ပြည်သူတွေကို အကြမ်းဖက်ဖျက်ဆီးမှုတွေလုပ်နေတဲ့ အဖွဲ့က အရာရှိတွေနဲ့အတူ ညစာစားသောက်ရင်း ပျော်ပါးနေတဲ့ မြင့်မြတ်

International News

ပြည်သူတွေကို အကြမ်းဖက်ဖျက်ဆီးမှုတွေလုပ်နေတဲ့ အဖွဲ့က အရာရှိတွေနဲ့အတူ ညစာစားသောက်ရင်း ပျော်ပါးနေတဲ့ မြင့်မြတ်

တစ်ချိန်က ယောက်ျားလေးပရိသတ်အားပေးမှုအများအပြားနဲ့အောင်မြင်ခဲ့တာကတော့ မြင့်မြတ်ပဲဖြစ်ပါတယ်။ လူငယ်ပရိသတ်အားပေးမှုတွေသာမက အရွယ်စုံအားပေးကြတဲ့မင်းသားတစ်ဦးပါ။ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေအများအပြားရိုက်ကူးခဲ့ရတဲ့သူတစ်ယောက်ပါ။

 

တစ်ချိန်က အောင်​မြင်မှုတွေနဲ့ချစ်ခင်မှုတွေရရှိထားတဲ့သူကတော့ခုမှာ ဝေဖန်မှုတွေများစွာကြုံတွေ့ခဲ့ရတာပါ။ အာဏာသိမ်းချိန်ကတည်းက ပရိသတ်ရရှေ့ပျောက်နေခဲ့တာကြောင့် ဝေဖန်မှုတွေရှိပေမယ့်လည်း ခုပုံရိပ်လေးတစ်ခုကြောင့် ပရိသတ်တွေ

hihihihihihihihihi

this is test

လက်မခံနိုင်စရာအခြေနေကိုကြုံတွေ့ခဲ့ရတာပါ။ သူဟာမနေ့ကတော့ စစ်ကောင်စီထောက်ခံတဲ့ BGF အဖွဲ့ကသူတွေနဲ့ညစာစားတဲ့ပုံရိပ်တွေလူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့က ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်နေ၍ ​ဒေသခံပြည်သူများ​​နေရပ်စွန့်ခွာထွက်​ပြေး ဒုက္ခတွေ့နေချိန်တွင် နာမည်ကြီး

သရုပ်ဆောင်မင်းသားမြင့်မြတ်က BGFအရာရှိများနှင့် ညစားစားပွဲကို​ပျော်ရွှင်စွာ ပြုလုပ်​နေသကို​ တွေ့ရသည်။BGF ခေါင်းဆောင် စောချစ်သူ၏ လက်ရုံးဟု လူသိများသည့် ဗိုလ်မှူးနိုင်မောင်ဇော်က မြင့်မြတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို

ယနေ့(မတ်လ ၁၁ရက်)ညတွင် လူမှုကွန်ရက်၌ တင်ထားသည်။ နယ်ခြား​စောင့်တပ်ဖွဲ့ (BGF)မှာ အကြမ်းဖက်စစ်​ကောင်စီတပ် သြဇာခံ​သောအဖွဲ့များဖြစ်သည်။ကရင်ပြည်နယ်တွင် KNUလက်​အောက်ခံKNLA တပ်နှင့် PDF များကို စစ်​ကောင်စီတပ်နှင့်ပူး​ပေါင်းတိုက်ခိုက်​နေ​သောတပ်များဖြစ်သည်။

Facebook လူမှုကွန်ရက်ကို မြစ်သံလွင်အမည်ဖြင့် အသုံးပြုနေသည့် နိုင်မောင်ဇော်က မြင့်မြတ်၊Kညီတို့နှင့်တွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ကာ ” Dinner အတွက်ကျေးဇူးပါ ညီလေး” ဟု ယ​နေ့ညတွင်ရေးသားထားသည်။ညစာစားပွဲတွင် ဟင်းအမယ်စုံနှင့် အကြမ်းဖက်စစ်တပ်ထုတ်မြန်မာဘီယာပုလင်းများနှင့်အတူ ​ပြုံး

