NUG နဲ့ KNU တို့ အတွင်းရေး ဖွင့်ချလိုက်ပီ

International News

NUGနှင့် KNU အကြား Bilateral နိုင်ငံရေးနှင့်စစ်ရေးကိစ္စများ ပူးပေါင်းဆောင် ရွက်နေဟု KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးပြော

ရန်ကုန်၊ မတ် ၁၁

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ နိုင်ငံရေးနှင့်စစ်ရေးကိစ္စများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း KNU ဗဟိုအလုပ်အမှု ဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

 

Photo credit from original uploader

hihihihihihihihihi

this is test

” NUG နဲ့ ကရင်အမျိုးသားအစည်းအရုံးကြားမှာတော့ ကျနော်တို့ ထူးထူးထွေထွေ ပြောနေစရာမလိုဘူးလေ၊ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့နဲ့ ပထမဆုံး တွေ့ဆုံ စကားပြောကြတာ ဒီလူတွေပဲ ဖြစ်တာပဲလေ၊ တနှစ်ပတ်လုံး စကားပြောလာပြီးတဲ့အခါမှာ နောက်ဆုံးကျတော့ NUCC ဆိုတာ ပေါ်လာတယ်လေ။ အဲဒီ NUCC ထဲမှာ ကျနော်တို့ တူတူရှိနေတယ်ဗျာ။ လုပ်စရာရှိတာကို ကျနော်တို့ တူတူလုပ်ရတယ်ဗျာ၊ ဒါပေမယ့် အဖွဲ့တွေက များတဲ့အခါကျတော့ တချို့အဖွဲ့တွေက သူတို့အစုနဲ့ သူတို့ လုပ်နေတာတွေ ရှိတယ်။

ကျနော်တို့နဲ့ NUG နဲ့ ကြားမှာက bilateral ဆိုပြီးတော့ နှစ်ဦးနှစ်ဖက် နိုင်ငံရေးကိစ္စရော စစ်ရေးကိစ္စရော သွားနေတာရှိတယ်။ ဒီအပိုင်းလောက်ပဲ ကျနော်ပြောလို့ရမယ်၊ ကျနော်တို့ နှစ်ဦးနှစ်ဖက် နားလည်မှုရှိရှိ လုပ်နေတယ်လို့ ပြောလို့ရတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

ထို့ပြင် KNU တပ်မဟာ ၆ သည် လေးကေ့ကော်တွင် စစ်ကောင်စီတပ်များ ပြန်လည် ဆုတ်ခွာရန် စာထုတ်ပြန်ထားပြီး ယင်းစာထုတ်ပြန်မှုသည် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“တပ်မဟာ ၆၊ ဒူးပလာယာခရိုင်က ပြည်သူလူထုရဲ့ စည်းစိမ်ဥစ္စာနဲ့ အသက်ရှင်ရပ်တည်ရေး၊ လုံခြုံရေးအတွက် သူတို့မှာ တာဝန်ရှိတဲ့အပေါ်မှာ သူတို့ လုပ်သင့်တာကို လုပ်တာပဲဖြစ်တယ်။ သူတို့ကလည်း တာဝန်ရှိတယ်လေ။ သူတို့လုပ်ရမယ်၊ အကာအကွယ်ပေးမယ်။ ဒီနေ့ ဒီအချိန်မှာဆိုရင် ဟိုး ဒီဇင်ဘာလကတည်းက ပြေးလွှားပြီးတော့ တောထဲ၊ တောင်ထဲမှာပဲ အိမ်တွေစွန့် ယာတွေစွန့် အိမ်ပြန်လို့လည်း မရဘူး။

နောက် စစ်ကောင်စီတပ်တွေကလည်း အဲဒီမှာထိုင်ထားပြီးတော့ အဲဒီမှာ ရှိသမျှ အိုးအိမ် အသုံးအဆောင်ပစ္စည်းတွေကို လုယူတာအပြင် ဖျက်ဆီးတာ ရှိတယ်၊ ကားတွေကိုလည်း အကုန် ယူသွားပြီးတော့ ရောင်းစားနေကြတာလည်း လူတိုင်းသိနေတဲ့ ကိစ္စ၊ အခုက သုံးလ လောက်လည်း ကြာနေပြီ၊ မိုးကလည်း ကျလာပြီ။ တပ်မဟာ ၆ က သူတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပဲ ဖြစ်တယ်” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်ရှိအချိန်တွင် လေယာဉ်မပါဘဲ မတိုက်ခိုက်နိုင်တော့ကြောင်း၊ လေယာဉ်အသုံးပြုရပြီဆိုလျှင် စစ်ကောင်စီတပ်များ အထိနာနေသည်ကို သိသာစေကြောင်း ၎င်းက ရှင်းပြသည်။

