ရေစကြိုမြို့နယ်မှာ ပျူစောထီးသင်တန်းပေးနေတဲ့ အိမ်ကို PDFဝင်ရောက်စီးနင်း




ရေစကြို
မကွေးတိုင်း
MilitaryCoupInMyanmar
DeltaNewsAgency
this is test
မကွေးတိုင်း ရေစကြိုမြို့နယ် ဂွေးချိုကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ပျူစောထီးသင်တန်းဖွင့်လှစ်နေတဲ့ နေအိမ်တစ်လုံးကို PDFပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့Phoneixပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။




ဒီကနေ့ မတ်လ ၁၃ရက်နေ့ နေ့လည် ၁၁နာရီခွဲလောက်က ဂွေးချိုကျေးရွာမှာရှိတဲ့ ပျူစောထီးခေါင်းဆောင် ကိုဝေလွင်ရဲ့ နေအိမ်ကို




Phoenix-အထူးပြောက်ကျားတပ်ဖွဲ့၊ Urban Underground Revolution Force – YSO၊ သိန်းငှက်ပြောက်ကျားအဖွဲ့ ၊Southern Yesagyo PDF ၊ PKU N PDFတို့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပဲဖြစ်ပါတယ်။




နေအိမ်ကို ဝင်ရောက်စီးနင်းစဉ်မှာ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက စစ်ကူရောက်ရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။




ထိတွေ့တိုက်ပွဲအတွင်း ပျူစောထီးတွေဘက်က သေဆုံးသူရှိမရှိကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
Delta News Agency




Unicode
MilitaryCoupInMyanmar




DeltaNewsAgency
















crd