မြန်မာပြည်မှာ ဆီ တလီတာ တသောင်းကျော်တော့မည်လော

News

ပူတင်က ရုရှား ရေနံဈေး ၃ ဆ တက်မည်ဟု ခြိမ်းခြောက်၊ မြန်မာပြည်မှာ ဆီ တလီတာ တသောင်းကျော်တော့မည်လော???

ရုရှ ရေနံကို တချို့နိုင်ငံတွေက မဝယ်ချင်ကြဘူး၊ ဒီတော့ရေနံဈေး တက်လာတယ်။ ရုရှကလည်း သူ့ရေနံကို မရောင်းရဘူးလို့ ပိတ်လိုက်လေ၊ ကမ္ဘာမှာရေနံဈေး ဒေါ်လာ ၃၀၀ ကျော်သွားမယ်တဲ့ ခြိမ်းခြောက်နေလေရဲ့။ စစ်ပွဲအတွင်း ရေနံဈေး ဒေါ်လာ ၄၀ ကျော်တက်တယ်။ နောက်ထပ် ဒေါ်လာ ၁၅၀ ကျော်အထိ တက်လာဦးမယ် မှန်းကြတယ်။ အဓိက က ရုရှ ရေနံကို ကမ္ဘာက ရောင်းခွင့် ဖွင့်ပေးမှာလား?

စီးပွားပိတ်ဆို့မှုနဲ့ ပိတ်ပစ်မှာလား မဆုံးဖြတ်နိုင်တော့ မရေရာတဲ့ဈေးကွက်ဖြစ်ပြီး အပိုစုဆောင်းကုန်ကြရော.. ကိုဗစ်ကာလ ငွေတွေကလည်း တွန်းထုတ်ထားကြတာကိုး။ လက်ရှိ ရေနံဈေးဟာ ကမ္ဘာ့စီးပွားပျက်ကပ်ဆီကို တွန်းပို့နေသလိုလိုပါပဲ။ (Kyaw Swa Min) သတင်းအပြည့်အစုံမှာ.. ရုရှား နိုင်ငံထုတ် ရေနံ ကို တားမြစ်ရေး အနောက်တိုင်းက ဆက်လက်လုပ်ဆောင်ခဲ့မယ်ဆိုရင် ဂျာမနီနိုင်ငံသို့ သွယ်တန်း ထားတဲ့

ရုရှားရဲ့ အဓိက ဓာတ်ငွေ့ ပိုက်လိုင်းကို ပိတ်ပစ်လိုက်မယ်လို့ ရုရှားက ခြိမ်းခြောက်လိုက်ပါတယ်။ ရုရှား ရဲ့ရေနံ ကိုငြင်းပယ်လို့ ရှိရင် ကမ္ဘာ့ဈေးကွက်အတွက် ဘေးဖြစ်စေတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပြီး ရေနံ တစ်စည်ကို ကန်ဒေါ်လာ ၃၀၀ အထိ ဈေးနှစ်ဆကျော် မြင့်တက်လာနိုင်ကြောင်း ရုရှား ဒုတိယဝန်ကြီးချုပ် အလက်ဆန်ဒါ နိုဗက် ကပြောကြားပါတယ်။ ယူကရိန်း ကိုကျူးကျော်မှု အတွက် ရုရှား ကို

hihihihihihihihihi

this is test

အပြစ်ပေးရေး နောက်ထပ် နည်းလမ်းတစ်ရပ်အနေနဲ့ အမေရိကန်က မဟာမိတ်တွေနဲ့ အတူ ရုရှား ရေနံကို တားမြစ်ရေးလေ့လာနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဆိုပါ အစီအစဉ်ကို ဂျာမနီနဲ့ နယ်သာလန်တို့ ကတနင်္လာနေ့က ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။ ဥရောပ သမဂ အီးယူဟာ သူတို့ သုံးစွဲနေတဲ့ သဘာဝဓာတ်ငွေ့ရဲ့ ၄၀ ရာခိုင်နှုန်း နဲ့ ရေနံ ၃၀ ရာခိုင်နှုန်းကို ရုရှားဆီက ရယူနေတာဖြစ်ပြီး ထောက်ပံ့ပေးပို့မှု အနှောင့်အယှက် ဖြစ်လာမယ်ဆိုရင်

