ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက်ကို ပုဒ်မ ၅၀၅(က)အမှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

News

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက်ကို ပုဒ်မ ၅၀၅(က)အမှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်ချယ်ရီထက် လက်ရှိရင်ဆိုင်နေရသော ပုဒ်မ ၅၀၅ (က) အမှုအတွက် ယနေ့ မတ်လ ၃၁ ရက်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း ယင်း၏ရှေ့နေက ပြောသည်။

“ထောင် ၂ နှစ် ချလိုက်ပြီ။ဟုတ်ပါတယ်။ပုဒ်မ ၅၀၅(က) အတွက်ပါ။သူ ကျန်းမာပါတယ်”ဟု ယင်းက ပြောသည်။

ချယ်ရီထက်သည် လက်ရှိတွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ ဖြင့် ထောင်သုံးနှစ်ချမှတ်ခံထားရပြီး ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ပုဒ်မ ၅၀၅ (က) အမှုအတွက် အပြစ်ရှိကြောင်းစွဲချက်တင်ခဲ့ရာ ၎င်းက မိမိအနေဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့် ပတ်သက်၍ ပြစ်မှုမြောက်စေသည့်ကိစ္စများ မလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက် တရားခွင်၌ ပြောဆိုခဲ့ပြီး ဖြစ်သည်။

hihihihihihihihihi

this is test

လွန်ခဲ့သော၂၀၂၁ ခုနှစ် ဇွန်လအတွင်းတွင် NLD ပါတီ၏ ဘီးလင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီရိရတနာ နှင့် ချယ်ရီထက်တို့ တောတွင်းစခန်းချနေပုံ ၊ လက်နက်ကိုင်ဆောင်ထားသည့်မှတ်တမ်းဓာတ်ပုံများ၊ သတင်းထုတ်ပြန်ချက်များ ၊ပြည်ပသတင်းဌာနများ၏သတင်းရုပ်သံဖိုင်များ စသည်တို့ကို အပြန်အလှန်ပေးပို့ခဲ့ကြသည်ဆိုကာ ရဲတပ်ဖွဲ့က ၎င်းကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

Credit

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္၏ သက္ေတာ္ေစာင့္ ခ်ယ္ရီထက္ကို ပုဒ္မ ၅၀၅(က)အမႈအတြက္ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခံရ

ေဒၚေအာင္ဆန္းစုၾကည္၏ သက္ေတာ္ေစာင့္ခ်ယ္ရီထက္ လက္ရွိရင္ဆိုင္ေနရေသာ ပုဒ္မ ၅၀၅ (က) အမႈအတြက္ ယေန႔ မတ္လ ၃၁ ရက္တြင္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္လိုက္ေၾကာင္း ယင္း၏ေရွ႕ေနက ေျပာသည္။

“ေထာင္ ၂ ႏွစ္ ခ်လိုက္ၿပီ။ဟုတ္ပါတယ္။ပုဒ္မ ၅၀၅(က) အတြက္ပါ။သူ က်န္းမာပါတယ္”ဟု ယင္းက ေျပာသည္။

ခ်ယ္ရီထက္သည္ လက္ရွိတြင္ ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒ ျဖင့္ ေထာင္သုံးႏွစ္ခ်မွတ္ခံထားရၿပီး ျဖစ္သည္။

ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၁၃ ရက္က ပုဒ္မ ၅၀၅ (က) အမႈအတြက္ အျပစ္ရွိေၾကာင္းစြဲခ်က္တင္ခဲ့ရာ ၎က မိမိအေနျဖင့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅-က ႏွင့္ ပတ္သက္၍ ျပစ္မႈေျမာက္ေစသည့္ကိစၥမ်ား မလုပ္ခဲ့ေၾကာင္း ေဖေဖာ္ဝါရီလ ၁၇ ရက္ တရားခြင္၌ ေျပာဆိုခဲ့ၿပီး ျဖစ္သည္။

လြန္ခဲ့ေသာ၂၀၂၁ ခုႏွစ္ ဇြန္လအတြင္းတြင္ NLD ပါတီ၏ ဘီးလင္းၿမိဳ႕နယ္ လႊတ္ေတာ္အမတ္ ေဒၚသီရိရတနာ ႏွင့္ ခ်ယ္ရီထက္တို႔ ေတာတြင္းစခန္းခ်ေနပုံ ၊ လက္နက္ကိုင္ေဆာင္ထားသည့္မွတ္တမ္းဓာတ္ပုံမ်ား၊ သတင္းထုတ္ျပန္ခ်က္မ်ား ၊ျပည္ပသတင္းဌာနမ်ား၏သတင္း႐ုပ္သံဖိုင္မ်ား စသည္တို႔ကို အျပန္အလွန္ေပးပို႔ခဲ့ၾကသည္ဆိုကာ ရဲတပ္ဖြဲ႕က ၎ကို အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

Credit

Leave a Reply

Your email address will not be published.