ရွှင့်ကြစား​သောက်​နေကြသည်ကို​တွေ့ရသည်။ထိုအပြင်အဆိုပါညစာစားပွဲတွင်မော်​တော်ဆိုင်ကယ်နှင့်ကားများတင်သွင်း​ရောင်းချ​နေ​သော Easy Rider Moterbike ကုမ္ပဏီနှင့် Naga Lady Auto Mobile ပိုင်ရှင် တင်​ကျော်နန္ဒ

လည်းပါဝင်သည်ကို​တွေ့ရသည်။ Easy Rider သည် မြန်မာ-ထိုင်းနယ်စပ်မှတစ်ဆင့် စစ်​ကောင်စီနှင့် BGF များကိုဆက်​ကြေး​ပေးကာ ဆိုင်ကယ်တင်သွင်း​နေ​သောလုပ်ငန်းဖြစ်​ကြောင်းနယ်စပ်မှလုပ်ငန်းရှင်တစ်ဦးက​ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် BGFကကရင်ပြည်နယ် လေးကေးကော်မြို့သစ်နှင့် ကော့ကရိတ်မြို့နယ်အတွင်းယခုရက်ပိုင်း ကျူး​ကျော်ထိုးစစ်ဆင်နေ၍ KNUနှင့် ပြည်သူကာကွယ်ရေးအဖွဲ့များက

ခုခံတိုက်ခိုက်သည်။ အရပ်သားအမြောက်အများလည်း စစ်ဘေးရှောင်ထွက်​ပြေးနေရသည်။ ယင်းအခြေအနေတွင် BGFအရာရှိများနှင့် မြင့်မြတ်က အတူရှိနေသည့်အပေါ်ပြ

ည်သူအချို့က ပြစ်တင်ရှုတ်ချသည်။”စစ်ကောင်စီလက်အောက်ခံ BGF နဲ့ အခုလို ပလူးနေတာ မြင်ရအဆင်မပြေဘူးဗျာ။ကရင်တိုင်းရင်းသားတွေ ပြေးလွှားနေရတာမှ အားမနာဗျာ”ဟု ကော့ကရိတ်မြို့ခံတစ်ဦးကပြောသည်။မြင့်မြတ်သည် စစ်အာဏာသိမ်းမှုနှင့်

ပတ်သက်၍ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့ကဲ့သို့ နှုတ်ဆိတ်နေပြီး ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ ပြစ်တင်ဝေဖန်ခံနေရသည်။ ထို့အပြင် မြင့်မြတ်သည်စစ်ကောင်စီအမာခံ​ထောက်ခံသူ အဆို​တော်ယုန်​လေး

နှင့် ရင်းနှီး​သော မိတ်​ဆွေဖြစ်သလို ၊ အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ၏သမီး ခင်သီရိသက်မွန် အဓိကပိုင်ဆိုင် 7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးနှင့်စာချုပ်ချုပ်ဆိုထား​သော အဓိကမင်းသားဖြစ်သည်။

မြင့်မြတ်ကဲ့သို့ပင် ယခုရက်ပိုင်းအတွင်း​ဖေစ်ဘွခ်ပြန်လည်အသုံးပြူလာ​သောနာမည်​ကျော်မင်းသမီး ဝတ်မှုန်​ရွှေရည်မှာ ၊ မကြာ​သေးခင်ကမဂ်လာ​ဆောင်​သောနာမည်​ကျော်မင်းသား ​နေတိုး တို့မှာလည်း မင်း​အောင်လှိုင်သမီး ခင်သီရိသက်မွန်အဓိကပိုင်ဆိုင်ပြီး ခင်သီရိသက်မွန်ဒါရိုက်တာတာဝန်ယူထား​သော 7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးနှင့်စာချုပ်ချုပ်ထားကြသည်။

ကရင်ပြည်နယ်လေးကေ့ကော်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ထွက်ခွာရန် KNU တပ်မဟာ (၆ )က မတ်လ ၇ ရက်တွင် စစ်ကောင်စီထံသို့ စာပေးပို့ တောင်းဆိုပြီးနောက် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ စစ်ရေးအခြေအနေ တင်းမာနေသည် ဆိုသည်ဟုလည်းတော်လှန်ရေးစာမျက်နှာတွေမှာဝေဖန်မှုတွေကြုံနေခဲ့ရတာပါ။

Credit

Leave a Reply

Your email address will not be published.