uni
အမေရိကန်က နွေဦးတော်လှန်ရေးအတွက် US ဒေါ်လာ ၁၃၆ သန်းကျော် ကူညီပေးဖို့ အတည်ပြုလိုက်ပြီ




အမေရိကန်က မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးဖို့ အစိုးရဘတ်ဂျက်ကို လွှတ်တော်က အတည်ပြုခဲ့တာကြောင့် ရက်ပိုင်းအတွင်း သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ထိုးပေးတော့မှာ လို့သိရပါတယ်။




၂၀၂၁-၂၀၂၂ ခုနှစ် အမေရိကန်အစိုးရဘတ်ဂျက်ကို မတ်လ ၁၁ ရက်က အတည်ပြုခဲ့ရာမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ် လာ ၁၃၆ သန်းကျော်အကူအညီပေးမယ့်အစီအစဉ်လည်းထည့်သွင်းခဲ့တဲ့အပေါ် အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကလည်း ထောက်ခံခဲ့ကြတာပါ။
this is test




ထောက်ပံ့ကူညီမယ့် အရေအတွက်အတိအကျက အမေရိကန်ဒေါ်လာ ၁၃၆,၁၂၇,၀၀၀ ဖြစ်ပြီး အဲဒီငွေအားလုံးကို
NUG အစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ စီဒီအမ် (CDM) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။




#AKonThi #US #၁၃၆သန်းကျော် #အမေရိကန်အစိုးရဘတ်ဂျက် #ကူညီထောက်ပံ့ #နွေဦးတော်လှန်ရေး
zawgyi



















