မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကို ICC တရားရုံးသို့ လွှဲပြောင်းတရားစွဲနိုင်ရေး ကုလသမဂ္ဂက ဆောင်ရွက်ပေးရန် အရပ်ဘက်အဖွဲ့ ၁၁၆ ခုက တောင်းဆို..
ရန်ကုန်၊ မတ် ၈




ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အနေဖြင့် မြန်မာနိုင်ငံတွင်းရှိ ဆိုးရှာလှသည့် ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရေး ICC တရားရုံးသို့ လွှဲပြောင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးရန် မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်း ၁၁၆ ဖွဲ့က ယမန်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။




စစ်ကောင်စီက ကျူးလွန်သော ယုတ်မာရက်စက်သောရာဇဝတ်မှုများအတွက် ကုလသမဂ္ဂက အခွင့်အာဏာအပ်နှင်းထားသော တရားစီရင်ရေးကို တည် ထောင်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် တရားမျှတမှု ရရှိရေး ဘက်ပေါင်းစုံက ဆောင်ရွက်ရန်၊ မြန်မာ့အရေး အခြေအနေများကို ICC တရားရုံးသို့ ပို့နိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေး အကြံပြုတိုက်တွန်းရန်တို့ ပါဝင်ကြောင်း သိရှိရသည်။
this is test




ထို့ပြင် ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံပိုင်နက်အတွင်း ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇ၀တ်မှုများနှင့်စပ်လျဉ်း၍ ICC တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို လက်ခံခြင်းအားဖြင့် ရောမသဘောတူစာချုပ် အပိုဒ် ၁၂(၃) အရ မြန်မာအစိုးရ NUG က တင်သွင်းသော ကြေညာချက်ကို လက်ခံရေး ICC အား တောင်းဆိုရန်၊




ကုလသမဂ္ဂအထွေထွေညီလာခံက ဆက်လက်အတည်ပြုထားသော NUG အစိုးရ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ရေး ပံ့ပိုးပေးရန်တို့ပါဝင်ကြောင်း သိရှိရသည်။
source: Khit Thit Media
Zawgyi
ျမန္မာစစ္တပ္၏ စစ္ရာဇဝတ္မႈမ်ားကို ICC တရား႐ုံးသို႔ လႊဲေျပာင္းတရားစြဲႏိုင္ေရး ကုလသမဂၢက ေဆာင္႐ြက္ေပးရန္ အရပ္ဘက္အဖြဲ႕ ၁၁၆ ခုက ေတာင္းဆို..




ရန္ကုန္၊ မတ္ ၈
ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီ အေနျဖင့္ ျမန္မာႏိုင္ငံတြင္းရွိ ဆိုးရွာလွသည့္ ရာဇဝတ္မႈမ်ားကို တရားစြဲဆိုႏိုင္ေရး ICC တရား႐ုံးသို႔ လႊဲေျပာင္းႏိုင္ရန္အတြက္ ေဆာင္႐ြက္ေပးရန္ ျမန္မာအရပ္ဘက္ လူထုအဖြဲ႕အစည္း ၁၁၆ ဖြဲ႕က ယမန္ေန႔က ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုသည္။




စစ္ေကာင္စီက က်ဴးလြန္ေသာ ယုတ္မာရက္စက္ေသာရာဇဝတ္မႈမ်ားအတြက္ ကုလသမဂၢက အခြင့္အာဏာအပ္ႏွင္းထားေသာ တရားစီရင္ေရးကို တည္ ေထာင္ျခင္းျဖင့္ ျမန္မာႏိုင္ငံအတြက္ တရားမွ်တမႈ ရရွိေရး ဘက္ေပါင္းစုံက ေဆာင္႐ြက္ရန္၊ ျမန္မာ့အေရး အေျခအေနမ်ားကို ICC တရား႐ုံးသို႔ ပို႔ႏိုင္ရန္အတြက္ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ဆုံးျဖတ္ခ်က္တစ္ခု ခ်မွတ္ေရး အႀကံျပဳတိုက္တြန္းရန္တို႔ ပါဝင္ေၾကာင္း သိရွိရသည္။




ထို႔ျပင္ ၂၀၀၂ ခုႏွစ္ ဇူလိုင္လ ၁ ရက္ေန႔မွစ၍ ျမန္မာႏိုင္ငံပိုင္နက္အတြင္း က်ဴးလြန္ခဲ့ေသာ ႏိုင္ငံတကာ ရာဇ၀တ္




မႈမ်ားႏွင့္စပ္လ်ဥ္း၍ ICC တရား႐ုံး၏ စီရင္ပိုင္ခြင့္အာဏာကို လက္ခံျခင္းအားျဖင့္ ေရာမသေဘာတူစာခ်ဳပ္ အပိုဒ္ ၁၂(၃) အရ ျမန္မာအစိုးရ NUG က တင္သြင္းေသာ ေၾကညာခ်က္ကို လက္ခံေရး ICC အား ေတာင္းဆိုရန္၊ ကုလသမဂၢအေထြေထြညီလာခံက ဆက္လက္အတည္ျပဳထားေသာ NUG အစိုးရ၏ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လူ႔အခြင့္အေရးေကာင္စီတြင္ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳႏိုင္ေရး ပံ့ပိုးေပးရန္တို႔ပါဝင္ေၾကာင္း သိရွိရသည္။
source: Khit Thit Media