္း ထိုနည္းလည္းေကာင္းပဲ။

အဲ့လိုရႈေထာင့္ကေနသာ ၾကည့္ရင္ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္အတြင္း တိုက္ပြဲက်သြားသူေတြ၊ ေလ်ာ့သြားတဲ့ အင္အားေတြ တစ္ပုံႀကီး ရွိတယ္။ အျပစ္တင္ဖို႔လည္း ခက္တယ္။ လူဆိုတာက ဘဝအေျခအေနခ်င္းလည္း မတူၾကဘူးကိုး။ CDM ေတြပဲ ၾကည့္။ အစကေတာ့ လုပ္ၾကတာ အမ်ားႀကီးပဲ။ ေနာက္က် တစ္စတစ္စနဲ႔ ျပန္ဝင္ကုန္ၾကတယ္။ ကိုယ္တိုင္ရဲ႕ စိတ္ဓါတ္မခိုင္တာေရာ၊ ဘဝရပ္တည္ေရးေရာ၊ မိသားစုဖိအားေတြ၊ ဖမ္းဆီးခံရႏိုင္တာေတြ ပါလာတဲ့အခါ ေတာင့္မခံႏိုင္ၾကေတာ့ဘူး။

If we burn, you burn with us ဆိုၿပီး ေျပာၾကေပမဲ့ တကယ့္တကယ္က် ေလာင္ၿမိဳက္ခံရတာခ်င္း မတူၾကပါဘူး။ အခု ဆီေဈးေတြ၊ ေဒၚလာေဈးေတြ တက္တယ္။ ဘဏ္ထဲ သိန္း ၂ ေသာင္းေလာက္ ရွိေနတဲ့သူနဲ႔၊ သိန္း ၂၀၀ ေလာက္ အပ္ထားတဲ့ လူလတ္တန္းစားနဲ႔၊ လက္ထဲ ၂ သိန္းေတာင္ မကိုင္ဖူးတဲ့သူနဲ႔ ခံရတာခ်င္း မတူႏိုင္ဘူး။

မ်ားေသာအားျဖင့္ ပထမအုပ္စုထဲ ရွိေနတာက စစ္ဗိုလ္ခ်ဳပ္ အသိုင္းအဝိုင္းနဲ႔ ခ႐ိုနီေတြ မ်ားတယ္ေလ။ သာမန္ျပည္သူေတြက က်န္အုပ္စု ၂ စုထဲ ပါေနတာ။ ဆိုေတာ့ တိုင္းျပည္အေျခအေန ဆိုးလာတာနဲ႔အမွ် ကြၽန္ေတာ္တို႔ ျပည္သူေတြရဲ႕ ေတာင့္ခံႏိုင္စြမ္းကလည္း က်လာမွာပဲ။

ဒီလိုေျပာလိုက္လို႔ ၂၀၂၂ မွာ လုံးဝအၿပီးအျပတ္ ေအာင္ျမင္မွ ျဖစ္မယ္ေတာ့ မဟုတ္ဘူး။ အဲ့လိုျဖစ္ဖို႔ ဆိုတာလည္း ခက္တယ္။ အထူးသျဖင့္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ စတဲ့ ေနရာေတြက ေတာ္ေတာ္နဲ႔ကို လြတ္ေျမာက္ဦးမွာ မဟုတ္ေသးဘူး။ သို႔ေသာ္ ေဒသတစ္ခု၊ ျပည္နယ္တစ္ခုျဖစ္ျဖစ္ လုံးဝလြတ္ေျမာက္သြားမယ္ ဆိုရင္ကိုပဲ ဒါ အမ်ားႀကီး သက္ေရာက္မႈရွိတယ္။

ေတာ္လွန္ေရးအေပၚ ယုံၾကည္မႈေတြ တက္လာမယ္။ ဒါမွ အခု ေျပာေျပာေနၾကတဲ့ Domino effect ဆိုတာ ရလာမွာ ျဖစ္တယ္။ ဥပမာ ကခ်င္ျပည္နယ္ လြတ္ေျမာက္သြားတယ္ ထား။ အဲ့ေတာ့မွ လန႔္ျဖန႔္ၿပီး ငါတို႔ပဲ ေတာင္ျမန္မာ ျဖစ္က်န္ခဲ့ေတာ့မယ္ ဆိုတဲ့ အသိေတြ ဝင္လာမယ္။ မဆိုင္သလို ေနေနတဲ့ ေရေပၚဆီေတြပါ လႈပ္ခ်င္လႈပ္လာလိမ့္မယ္။

