တောထဲမှာ ထမင်းခြောက်ရက်တိတိမစားရဘဲ အသေအကြေတိုက်ခဲ့ရတဲ့ ပထဆုံးတိုက်ပွဲရဲ့အတွေ့အကြုံကို ပြန်ပြောပြလာတဲ့ PDF လူငယ်တစ်ဦး
News
uni
တောထဲမှာ ထမင်းခြောက်ရက်တိတိမစားရဘဲ အသေအကြေတိုက်ခဲ့ရတဲ့
ပထဆုံးတိုက်ပွဲရဲ့အတွေ့အကြုံကို ပြန်ပြောပြလာတဲ့ PDF လူငယ်တစ်ဦး
ရဲစွမ်းသတ္တိရှိတဲ့ လူငယ်တွေကတော့ အာဏာရှင်ကို အစွမ်းကုန် တိုက်ထုတ်ချေမှုန်းဖို့အတွက်
PDF တပ်ဖွဲ့တွေကို ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။
hihihihihihihihihi
this is test
ပြည်သူ့ရဲဘော်ဘဝကို ဂုဏ်ယူစွာခံယူလိုက်ပြီး အားလုံးရဲ့ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် ကြိုးစားနေတဲ့
လူငယ်တွေက အရာရာကို စွန့်လွှတ်စွန့်စားခဲ့ရတာလည်း ဖြစ်ပါတယ်
မွန်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တစ်ဦးကတော့
မြို့ပေါ်မှာ ပြည်သူတွေနဲ့အတူ ဆန္ဒပြရာကနေ အခုလို PDF ဘဝကို ပြောင်းလဲခံယူခဲ့တာပဲ ဖြစ်ပါတယ် ။
အဲ့ဒီလူငယ်လေးက တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲမှုဒဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးမှ စစ်ပညာတွေကို
သင်ယူခဲ့ရတာ ဖြစ်ပါတယ် ။ အခုလည်း သူက မြေပြင်မှာ အမှန်တကယ်တိုက်ပွဲဝင်ခဲ့ရတဲ့ ပထမဆုံး အတွေ့အကြုံတွေကို
လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ဖွင့်ဟပြောပြလာခဲ့တာ ဖြစ်ပါတယ် ။
ဧပရယ်လကုန်တုန်းက မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ အနောက်တောင်ဘက်က
ကျောက်တောင်မှာဖြစ်တဲ့ ကနဦးတိုက်ပွဲမှာ သူကပါဝင်ခဲ့ရတာ ဖြစ်ပါတယ် ။
သင်တန်းဆင်းကာစ PDF ဘဝနဲ့ ပါဝင်ခဲ့ရတဲ့ ဒီတိုက်ပွဲမှာတော့ သူ့အနေနဲ့ ထမင်းခြောက်ရက်တိတိမစားခဲ့ရလို့
လက်တွေတုန်တဲ့အထိ ဖြစ်ခဲ့ရပြီး လက်နက်ကြီးကျသံတွေကြောင့် နားတွေအူကာ သွေးပျက်မတက်ဖြစ်ခဲ့ရတယ်လို
့ သူကဆိုပါတယ်။ တရစပ်ပစ်ခတ်နေတဲ့ တိုက်ပွဲအတွင်းမှာ ပါဝင်ရင်း ကိုယ်တိုင်ရင်ဆိုင်ခဲ့ရတဲ့
တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကို သူက ပြောပြထားတာ ဖြစ်ပါတယ် ။
ဒါ့အပြင် စစ်ရေးကောင်းပြီး ဗျူဟာတွေ အရမ်းတွေးတတ်တဲ့ KNU ခေါင်းဆောင်တွေရဲ့
တိုက်ရည်ခိုက်ရည်ကိုလည်း သူကချီးကျူးထားတာ ဖြစ်ပါတယ် ။
သင်တန်းဆင်းကာစအချိန်မှာပဲ တကယ့်တိုက်ပွဲကြီးမှာ ပါဝင်ခဲ့ရတဲ့ PDF
လူငယ်တစ်ဦးရဲ့အတွေ့အကြုံကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source Credit-Myanmarload
Zawgyi
Leave a Reply
Your email address will not be published.