MRDA ဆိုတဲ့မြန်မာ့တော်ဝင်နဂါးတပ်တော်..(ပြည်သူတွေ စိတ်ဓာတ်မကျပါနဲ့……)

News

MRDA ဆိုတဲ့မြန်မာ့တော်ဝင်နဂါးတပ်တော်..(ပြည်သူတွေ စိတ်ဓာတ်မကျပါနဲ့……)

MRDA ဆိုတဲ့မြန်မာ့တော်ဝင်နဂါးတပ်တော်ဟာ NUG ရဲ့ပံ့ပိုးမှု ပြည်သူလူထုရဲ့ ဝန်းရံအားဖြည့်မှုနဲ့အတူ ပြည်သူတွေမျှော်လင့်တဲ့လွတ်လပ်ရေးပန်းတိုင်ဆီကို ရောက်အောင်ချီတက်မှာပါ……

NUG ဟာလည်း အားနည်းချက်တွေကိုပြုပြင်ရင်း အခက်အခဲ ပြဿနာအမျိုးမျိုးကိုကျော်ဖြတ်ပြီး မြေပြင်က ခေါင်းဆောင်တွေရဲ့လက်နဲ့ ကောင်းကောင်းချိတ်ဆက်လာနေတာတွေ့ရတယ်…….

လက်နက်တပ်ဆင်မှုအပိုင်းတွေကြိုးစားစီစဉ်လာနေပါတယ်……ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့စကားလို ကျွန်ုပ်တို့ပြည်သူနဲ့ ကျွန်ုပ်တို့ (NUG) အစိုးရ အားနည်းချက်ရှိကြရင်လည်း အပြန်လှန်ပြုပြင်ရင်း လက်တွေမြဲထားရမှာပါ……

hihihihihihihihihi

this is test

မကောင်းရင်ပြင် မစွန်ရင်ပြောင်းဒီပွဲအောင်နိုင်ကြောင်းကတော့ ကျွန်ုပ်တို့တတွေဟာ လက်တွဲကိုတွဲပြီးတိုက်ရမှာပါ……အခုလက်ရှိလည်း ကျွန်ုပ်တို့တော်လှန်ရေးတပ်ဖွဲ့၊ ကျွန်ုပ်တို့ပြည်သူ‌တွေနဲ့ ကျွန်ုပ်တို့အစိုးရ (NUG) ဟာ အချိတ်ဆက်ပိုမိလာပြီး ပိုမိုအားကောင်းလာနေပါပြီ……

ရန်သူ့ဘက်ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ၊ ကျောင်းသား၊ နိုင်ငံရေးခေါင်းဆောင်နဲ့ တော်လှန်ရေးခေါင်းဆောင်တွေကြား သပ်လျှိုထားနိုင်ဖို့ ငွေနဲ့ဝယ်လို့ရတဲ့ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ၊ ကျောင်းသား၊ နိုင်ငံရေးခေါင်းဆောင်နဲ့ တော်လှန်ရေးခေါင်းဆောင်တချို့‌ကိုဝယ်ထားပြီး အားသွန်ခွန်စိုက်သွေးခွဲဖို့ကြိုးစားလာနေပါတယ်…….

ဒါကြောင့်မို့ ‌ကျွန်ုပ်တို့တွေဟာ ပြည်သူ့ရဲ့ရန်သူဆီမှာ ကိုယ်ကျိုးကိုသာကြည့်ပြီး ကိုယ့်ကိုကိုယ် ရောင်းမစားမိဖို့နဲ့ အဝယ်ခံထားရတဲ့ အတုအယောင်တွေရဲ့သွေးခွဲစကား၊ သွေးခွဲတရားတွေကို နားမယောင်မိဖို့ သတိကြီးကြီးထားကြရပါမယ်……

ဒီနေ့ ပြည်သူနဲ့ ပြည်သူ့အစိုးရ (NUG) ဟာ ချိတ်ဆက်မှုအား‌ကောင်းလာတာနဲ့အမျှ အာဏာလုအကြမ်းဖက်အုပ်စုအတွက် အဘက်ဘက်က အကျပ်အတည်းကြီးမားလာနေပြီး ၎င်းတို့ရဲ့အာဏာသက်ဆိုးရှည်ရေး အိပ်မက်ကြီးပျက်စီးရလုနီးနီးကိန်းကိုဆိုက်နေပါပြီ …….