ကုန္ကုန္ေျပာရရင္ အဲ့လို မလြတ္ေျမာက္ေသးဘူး ဆိုရင္ေတာင္ တိုင္းရင္းသား ေတာ္လွန္ေရး အဖြဲ႕အစည္းေတြနဲ႔ သေဘာတူညီမႈေတြ၊ ပူးေပါင္းေဆာင္႐ြက္မႈေတြ ခုထက္ ပိုအားေကာင္းလာတာမ်ိဳး၊ ဖက္ဒရယ္ ဆိုတဲ့ လမ္းေၾကာင္းေပၚ ပီပီျပင္ျပင္ တက္လာတာမ်ိဳးေတြ စသျဖင့္ ျဖစ္လာရင္ကိုပဲ မဆိုးဘူး ဆိုရမယ္။

ဘြန္းလိုမ်ိဳးကို ခ႐ိုနီေတြ၊ သူေဌးေတြ ဝယ္ဖို႔ဆိုတာကလည္း ႏိုင္မဲ့ျမင္းက ကိုယ္ျဖစ္ေနဖို႔ လိုတာကိုး။ အနည္းဆုံး ႏွစ္ဖက္ခြထိုင္ခ်င္ေအာင္ေတာ့ ဆြဲေဆာင္ႏိုင္သည္ထိ ျဖစ္ေနမွ ရမယ္။ တျခားႏိုင္ငံေတြနဲ႔ ေဆြးေႏြးရင္လည္း ဒါ အေရးႀကီးဆုံးလို႔ ထင္တယ္။ အက်ိဳးစီးပြားေပၚပဲ အေျခခံၾကတာမို႔ ဓမၼဘက္က ရပ္တည္တယ္ဆိုတာနဲ႔ မၿပီးဘူး။ တကယ့္အစိုးရအျဖစ္ ပီပီျပင္ျပင္ လုပ္ႏိုင္ဖို႔က အဓိက ပိုက်တယ္။
.
ျပည္သူေတြအေနနဲ႔ကေတာ့ ရွင္းပါတယ္။ စစ္အာဏာရွင္စနစ္ကို ႐ြံမုန္းလြန္းလို႔ ခုထိ ခရီးေရာက္ေအာင္ ေတာင့္ခံလာခဲ့ၾကၿပီးၿပီ။ အခက္အခဲေပါင္းစုံကို ေက်ာ္ျဖတ္လာခဲ့ၿပီးၿပီ။ ခုထိလည္း ေသြးမေအးစတမ္း ပါဝင္ေနၾကဆဲ ျဖစ္တယ္။လိုအပ္ေနတာကေတာ့ အေ႐ြ႕ေတြပါ။ တစ္လက္မမွ မေ႐ြ႕ဘူးလည္း မဆိုလိုပါဘူး။ သို႔ေသာ္ ျပည္သူေတြ ေတာင့္ခံေနႏိုင္တုန္း အခိုက္အတံ့မွာ မ်ားမ်ားေ႐ြ႕ေစခ်င္တာပါ။ 80-20 rule အတိုင္း ေတာ္လွန္ေရးကို ၈၀% ေလာက္ ေျပာင္းလဲသြားေစႏိုင္မဲ့ ၂၀% ေသာ ေဆာင္႐ြက္စရာေတြကို အာ႐ုံစိုက္ တြန္းလုပ္ေစခ်င္တာပါ။

တစ္ဖက္မွာလည္း ျပည္သူေတြကို တိုက္တြန္းခ်င္တာက ဒီ ၁၀ လေတာ့ မရရတဲ့နည္းနဲ႔ က်ားကန္ေပးထားၾကဖို႔ပါပဲ။ ၁၀ လ ကုန္သြားရင္ လက္ေလွ်ာ့ၿပီး စစ္ဖိနပ္ေအာက္မွာ ေနလိုက္ၾကေတာ့ဖို႔ ေျပာေနတာေတာ့ မဟုတ္ပါဘူး။ သို႔ေသာ္ ကိုယ့္ရဲ႕ စိတ္ဓါတ္အင္အား၊ ေငြအင္အား၊ ကလစ္ႏိုင္တဲ့ အင္အား စတာေတြကို ၁၀ လစာေလာက္ေတာ့ ျပင္ထားေပးပါ။