အစားထိုးစရာ မရှိ ဖြစ်သွားနိုင်ပါတယ်။ ဥရောပဈေးကွက်မှာ ရုရှား ရေနံ အတွက် အစားထိုးစရာ မြန်မြန်ဆန်ဆန် ရှာလို့ရမှာ မဟုတ်ဘူးလို့ အလက်ဆန်ဒါ နိုဗက် ကပြောကြားပါတယ်။ ရုရှားရဲ့ ရေနံ တင်ပို့မှုကို ပိတ်ဆို့ အရေးယူမယ်ဆိုရင် လက်တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သူက

ခြိမ်းခြောက်ထားပါတယ်။ ရုရှား ဟာ ကမ္ဘာ့ ထိပ်တန်း သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး ရေနံထုတ်လုပ်မှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်တာကြောင့် ရုရှား စွမ်းအင် ကဏ္ဍကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုရင် ရုရှား စီးပွားရေး ပိုပြီး အထိ နာနိုင်သလို ကမ္ဘာ့ စွမ်းအင်ဈေးကွက်လည်း

ကမောက်ကမ ဖြစ်လာနိုင်ပါတယ်။ အမေရိကန်က ရုရှားဆီကနေ သဘာဝဓာတ်ငွေ့ ဝယ်ယူနေတာ ၃ ရာခိုင်နှုန်း ပဲ ရှိတာကြောင့် အမေရိကန်ဟာ မဟာမိတ်တွေ မပါဘဲ သူ့ တစ်နိုင်ငံတည်း ရုရှားရဲ့ ဓာတ်ငွေ့ကို တားမြစ်ဖို့ လုပ်ဆောင် လာနိုင်တယ်လို့ လေ့လာသူတွေ ကပြောကြားပါတယ်။

crd-

Zawgyi
ပူတင္က ႐ုရွား ေရနံေစ်း ၃ ဆ တက္မည္ဟု ၿခိမ္းေျခာက္၊ ျမန္မာျပည္မွာ ဆီ တလီတာ တေသာင္းေက်ာ္ေတာ့မည္ေလာ???

႐ုရွ ေရနံကို တခ်ိဳ႕ႏိုင္ငံေတြက မဝယ္ခ်င္ၾကဘူး၊ ဒီေတာ့ေရနံေဈး တက္လာတယ္။ ႐ုရွကလည္း သူ႔ေရနံကို မေရာင္းရဘူးလို႔ ပိတ္လိုက္ေလ၊ ကမာၻမွာေရနံေဈး ေဒၚလာ ၃၀၀ ေက်ာ္သြားမယ္တဲ့ ၿခိမ္းေျခာက္ေနေလရဲ႕။ စစ္ပြဲအတြင္း ေရနံေဈး ေဒၚလာ ၄၀ ေက်ာ္တက္တယ္။ ေနာက္ထပ္ ေဒၚလာ ၁၅၀ ေက်ာ္အထိ တက္လာဦးမယ္ မွန္းၾကတယ္။ အဓိက က ႐ုရွ ေရနံကို ကမာၻက ေရာင္းခြင့္ ဖြင့္ေပးမွာလား?

စီးပြားပိတ္ဆို႔မႈနဲ႔ ပိတ္ပစ္မွာလား မဆုံးျဖတ္ႏိုင္ေတာ့ မေရရာတဲ့ေဈးကြက္ျဖစ္ၿပီး အပိုစုေဆာင္းကုန္ၾကေရာ.. ကိုဗစ္ကာလ ေငြေတြကလည္း တြန္းထုတ္ထားၾကတာကိုး။ လက္ရွိ ေရနံေဈးဟာ ကမာၻ႔စီးပြားပ်က္ကပ္ဆီကို တြန္းပို႔ေနသလိုလိုပါပဲ။ (Kyaw Swa Min) သတင္းအျပည့္အစုံမွာ.. ႐ုရွား ႏိုင္ငံထုတ္ ေရနံ ကို တားျမစ္ေရး အေနာက္တိုင္းက ဆက္လက္လုပ္ေဆာင္ခဲ့မယ္ဆိုရင္ ဂ်ာမနီႏိုင္ငံသို႔ သြယ္တန္း ထားတဲ့