ဒီအနေထားမှာ ရန်သူဟာ စစ်ရေးအရ စည်းမဲ့ကမ်းမဲ့ အရက်စက်ဆုံးတိုက်ခိုက်လာသလို ကျနော်တို့ကြားက ညီညွတ်ရေးကိုလည်းဖြိုခွဲဖို့ ကောက်ကျစ်စဉ်းလဲမှုမျိုးစုံနဲ့ချဉ်းကပ်လာနေပါတယ်…..

အဲဒီတော့ ကျွန်ုပ်တို့ဘက်ကလည်း ကိုယ့်ပြည်သူနဲ့ ကိုယ့်အစိုးရ အားနည်းချက်တွေကို အပြန်အလှန် ထိန်းကျောင်း ပြုပြင်ကြရင်း အမှားဝန်ခံ အမှန်ပြင်ကြရင်း အာဏာလုအကြမ်းဖက်အုပ်စုရဲ့လက်တွင်းက ရုန်းထွက်ကြဖို့ စိတ်ဝမ်းမကွဲ တညီတညွတ်ထဲလက်တွဲထားဖို့လိုပါတယ်……

နိုင်ငံရဲ့လိုအပ်ချက်အရပေါ်ပေါက်လာရတဲ့ အရေးပေါ်အဖွဲ့အစည်းဖြစ်နေတော့ လိုအပ်ချက်တွေတော့ရှိခဲ့ပါတယ်……

ကျွန်ုပ်တို့ကိုယ်တိုင်လည်း အားမလိုအားမရဖြစ်ခဲ့ကြရတာတွေရှိတာပါပဲ…..

ဒါပေမယ့် ဒီအချိန်မှာတော့ (NUG) ဟာသူ့လမ်းကြောင်းကို သူမတ်မတ်လျှောက်ဖို့ကြိုးစားလာနေတာတွေ့ရပါတယ်……

ကျွန်ုပ်တို့အခု တနိုင်ငံလုံးအတိုင်းအတာနဲ့ အင်အားစုကြီးတခုအဖြစ်ထူထောင်လိုက်တဲ့ ပြည်သူ့မျှော်လင့်ချက်ရောင်ခြည် (MRDA) မြန့်မာ့တော်ဝင်နဂါးတပ်တော်အတွက်လည်း အဖက်ဖက်ကပံ့ပိုးဖို့သဘောတူထားပြီးဖြစ်ပါတယ်……

ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေဆီမှာလည်း (NUG) ဘက်က အထောက်ပံ့တွေပေးလာနေတဲ့ သတင်းတွေဝမ်းသာအားတက်ဖွယ် ကြားနေရပါတယ်…..

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ ကျွန်ုပ်တို့ပြည်သူ့အစိုးရ (NUG) ဟာ အာဏာလုအကြမ်းဖက်အုပ်စုကိုကျော်လွန်ပြီး နိုင်ငံရေးအသာစီးရယူဖို့ကြိုးပမ်းအားထုတ်ရာမှာလည်း အောင်မြင်နေပါပြီ…….

လိုရင်းကိုပြန်ချုပ်ရရင် ကျွန်ုပ်တို့ပြည်သူတွေဘဝလွတ်မြောက်ရေးမဝေးတော့ဘူးဆိုတာပါပဲ…..

ကိုယ့်ပြည်သူနဲ့ ကိုယ့်အစိုးရ အချိတ်ဆက်မိမိနဲ့ ပြည်သူ့ဘဝလွတ်မြောက်ရေးကိုကြိုးစားပေးနေပြီဆိုတဲ့အချိန်မှာ အားလုံအနေနဲ့ကလည်း ရန်သူ့ရဲ့လှည့်ကွက်တွေကို သတိကောင်းကောင်းထားပြီး လမ်းကြောင်းမှန်မှန်ဝန်းရံလိုက်ပါပေးကြရင်း လွတ်လပ်ရေးပန်းတိုင်ဆီ ကိုယ်စီတာဝန်ယူချီတက်ကြပါစို့လို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်…….

ဗိုလ်နဂါး
မြန်မာ့တော်ဝင်နဂါးတပ်တော်
via-AnyataraBhikkhu

Leave a Reply

Your email address will not be published.