“အထူးသဖြင့် လေယာဉ်နဲ့ လာတိုက်ပြီဆိုလို့ရှိရင် မြေပြင်တပ်တွေက အထိ အခိုက်များလာရင် လေယာဉ်ပျံက တန်းရောက်လာတာပဲ၊ ကျနော်တို့ အတွေ့ အကြုံအရ အဲလိုက သိပြီးသားကို ဖြစ်နေတာပဲ။ လေယာဉ်ရောက်လာပြီဆိုရင် သူတို့ ရှေ့တန်းက တပ်တွေ တော်တော်နာနေပြီဆိုတာလို့ ကျနော်တို့ သိရတယ်ဗျ။ အခုတလောမှာ လေကြောင်းနဲ့ ပစ်ကူတာတွေ၊ လေကြောင်းနဲ့ ထိုးနှက်တာတွေက တော်တော်များများ တွေ့လာရတယ်။

ကျနော်ပြောချင်တာက ကျနော်တို့ ဒေသမှာမှ မဟုတ်ဘူး၊ အခြားဒေသတွေမှာလည်း အလားတူပါပဲ ပုံစံတခုတည်းပဲ ဖြစ်နေတယ်။ ကရင်နီမှာပဲ ကြည့်ကြည့် ချင်းမှာပဲ ကြည့်ကြည့် စစ်ကိုင်း၊ မကွေး မှာပဲ ကြည့်ကြည့်။ ကျနော်ပြောချင်တာက သူတို့ ဘာလို့ လေကြောင်းကို အဓိက သုံးနေရလဲဆိုတော့ တစ် အချက်က မြေပြင်မှာ ဘာမှ မလုပ်နိုင်ဘူး၊ ထစ်ခနဲရှိရင် လေတပ်ကို အဘ ခေါ်ရတဲ့ အနေအထားကို ရောက်နေပြီလေ၊ ဆိုတော့ လေယာဉ်မပါတာနဲ့ အလုပ်မလုပ်တတ်တော့ဘူးဆိုတာ ရှင်းနေတယ်။ နောက်တချက်က လေတပ်တွေနဲ့ တောက်လျှောက်ဗုံးကျဲတာက အဓိက အရပ်သား ပစ်မှတ်ကိုလုပ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ ရက်စက် ယုတ်မာမှုများကြောင့် လူထုသည် စစ်ကောင်စီကို ခါးခါးသီးသီး မုန်းတီးနေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အရပ်သားပစ်မှတ်ကို လုပ်တာက သူတို့ တွက်ချက်တာက လူထုတွေက ဒီတော်လှန်ရေးအဖွဲ့တွေကို မကူညီနိုင်အောင်ဆိုပြီးတော့ လုပ်တယ်။ သို့သော် နောက်ဆက်တွဲ ရလာတဲ့ ရလဒ်တွေက သူတို့လု့ပ်လေလုပ်လေ လူထုက ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေကို စိတ်မနာတဲ့အပြင် သူတို့ကိုပဲ စိတ်ပြန်နာသွားတာ။ ကျနော်တို့ ဖြတ်သန်းမှုအရ တော်လှန်ရေးက အနှစ် ၇၀ ကျော်လာပြီ၊ အခုထက်ထိ ဒီ စစ်ကောင်စီက သင်ခန်းစာမယူတတ်ဘူး၊

အဲဒါကြောင့် မိုက်တွင်းနက်ဆဲပဲ။ အခုက လူထုတိုင်းက သူတို့ (စစ်ကောင်စီ)ရဲ့ ရန်သူတွေ ဖြစ်သွားပြီဆိုတော့ လူထုတွေ ဒုက္ခရောက်လာတယ်၊ အရေအတွက်က များလာတယ်။

ကျနော်တို့ ရှိတဲ့ ခွန်အားနဲ့ တတ်နိုင်သလောက် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ တတ်နိုင်သလောက် ကူကြတယ်ဆိုတော့ ဒီလူထုတွေဟာ မပြည့်ဆုံဘူးဆိုပေမယ့် ကျနော်တို့ ဘက်မှာပဲ ရှိတယ်လေ။ လူထုတွေက စစ်ကောင်စီဘက်မှာ မသွားနေချင်ဘူးလေ။ ကျနော်တို့ လက်အောက်မှ မရှိဘူး၊

မပြည့်စုံဘူးဆိုတာသိပေမယ့် ကျနော်တို့ ဘက်မှာပဲ လာနေကြတယ်။ ဒီလိုအခြေအနေဟာ ကျနော်တို့ ဒေသတင်မဟုတ်ဘူး၊ တနိုင်ငံလုံးမှာ ဖြစ်နေတာဆိုတော့ အခြေအနေက ရပ်တည်ချက် အရမ်းကို ကွဲပြားသွားပြီဆိုတာ ပြောလို့ရတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသွားသည်။
credit

Leave a Reply

Your email address will not be published.