ခံဝန္ထိုးလိုက္ရင္ေတာင္ ေငြကူႏိုင္တယ္ဆို ကူေပး။ ေငြကူႏိုင္တဲ့ တိုက္ပြဲမွာ ကိုယ္က်သြားရင္ေတာင္ ကလစ္လုပ္တဲ့ တိုက္ပြဲမွာ မက်ေစနဲ႔။ Mobile data ေတြ ေဈးတက္သြားလို႔ ကလစ္လုပ္တဲ့ တိုက္ပြဲမွာ က်သြားရင္လည္း စစ္တပ္နဲ႔ ခ႐ိုနီေတြရဲ႕ စီးပြားေရးလုပ္ငန္းေတြကို Boycott လုပ္တဲ့ တိုက္ပြဲမွာေတာ့ ဆက္ပါဝင္ေပး။ ဘယ္သူမဆို လုပ္ႏိုင္တာ တစ္ခုမဟုတ္ တစ္ခုေတာ့ ရွိတယ္။ စိတ္ဓါတ္ေတြ ဘယ္လိုပဲ က်က်၊ NUG ကို ဘယ္လိုပဲ အားမရ အားမရ၊ အဲဒါေတြကို ဆက္ၿပီးေတာ့ တစိုက္မတ္မတ္ လုပ္ေပး။

၂၀၂၂ ရဲ႕ လက္က်န္ ၁၀ လဟာ အင္မတန္ အေရးႀကီးတာမို႔ ဒီကာလအတြင္း အေ႐ြ႕တစ္ခုခု၊ အေျပာင္းအလဲတစ္ခုခု ျဖစ္လာေအာင္ NUG ကလည္း NUG ရဲ႕ အလုပ္လုပ္၊ လက္နက္ကိုင္ တိုက္ေနသူေတြကလည္း တိုက္၊ ကလစ္လုပ္ၿပီး ေတာ္လွန္တဲ့သူက ေတာ္လွန္ စသျဖင့္ စသျဖင့္ သက္ဆိုင္ရာ အခန္းက႑အလိုက္ ကြၽန္ေတာ္တို႔အားလုံး ဝိုင္းႀကိဳးစားၾကရေအာင္ပါ။

.
ေဒါက္တာ ၿဖိဳးသီဟ

နောက်ဆုံးချန့် အားသွန်ခွန်စိုက်ကြပါရန်

“၂၀၂၂ သို့မဟုတ် မြန်မာပြည်သူအားလုံးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမဲ့ နှစ်”

ကျွန်တော့်တစ်ဦးတည်းအမြင်အရ ဒီ ၂၀၂၂ ရဲ့ လက်ကျန် ၁၀ လဟာ နွေဦးတော်လှန်ရေးအတွက် သိပ်အရေးကြီးပါတယ်။ အဆုံးအဖြတ်ကာလလို့တောင် ပြောလို့ ရတယ်။ နောင်အနာဂတ်ဆိုတာ အတိအကျ ခန့်မှန်းရ ခက်သလို၊ နိုင်ငံရေး၊ စစ်ရေး၊ ကမ္ဘာရေးရာတွေ ကျွမ်းကျင်သူလည်း မဟုတ်ပါဘူး။ ဒါဖြင့် ဘယ်အပေါ် အခြေခံပြီး ပြောတာလဲဆိုရင်တော့ “ပြည်သူတွေရဲ့ တောင့်ခံနိုင်စွမ်း” ပဲ ဖြစ်ပါတယ်။

စကစအနေနဲ့လည်း ၂၀၂၃ မှာ ရွေးကောက်ပွဲ လုပ်မယ် ဆိုပြီး ပြောထားတာကို ကြည့်ရင် ဒီနှစ်ထဲမှာပဲ အပြီးဖြတ်ဖို့ မှန်းထားတယ် ထင်ရတယ်။ ခု သူတို့လုပ်နေတာတွေဆိုလည်း တကယ့်ကို မီးကုန်ယမ်းကုန်ပဲ။ ဘာကျင့်ဝတ်၊ ဘာစည်းကမ်းဥပဒေမှ လိုက်နာစရာ မလိုတော့ လုပ်ချင်တာသာ လုပ်၊ ငြိမ်သွားရင် ပြီးရော ဆိုတဲ့ ပုံစံနဲ့ မရရအောင် ဖိနှိပ်သွားမှာပဲ။

