ရန်ကုန်-မန္တလေး အမြန်လမ်းမှ မရပ်သင့်သောနေရာ မနားသင့်သောနေရာ မစားသင့်သောနေရာ မပေါက်သင့်သောနေရာများ…

News

ဒီနေရာလေးကိုသိကြလား ။ဒီနေရာလေးက အမြန်လမ်း ၁၃၅ မိုင်မှာရှိတဲ့ အလယ်ကျွန်းမှာပေါက်နေတဲ့ ထန်းညီနောင်ပါပဲ အဲ့ဒီနားရောက်ရင် ကားရပ်ပြီးသေးပေါက် တာမလုပ်ပါနဲ့ လုပ်တော့ဘာဖြစ်လဲကွာဆိုရင် စမ်းကြည့်လိုက်လေ။

ကားကိုအနားပေးချင်လို့ခဏရပ်မယ်ဆိုရင်လည်း သင့်ကားပေါ်မှာ အညှီအဟောက် အစားအသောက်တွေမပါပါစေနှင့် ။ အထူးသဖြင့်ညဘက် မရပ်နားသင့်ပါ ။259 မိုင် သီးကုန်းနားမှာလည်း ညောင်ပင်ကြီးတစ်ပင်ရှိတယ်။

အခန့် မသင့်လျင် နွားခလောက်သံ ခြူသံတွေကြားရတတ်တယ်။ အဲဒီနားမှာလည်း မနားသင့် သေးမပေါက်သင့်ပါဘူး ။ ကိုယ်တွေ့တွေရှိပါတယ် ။တံတားဘေးနားတွေမှာနားရင် သတိနဲ့နားပါ ။တချို့က အိမ်ကထည့်လာတဲ့ထမင်းဟင်းကို အမြန်လမ်းဘေးကသစ်ပင်ရိပ်အောက်တွေမှာ စားတတ်ကြပါတယ် ။

နေ့နေ့ညည ပရလောကသားတွေ ဟာ အမြန်လမ်းတလျောက်မှာ ရှိနေကြပါတယ် ။လူဟာ သူတို့ထက်မြင့်ပါတယ်။ ဒါပေမည့် အမှားမလုပ်မိစေနဲ့ပေါ့ ခွင့်လွှတ်ခြင်း ဆိုတာသူတို့မှာမရှိဘူး ။

မယုံရင်စမ်းကြည့်လိုက် သင်ကံနိမ့်နေပြီဆိုရင်တော့…ဟုတ်ကဲ့ အမြန်လမ်းမှာ ကားမှောက် တာ တိုက်တာ ရုတ်တရက်ရပ်သွားတာတွေရှိတတ်ပါတယ် ။

hihihihihihihihihi

this is test

လမ်းမကောင်းလို့ ဒရိုင်ဘာအိပ်ငိုက်လို့ စသည်ဖြင့်မဟုတ်ပဲ ဖြစ်နေကြတာတွေအများကြီးပါ ။မေတ္တာပို့ပေးပါ ။ ဘုရားစာတတွတ်တွတ်ရွတ်သွားပါ ။ကားရပ်နားတဲ့အခါလည်းမေတ္တာပို့ပေးပါ ။

ထမင်းစားကြမယ်ဆိုရင် ခပ်ဝေးဝေးမှာ စက္ကူလေးခင်းပြီး နည်းနည်းပုံပြီးထည့်ပေးလိုက်ပါ ။ညဘက်တော့မလုပ်ပါနဲ့ ။အမြန်လမ်းအသုံးပြုသူတိုင်းဘေးရန်ကင်ကြပါစေ..။

Credit

Zawgyi

ဒီနေရာလေးကိုသိကြလား ။ဒီနေရာလေးက အမြန်လမ်း ၁၃၅ မိုင်မှာရှိတဲ့ အလယ်ကျွန်းမှာပေါက်နေတဲ့ ထန်းညီနောင်ပါပဲ အဲ့ဒီနားရောက်ရင် ကားရပ်ပြီးသေးပေါက် တာမလုပ်ပါနဲ့ လုပ်တော့ဘာဖြစ်လဲကွာဆိုရင် စမ်းကြည့်လိုက်လေ။

ကားကိုအနားပေးချင်လို့ခဏရပ်မယ်ဆိုရင်လည်း သင့်ကားပေါ်မှာ အညှီအဟောက် အစားအသောက်တွေမပါပါစေနှင့် ။ အထူးသဖြင့်ညဘက် မရပ်နားသင့်ပါ ။259 မိုင် သီးကုန်းနားမှာလည်း ညောင်ပင်ကြီးတစ်ပင်ရှိတယ်။

အခန့် မသင့်လျင် နွားခလောက်သံ ခြူသံတွေကြားရတတ်တယ်။ အဲဒီနားမှာလည်း မနားသင့် သေးမပေါက်သင့်ပါဘူး ။ ကိုယ်တွေ့တွေရှိပါတယ် ။တံတားဘေးနားတွေမှာနားရင် သတိနဲ့နားပါ ။

တချို့က အိမ်ကထည့်လာတဲ့ထမင်းဟင်းကို အမြန်လမ်းဘေးကသစ်ပင်ရိပ်အောက်တွေမှာ စားတတ်ကြပါတယ် ။နေ့နေ့ညည ပရလောကသားတွေ ဟာ အမြန်လမ်းတလျောက်မှာ ရှိနေကြပါတယ် ။လူဟာ သူတို့ထက်မြင့်ပါတယ်။ ဒါပေမည့် အမှားမလုပ်မိစေနဲ့ပေါ့ ခွင့်လွှတ်ခြင်း ဆိုတာသူတို့မှာမရှိဘူး ။

မယုံရင်စမ်းကြည့်လိုက် သင်ကံနိမ့်နေပြီဆိုရင်တော့…ဟုတ်ကဲ့ အမြန်လမ်းမှာ ကားမှောက်တာ တိုက်တာ ရုတ်တရက်ရပ်သွားတာတွေရှိတတ်ပါတယ် ။လမ်းမကောင်းလို့ ဒရိုင်ဘာအိပ်ငိုက်လို့ စသည်ဖြင့်မဟုတ်ပဲ ဖြစ်နေကြတာတွေအများကြီးပါ ။မေတ္တာပို့ပေးပါ ။

ဘုရားစာတတွတ်တွတ်ရွတ်သွားပါ ။ကားရပ်နားတဲ့အခါလည်းမေတ္တာပို့ပေးပါ ။ထမင်းစားကြမယ်ဆိုရင် ခပ်ဝေးဝေးမှာ စက္ကူလေးခင်းပြီး နည်းနည်းပုံပြီးထည့်ပေးလိုက်ပါ ။ညဘက်တော့မလုပ်ပါနဲ့ ။အမြန်လမ်းအသုံးပြုသူတိုင်းဘေးရန်ကင်ကြပါစေ..။

Credit

Leave a Reply

Your email address will not be published.