သိန်းတစ်သောင်းခွဲပေါက်သူမှ ဘုရားတည်ရန် အုတ်ရိုး တူးလိုက်သောအခါ

International News

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝရာကျေးရွာနေ (၁၇) ကြိမ်မြောက် သိန်း (၁၅၀၀၀) ဆုပေါက်ခဲ့သူတို့က ဘုရားတည်ရန် အုတ်ရိုးတူးရာမှ ရှေးဟောင်းအမွေအနှစ်များ သြဂုတ်လ(၂၅)ရက်နေ့လည်က တူးဖော်တွေ့ရှိကြောင်းသိရပါတယ် …။

“ဝရာကျေးရွာမှာ သမိုင်းဝင် ရွှေမုဌောဘုရားကြီးရဲ့မြောက်ဘက်ကပ်ရက်မှာ ဘုရားကုန်းကြီးရှိတယ်…

သစ်ပင်တွေ ပေါက်နေတာ ကြာပြီ…ဦးဇင်းတို့ရွာက ၁၇ ကြိမ်မြောက်မှာ သိန်း ၁၅ဝဝဝ ပေါက်တယ်…ပေါက်တဲ့ ကိုသောင်းထိုက်ဦးတို့၊ မဆုမြတ်မော် မောင်နှမတစ်စုက ဒီရှေးဟောင်းဘုရားကြီးကိုပြင်မယ်ဆိုပြီး လုပ်တယ်…ဒီဝါတွင်းကိုတော့ အုတ်ရိုးတွေ ဖော်မယ်ပေါ့…ဝါကျွတ်မှပဲ ဘုရားတည်မယ်ပေါ့…

hihihihihihihihihi

this is test

ဒီနေ့မှာ ဘတ်ဟိုးကော်တယ်…ဒီနေ့လူတွေနဲ့ အုတ်ရိုးတွေတူးရင်းနဲ့ ရှေးဟောင်းပစ္စည်းတွေ ရှိခဲ့တာပါ” ဟု ဦးဇင်း ဦးဝေပုံက မိန့်ကြားပါတယ် …။

တွေ့ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်များမှာ ရှေးဟောင်းဘုရားများ၊ ကျောက်ဆင်းတုဘုရား၊ စာများ၊ အိုးများ၊ ကြေးဆင်းတုများဖြစ်ပြီး မည်သို့စီမံဆောင်ရွက်မည်ကို ဆွေးနွေးတိုင်ပင်စဲ ဖြစ်ကြောင်းလည်း သိရပါတယ် …။

“ဘုရားတွေကတော့ လက်ကျိုးတာတွေရော၊ ခေါင်းပြတ်တာတွေရော ပါတယ်…စာတွေတော့ ပါတယ်…တချို့ကတော့ အင်းဝခေတ်ကဟာလို့တော့ပြောတယ်…သေချာမကြည့်ရသေးဘူး…အရင်ရွှေမုဌောဘုရားကြီးတုန်းက ငလျင်လှုပ်တုန်းက ဓာတ်တော်တွေ့တယ်…

အဲဒါတွေလည်း ဘုရားထည့်တယ်…အခုတွေ့ဟာကလည်း ဌာပနာထဲ ထည့်ဖြစ်မယ် ထင်တယ်”လို့ ဆရာတော်က မိန့်ကြားပါတယ် …။

ဓါတ်ပုံ- ဦးဝေ/ မျိုးဝင်းထွန်း (မုံရွာ)

Credit to AlinnMyay

Leave a Reply

Your email address will not be published.