႐ုရွားရဲ႕ အဓိက ဓာတ္ေငြ႕ ပိုက္လိုင္းကို ပိတ္ပစ္လိုက္မယ္လို႔ ႐ုရွားက ၿခိမ္းေျခာက္လိုက္ပါတယ္။ ႐ုရွား ရဲ႕ေရနံ ကိုျငင္းပယ္လို႔ ရွိရင္ ကမာၻ႔ေဈးကြက္အတြက္ ေဘးျဖစ္ေစတဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ ျဖစ္လာႏိုင္ၿပီး ေရနံ တစ္စည္ကို ကန္ေဒၚလာ ၃၀၀ အထိ ေဈးႏွစ္ဆေက်ာ္ ျမင့္တက္လာႏိုင္ေၾကာင္း ႐ုရွား ဒုတိယဝန္ႀကီးခ်ဳပ္ အလက္ဆန္ဒါ ႏိုဗက္ ကေျပာၾကားပါတယ္။ ယူကရိန္း ကိုက်ဴးေက်ာ္မႈ အတြက္ ႐ုရွား ကို

အျပစ္ေပးေရး ေနာက္ထပ္ နည္းလမ္းတစ္ရပ္အေနနဲ႔ အေမရိကန္က မဟာမိတ္ေတြနဲ႔ အတူ ႐ုရွား ေရနံကို တားျမစ္ေရးေလ့လာေနတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ အဆိုပါ အစီအစဥ္ကို ဂ်ာမနီနဲ႔ နယ္သာလန္တို႔ ကတနလၤာေန႔က ျငင္းပယ္ခဲ့ေၾကာင္း သိရပါတယ္။ ဥေရာပ သမဂ အီးယူဟာ သူတို႔ သုံးစြဲေနတဲ့ သဘာဝဓာတ္ေငြ႕ရဲ႕ ၄၀ ရာခိုင္ႏႈန္း နဲ႔ ေရနံ ၃၀ ရာခိုင္ႏႈန္းကို ႐ုရွားဆီက ရယူေနတာျဖစ္ၿပီး ေထာက္ပံ့ေပးပို႔မႈ အေႏွာင့္အယွက္ ျဖစ္လာမယ္ဆိုရင္

အစားထိုးစရာ မရွိ ျဖစ္သြားႏိုင္ပါတယ္။ ဥေရာပေဈးကြက္မွာ ႐ုရွား ေရနံ အတြက္ အစားထိုးစရာ ျမန္ျမန္ဆန္ဆန္ ရွာလို႔ရမွာ မဟုတ္ဘူးလို႔ အလက္ဆန္ဒါ ႏိုဗက္ ကေျပာၾကားပါတယ္။ ႐ုရွားရဲ႕ ေရနံ တင္ပို႔မႈကို ပိတ္ဆို႔ အေရးယူမယ္ဆိုရင္ လက္တုန႔္ျပန္မႈေတြနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔လည္း သူက

ၿခိမ္းေျခာက္ထားပါတယ္။ ႐ုရွား ဟာ ကမာၻ႔ ထိပ္တန္း သဘာဝ ဓာတ္ေငြ႕ ထုတ္လုပ္တဲ့ ႏိုင္ငံျဖစ္ၿပီး ေရနံထုတ္လုပ္မႈ ဒုတိယ အမ်ားဆုံးႏိုင္ငံ ျဖစ္တာေၾကာင့္ ႐ုရွား စြမ္းအင္ က႑ကို အေရးယူ ပိတ္ဆို႔မႈေတြ လုပ္မယ္ဆိုရင္ ႐ုရွား စီးပြားေရး ပိုၿပီး အထိ နာႏိုင္သလို ကမာၻ႔ စြမ္းအင္ေဈးကြက္လည္း

ကေမာက္ကမ ျဖစ္လာႏိုင္ပါတယ္။ အေမရိကန္က ႐ုရွားဆီကေန သဘာဝဓာတ္ေငြ႕ ဝယ္ယူေနတာ ၃ ရာခိုင္ႏႈန္း ပဲ ရွိတာေၾကာင့္ အေမရိကန္ဟာ မဟာမိတ္ေတြ မပါဘဲ သူ႔ တစ္ႏိုင္ငံတည္း ႐ုရွားရဲ႕ ဓာတ္ေငြ႕ကို တားျမစ္ဖို႔ လုပ္ေဆာင္ လာႏိုင္တယ္လို႔ ေလ့လာသူေတြ ကေျပာၾကားပါတယ္။

crd-

Leave a Reply

Your email address will not be published.