ကိုယ်တွေဘက်မှာတော့ အားလုံးလည်း သိတဲ့အတိုင်း ပြည်သူဟာ သိပ်ပင်ပန်းနေပြီ။ မပင်ပန်းဘဲ ခံနိုင်ရိုးလား။ ဒီတစ်နှစ်အတွင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေက ပြောလို့တောင် မကုန်နိုင်ဘူး။ ဒါကြောင့် ၂၀၂၂ ကုန်တဲ့ထိသာ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် လူတွေဟာ ဆန္ဒပဲ ရှိတော့မယ်၊ ကူနိုင်စွမ်း၊ တောင့်ခံနိုင်စွမ်းကတော့ အတော်ကျသွားမှာလို့ မြင်မိတယ်။

တိုက်ပွဲကျသွားတယ်ဆိုရင် ကျွန်တော်တို့က အသက်ပေးလိုက်ရသူကိုပဲ မြင်တာ။ တကယ်က လက်နက်မကိုင်တဲ့ တခြားတိုက်ပွဲတွေမှာ ကျကုန်သူတွေ တစ်ပုံကြီး။ ဥပမာ ဖမ်းခံလိုက်ရတယ်။ ပြန်ထွက်လာတယ်ပဲ ထားဦး။ သူဟာ အရင်လို ဆက်လုပ်ဖို့ဆိုတာ မလွယ်တော့ဘူး။ လုပ်ဖို့လည်း မတိုက်တွန်းရက်တော့ဘူး။

နောက် အနုပညာရှင်တွေ၊ ဘလော့ဂါတွေ ဖမ်းခံရမှာစိုးလို့ ခံဝန်ထိုးလိုက်တယ်။ အစကတည်းက အဆဲလွတ်ရုံ လက် ၃ ချောင်း ထောင်ခဲ့တာလား၊ တကယ့်စိတ်ရင်းနဲ့လားကတော့ သူတို့ပဲ သိမယ်။ ငြိမ်သွားပေမဲ့ နောက်ကွယ်ကနေ ငွေနဲ့ဖြစ်ဖြစ် ကူနေ​သေးလားလည်း သူတို့ပဲ သိမယ်။ သို့သော် ခံဝန်ထိုးလိုက်ပြီ ဆိုရင်ကို သူ့ရဲ့ နာမည်ကျော်ကြားမှုကို သုံးပြီး တော်လှန်ရေးထဲ ထည့်ဝင်နိုင်မှုကတော့ တစ်ခန်းရပ်သွားပြီ။ ပြောရရင် အနုပညာရှင်၊ နာမည်ကျော် ဆိုတဲ့ အခန်းကဏ္ဍက လူတစ်ယောက် တိုက်ပွဲကျသွားတာပဲ။

အဲ့လိုပဲ၊ ငွေကူနေတဲ့သူက အဖမ်းခံရမှာစိုးလို့ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကူနိုင်စွမ်း မရှိတော့လို့ဖြစ်ဖြစ် မကူနိုင်တော့ဘူးဆိုလည်း ဒါ တိုက်ပွဲကျသွားတာပဲလေ။ Fundraising လုပ်တဲ့သူက အကောင့်ပိတ်ခံလိုက်ရလို့ ရှောင်နေရပြီ ဆိုလည်း ထိုနည်းလည်းကောင်းပဲ။

အဲ့လိုရှုထောင့်ကနေသာ ကြည့်ရင် ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း တိုက်ပွဲကျသွားသူတွေ၊ လျော့သွားတဲ့ အင်အားတွေ တစ်ပုံကြီး ရှိတယ်။ အပြစ်တင်ဖို့လည်း ခက်တယ်။ လူဆိုတာက ဘဝအခြေအနေချင်းလည်း မတူကြဘူးကိုး။ CDM တွေပဲ ကြည့်။ အစကတော့ လုပ်ကြတာ အများကြီးပဲ။ နောက်ကျ တစ်စတစ်စနဲ့ ပြန်ဝင်ကုန်ကြတယ်။ ကိုယ်တိုင်ရဲ့ စိတ်ဓါတ်မခိုင်တာရော၊ ဘဝရပ်တည်ရေးရော၊ မိသားစုဖိအားတွေ၊ ဖမ်းဆီးခံရနိုင်တာတွေ ပါလာတဲ့အခါ တောင့်မခံနိုင်ကြတော့ဘူး။

