မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်မည်ဟု နက္ခတ်ပညာရှင်ဟောကိန်းထုတ်

News

လာမည့် မတ်လ၂၉ ရက်နေ့ (တပေါင်းလဆုတ် ၂ ရက်) နက္ခတ်လပြည့်ချိန်တွင် အင်္ဂါဂြိုလ်ကို ရာဟုအရိပ်မည်းဖုံးလွှမ်းမည်ဖြစ်ကြောင်း ဦးဇေယျာကို (နက္ခတ်ဥယျာဉ်) က ဟောကြားထားပြီး။

အဆိုပါဖြစ်စဉ်ဖြစ်ပေါ်ခဲ့သောနောက်ဆုံးအကြိမ်တွင် နိုင်ငံတော်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်နေဝင်းနန်းကျပြီး အထိန်းအသိမ်း ခံခဲ့ရသည်ဟု သိရသည်။

လာမည့် ၂ဝ၂၂ခုနှစ်၊ မတ်လ (၂၉) ရက်၊ တနင်္လာနေ့၊နက္ခတ်လပြည့်ချိန် နံနက် (၁) နာရီ (၁၈) မိနစ်အချိန်တွင် အင်္ဂါနှင့်ရာဟုဂြိုလ်များ ဒီဂရီတိက်စြာ ပူးယှဉ်ကြမည်ဟု နက္ခတ်ပညာရှင်က ဆိုသည်။

ထိုသို့ပူးယှဉ်မှုမှာ မြန်မာ့အရေးကိစ္စများအတွက် များစွာလွှမ်းမိုးပတ်သက်လာနိုင်သည်ဟု ဆိုသည်။(၁၈) နှစ်လျှင် (၁) ကြိမ်ပူးယှဉ်လေ့ရှိသော ၎င်းဖြစ်စဉ်ဖြစ်ပေါ်ခဲ့သော နောက်ဆုံးအကြိမ်သည် ၂ဝဝ၂ ခုနှစ်၊ မေလ (၁၂) ရက်၊ တနင်္ဂနွေနေ့၊ နက္ခတ်လကွယ်ချိန်တွင် ပူးယှဉ်ခဲ့သည်ဟု ပညာရှင်က ဖော်ပြထားသည်။

လက်ရှိဖြစ်ပူးယှဉ်သောရာသီသည် ပြိသရာသီပင်ဖြစ်သည်ဟု ဖော်ပြထားပြီး ထိုကာလအနီးနားတွင် ဦးနေဝင်းမိသားစုများနှင့်ပတ်သက်သည့်နိုင်ငံတော် ပဋိပက္ခပြသနာ ပေါ်ထွန်းခြင်း၊တစ်နည်းအားဖြင့် နိုင်ငံတော်အကြီးအကဲဖြစ်သူ

hihihihihihihihihi

this is test

ဦးနေဝင်းနန်းကျမှု နှင့်အထိန်းသိမ်းခံရမှုဖြစ်စဉ်၊ထိုင်းနှင့်မြန်မာ နယ်စပ်စစ်ရေး ပဋိပက္ခပြသနာ တင်းမားမှုဖြစ်စဉ်နှင့် စစ်ပွဲများစွာ ဖန်တီးခဲ့ရမှုအဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ သည်ဟု သိရသည်။

အင်္ဂါဂြိုဟ်သည် မြန်မာ့လွတ်လပ်ရေးဇာတာအရဗြိစ္ဆာလဂ်သခင်ဖြစ်ခြင်းကြောင့် အဖြစ်အပျက်များသည် အင်္ဂါ နှင့်ရာဟု နီးကပ်လာသည်နှင့်အမျှပိုမို သိသာထင်ရှားလာနိုင်မည်ဟု သိရသည်။

ဂြိုဟ်နီ အင်္ဂါအား ရာဟုကြတ်သောဖြစ်စဉ်ဟု ဆိုထားသည်။ အင်္ဂါ၏ လတ္တီတွဒ် တည်နေရာမြောက်လတ္တီတွဒ်၂၄ဒီဂရီ ၀၂မိနစ်ဖြစ်သဖြင့်အင်္ဂါဂြိုဟ်မြန်မာနိုင်ငံ ရွှေဘိုမြို့ပေါ်မှ ဖြတ်သန်းနေချိန်ဖြစ်သည်ဟု ရေးသားထားသည်။

ထိုနေ့ရက်အနီးနားတွင်မြန်မာပြည်အတွက် ထူးခြားသည့်ပြောင်းလဲမှုများပေါ်ပေါက်လာမည်။နိုင်ငံရေး ရှုပ်ထွေးမှု ပဋိပက္ခဖြစ်စဉ်များ၊ကြေကွဲဝမ်းနည်းဖွယ်ဖြစ်စဉ် အများအပြားပေါ်ပေါက်လာနိုင်သည်ဟု ဆိုသည်။

တန်ခူးလကုန်ဆုံးပြီးချိန်ဧပြီလကုန်နောက်ပိုင်းမှသာ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုများပြန်လည် ရယူနိုင်မည်”လို့ ဆရာ ဦးဇေယျာကိုက ဟောကိန်းထုတ်ထားသည်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကိုးကား-Myanmar Harp

Leave a Reply

Your email address will not be published.