နိုင်ငံတကာအမျိုးသမီးများ ရဲရင့်ခြင်းဆု(IWOC) အတွက် NUG ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင် ရွေးချယ်ခံရ

International News

နိုင်ငံတကာအမျိုးသမီးများ ရဲရင့်ခြင်းဆု(IWOC) အတွက် NUG ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင် ရွေးချယ်ခံရ

—People’s Spring

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာအမျိုးသမီးများ ရဲရင့်ခြင်းဆု(IWOC)ပေးအပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီး ဒေါ်အိသဥ္ဇာမောင်ကို ထည့်သွင်းရွေးချယ်လိုက်သည်။

အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တည် ဆောက်ရေး ကြိုးပမ်းနေကြသည့် ကမ္ဘာတဝန်းရှိ ထူးချွန် သော အမျိုးသမီး ၁၂ဦးကို အထက်ပါ နိုင်ငံတကာအမျိုးသမီးများရဲရင့်ခြင်းဆု ပေးအပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ခဲ့ရာ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဥ္ဇာမောင် ရွေးချယ်ခံရခြင်းဖြစ်သည်။

hihihihihihihihihi

this is test

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းပြီးရက်ပိုင်းအကြာတွင်ပင် ငြိမ်းချမ်းသော လူထုတော်လှန် ရေးသင်္ကေတအဖြစ်ထွက်ပေါ်ခဲ့သော စိတ်ဓာတ်တက်ကြွပြီး

ဩဇာရှိဒီမိုကရေစီလိုလားသူ ဒေါ်အိသဥ္ဇာမောင်သည် မြန်မာ့ဒီမိုကရေစီလိုလားသည့် အတိုက်အခံ NUG အစိုးရ၏ ဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

ရိုဟင်ဂျာများအပါအဝင် လူနည်းစုအုပ်စုကိုယ်စား ဒေါ်အိသဥ္ဇာမောင်၏ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုများသည် လူ့အခွင့်အရေးများကို​လေးစားလိုက်နာသည့် အားလုံးပါဝင်သော ပါတီစုံဒီမိုကရေစီအရေးအတွက် မြှင့်တင်ပေးခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။

ထို့အပြင် ဒေါ်အိသဥ္ဇာမောင်သည် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်နှင့် လူနည်းစုတိုင်းရင်းသားဘာသာစကားသင်ကြားခွင့်ပိတ်ပင်မှုများပါဝင်သော ပညာရေးဥပဒေ သပိတ် မှောက်ခြင်းကြောင်း ၂၀၁၅ တွင် ထောင်ချခံခဲ့ရသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အကြမ်းဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု နှင့် လူငယ်ရေး ရာ စည်းရုံးမှုကဲ့သို့သော ငြိမ်းချမ်းသော ဒီမိုကရေစီအရေး လှုပ်ရှား မှုများကြောင့် စစ်တပ်၏ ဖမ်း၀ရမ်းထုတ်ခံခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့်တိုင် ဒေါ်အိသဥ္ဇာမောင်သည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ခိုင်မာသော၊ အားလုံးပါဝင်သော ဒီမိုကရေစီနည်းကျ မြန်မာ နိုင်ငံအတွက် ဆက်လက်လုပ်ဆောင်ရန် ကတိကဝတ်ပြုထားကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အထက်ပါ IWOC ဆုချီးမြှင့်ပွဲကို အွန်လိုင်းမှတဆင့် လာမည့် မတ်လ ၁၄ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် အမေရိကန်သမ္မတကတော် ဒေါက်တာဂျီလ်ဘိုင်ဒန် တက်ရောက် မိန့်ခွန်းပြော မည်ဖြစ်သည်။

NUG ဒုတိယဝန်ကြီး ဒေါ်အိသဥ္ဇာမောင်သည် ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ အီရတ်၊ လိုက်ဘေးရီးယား၊ လစ်ဗျား၊ မော်လ်ဒိုဗာ၊ နီပေါ၊ ရိုမေးနီးယား၊ တောင်အာဖရိက၊ ဗီယက်နမ်တို့မှ အမျိုးသမီးများနှင့်အတူ ၂၀၂၂ အတွက် IWOC ဆု ရွေးချယ်ခံရခြင်းဖြစ်သည်။

Zawgyi

နိုင်ငံတကာအမျိုးသမီးများ ရဲရင့်ခြင်းဆု(IWOC) အတွက် NUG ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် ရွေးချယ်ခံရ

—People’s Spring

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာအမျိုးသမီးများ ရဲရင့်ခြင်းဆု(IWOC)ပေးအပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ကို ထည့်သွင်းရွေးချယ်လိုက်သည်။

အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တည် ဆောက်ရေး ကြိုးပမ်းနေကြသည့် ကမ္ဘာတဝန်းရှိ ထူးချွန် သော အမျိုးသမီး ၁၂ဦးကို အထက်ပါ နိုင်ငံတကာအမျိုးသမီးများရဲရင့်ခြင်းဆု ပေးအပ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ခဲ့ရာ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် ရွေးချယ်ခံရခြင်းဖြစ်သည်။


ဩဇာရှိဒီမိုကရေစီလိုလားသူ ဒေါ်အိသဉ္ဇာမောင်သည် မြန်မာ့ဒီမိုကရေစီလိုလားသည့် အတိုက်အခံ NUG အစိုးရ၏ ဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

ရိုဟင်ဂျာများအပါအဝင် လူနည်းစုအုပ်စုကိုယ်စား ဒေါ်အိသဉ္ဇာမောင်၏ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုများသည် လူ့အခွင့်အရေးများကို​လေးစားလိုက်နာသည့် အားလုံးပါဝင်သော ပါတီစုံဒီမိုကရေစီအရေးအတွက် မြှင့်တင်ပေးခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။

ထို့အပြင် ဒေါ်အိသဉ္ဇာမောင်သည် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်နှင့် လူနည်းစုတိုင်းရင်းသားဘာသာစကားသင်ကြားခွင့်ပိတ်ပင်မှုများပါဝင်သော ပညာရေးဥပဒေ သပိတ် မှောက်ခြင်းကြောင်း ၂၀၁၅ တွင် ထောင်ချခံခဲ့ရသည်။


ထွက်ပြေးတိမ်းရှောင်နေရသည့်တိုင် ဒေါ်အိသဉ္ဇာမောင်သည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ခိုင်မာသော၊ အားလုံးပါဝင်သော ဒီမိုကရေစီနည်းကျ မြန်မာ နိုင်ငံအတွက် ဆက်လက်လုပ်ဆောင်ရန် ကတိကဝတ်ပြုထားကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။


NUG ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်သည် ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ အီရတ်၊ လိုက်ဘေးရီးယား၊ လစ်ဗျား၊ မော်လ်ဒိုဗာ၊ နီပေါ၊ ရိုမေးနီးယား၊ တောင်အာဖရိက၊ ဗီယက်နမ်တို့မှ အမျိုးသမီးများနှင့်အတူ ၂၀၂၂ အတွက် IWOC ဆု ရွေးချယ်ခံရခြင်းဖြစ်သည်။

crd

Leave a Reply

Your email address will not be published.