If we burn, you burn with us ဆိုပြီး ပြောကြပေမဲ့ တကယ့်တကယ်ကျ လောင်မြိုက်ခံရတာချင်း မတူကြပါဘူး။ အခု ဆီဈေးတွေ၊ ဒေါ်လာဈေးတွေ တက်တယ်။ ဘဏ်ထဲ သိန်း ၂ သောင်းလောက် ရှိနေတဲ့သူနဲ့၊ သိန်း ၂၀၀ လောက် အပ်ထားတဲ့ လူလတ်တန်းစားနဲ့၊ လက်ထဲ ၂ သိန်းတောင် မကိုင်ဖူးတဲ့သူနဲ့ ခံရတာချင်း မတူနိုင်ဘူး။ များသောအားဖြင့် ပထမအုပ်စုထဲ ရှိနေတာက စစ်ဗိုလ်ချုပ် အသိုင်းအဝိုင်းနဲ့ ခရိုနီတွေ များတယ်လေ။ သာမန်ပြည်သူတွေက ကျန်အုပ်စု ၂ စုထဲ ပါနေတာ။ ဆိုတော့ တိုင်းပြည်အခြေအနေ ဆိုးလာတာနဲ့အမျှ ကျွန်တော်တို့ ပြည်သူတွေရဲ့ တောင့်ခံနိုင်စွမ်းကလည်း ကျလာမှာပဲ။

ဒီလိုပြောလိုက်လို့ ၂၀၂၂ မှာ လုံးဝအပြီးအပြတ် အောင်မြင်မှ ဖြစ်မယ်တော့ မဟုတ်ဘူး။ အဲ့လိုဖြစ်ဖို့ ဆိုတာလည်း ခက်တယ်။ အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ နေရာတွေက တော်တော်နဲ့ကို လွတ်မြောက်ဦးမှာ မဟုတ်သေးဘူး။ သို့သော် ဒေသတစ်ခု၊ ပြည်နယ်တစ်ခုဖြစ်ဖြစ် လုံးဝလွတ်မြောက်သွားမယ် ဆိုရင်ကိုပဲ ဒါ အများကြီး သက်ရောက်မှုရှိတယ်။ တော်လှန်ရေးအပေါ် ယုံကြည်မှုတွေ တက်လာမယ်။ ဒါမှ အခု ပြောပြောနေကြတဲ့ Domino effect ဆိုတာ ရလာမှာ ဖြစ်တယ်။ ဥပမာ ကချင်ပြည်နယ် လွတ်မြောက်သွားတယ် ထား။ အဲ့တော့မှ လန့်ဖြန့်ပြီး ငါတို့ပဲ တောင်မြန်မာ ဖြစ်ကျန်ခဲ့တော့မယ် ဆိုတဲ့ အသိတွေ ဝင်လာမယ်။ မဆိုင်သလို နေနေတဲ့ ရေပေါ်ဆီတွေပါ လှုပ်ချင်လှုပ်လာလိမ့်မယ်။

ကုန်ကုန်ပြောရရင် အဲ့လို မလွတ်မြောက်သေးဘူး ဆိုရင်တောင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ခုထက် ပိုအားကောင်းလာတာမျိုး၊ ဖက်ဒရယ် ဆိုတဲ့ လမ်းကြောင်းပေါ် ပီပီပြင်ပြင် တက်လာတာမျိုးတွေ စသဖြင့် ဖြစ်လာရင်ကိုပဲ မဆိုးဘူး ဆိုရမယ်။ ဘွန်းလိုမျိုးကို ခရိုနီတွေ၊ သူဌေးတွေ ဝယ်ဖို့ဆိုတာကလည်း နိုင်မဲ့မြင်းက ကိုယ်ဖြစ်နေဖို့ လိုတာကိုး။ အနည်းဆုံး နှစ်ဖက်ခွထိုင်ချင်အောင်တော့ ဆွဲဆောင်နိုင်သည်ထိ ဖြစ်နေမှ ရမယ်။ တခြားနိုင်ငံတွေနဲ့ ဆွေးနွေးရင်လည်း ဒါ အရေးကြီးဆုံးလို့ ထင်တယ်။ အကျိုးစီးပွားပေါ်ပဲ အခြေခံကြတာမို့ ဓမ္မဘက်က ရပ်တည်တယ်ဆိုတာနဲ့ မပြီးဘူး။ တကယ့်အစိုးရအဖြစ် ပီပီပြင်ပြင် လုပ်နိုင်ဖို့က အဓိက ပိုကျတယ်။

ပြည်သူတွေအနေနဲ့ကတော့ ရှင်းပါတယ်။ စစ်အာဏာရှင်စနစ်ကို ရွံမုန်းလွန်းလို့ ခုထိ ခရီးရောက်အောင် တောင့်ခံလာခဲ့ကြပြီးပြီ။ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်လာခဲ့ပြီးပြီ။ ခုထိလည်း သွေးမအေးစတမ်း ပါဝင်နေကြဆဲ ဖြစ်တယ်။

လိုအပ်နေတာကတော့ အရွေ့တွေပါ။ တစ်လက်မမှ မရွေ့ဘူးလည်း မဆိုလိုပါဘူး။ သို့သော် ပြည်သူတွေ တောင့်ခံနေနိုင်တုန်း အခိုက်အတံ့မှာ များများရွေ့စေချင်တာပါ။ 80-20 rule အတိုင်း တော်လှန်ရေးကို ၈၀% လောက် ပြောင်းလဲသွားစေနိုင်မဲ့ ၂၀% သော ဆောင်ရွက်စရာတွေကို အာရုံစိုက် တွန်းလုပ်စေချင်တာပါ။

တစ်ဖက်မှာလည်း ပြည်သူတွေကို တိုက်တွန်းချင်တာက ဒီ ၁၀ လတော့ မရရတဲ့နည်းနဲ့ ကျားကန်ပေးထားကြဖို့ပါပဲ။ ၁၀ လ ကုန်သွားရင် လက်လျှော့ပြီး စစ်ဖိနပ်အောက်မှာ နေလိုက်ကြတော့ဖို့ ပြောနေတာတော့ မဟုတ်ပါဘူး။ သို့သော် ကိုယ့်ရဲ့ စိတ်ဓါတ်အင်အား၊ ငွေအင်အား၊ ကလစ်နိုင်တဲ့ အင်အား စတာတွေကို ၁၀ လစာလောက်တော့ ပြင်ထားပေးပါ။

ခံဝန်ထိုးလိုက်ရင်တောင် ငွေကူနိုင်တယ်ဆို ကူပေး။ ငွေကူနိုင်တဲ့ တိုက်ပွဲမှာ ကိုယ်ကျသွားရင်တောင် ကလစ်လုပ်တဲ့ တိုက်ပွဲမှာ မကျစေနဲ့။ Mobile data တွေ ဈေးတက်သွားလို့ ကလစ်လုပ်တဲ့ တိုက်ပွဲမှာ ကျသွားရင်လည်း စစ်တပ်နဲ့ ခရိုနီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို Boycott လုပ်တဲ့ တိုက်ပွဲမှာတော့ ဆက်ပါဝင်ပေး။ ဘယ်သူမဆို လုပ်နိုင်တာ တစ်ခုမဟုတ် တစ်ခုတော့ ရှိတယ်။ စိတ်ဓါတ်တွေ ဘယ်လိုပဲ ကျကျ၊ NUG ကို ဘယ်လိုပဲ အားမရ အားမရ၊ အဲဒါတွေကို ဆက်ပြီးတော့ တစိုက်မတ်မတ် လုပ်ပေး။

၂၀၂၂ ရဲ့ လက်ကျန် ၁၀ လဟာ အင်မတန် အရေးကြီးတာမို့ ဒီကာလအတွင်း အရွေ့တစ်ခုခု၊ အပြောင်းအလဲတစ်ခုခု ဖြစ်လာအောင် NUG ကလည်း NUG ရဲ့ အလုပ်လုပ်၊ လက်နက်ကိုင် တိုက်နေသူတွေကလည်း တိုက်၊ ကလစ်လုပ်ပြီး တော်လှန်တဲ့သူက တော်လှန် စသဖြင့် စသဖြင့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ကျွန်တော်တို့အားလုံး ဝိုင်းကြိုးစားကြရအောင်ပါ။

ဒေါက်တာ ဖြိုးသီဟ

Leave a Reply

Your email address will not be published.