Unicode
အနုပညာလောကကြီးကို စွန့်ခွာပြီး ရာသက်ပန် ရဟန်းဝတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ဆိုလာတဲ့ အဆိုတော် မနော
အဆိုတော် မနောက သားနဲ့သမီးကို သာသနာ့ဘောင်သို့ ရာသက်ပန်အတွက်ရည်ရွယ်ပြီး အပ်နှင်းပေးနိုင်ခဲ့ပြီးနောက်မှာတော့
သူကိုယ်တိုင်လည်း ရာသက်ပန် ရဟန်းဝတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ အဆိုတော် မနောက ရုပ်/သံအင်တာဗျူးတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။
အဆိုတော် မနောက “အနုပညာသမားတစ်ယောက်ဟာ အင်မတန်ပျက်စီးလွယ်တယ်။တော်တော် ကြောက်စရာကောင်းတယ်။
အောင်မြင်မှုတွေရတဲ့အချိန်မှာသတိကပ်နိုင်ခဲ့လို့ဒီအနေအထားရောက်ခဲ့တာပါ။နိဗ္ဗာန်နဲ့ဝေးတဲ့ ဘဝကိုမခုံမင်တော့ပါဘူး။
this is test
ထုတ်စရာရှိတဲ့သီချင်းတွေထုတ်ပြီးရင်နားတော့မှာပါ။ဒီတစ်သက် ရှိုးပွဲမဆိုတော့ပါဘူး။ရာသက်ပန် ရဟန်းဝတ်ဖို့ဆုံးဖြတ်ထားတယ်။
ဝတ်နိုင်မယ့်အချိန်နဲ့ ဝတ်နိုင်တဲ့ကာလကတော့ ပြောဖို့ခက်တာက ကျွန်တော့မှာ မိဘတာဝန်ဖြစ်သွားတော့ သားနဲ့သမီး သာသနာ့ဘောင်မှာမြဲမယ်ဆိုရင်တော့ စောစောဝတ်ဖြစ်မှာပေါ့
သူတို့မမြဲဘူးဆိုရင်တော့ သူတို့ကို စနစ်တကျ စီစဥ်ဆောင်ရွက်ပြီးမှ သွားရမှာပေါ့။ အစီအစဥ်အရတော့ အမျိုးသမီးရော သူရော နှစ်ယောက်လုံးဝတ်မှာပါ။
အဆိုတော် မနောဟာ အနုပညာလောကကို သီချင်းဆိုချင်လို့ ဝါသနာအရဝင်ရောက်လာပြီး အဆိုတော်ဖြစ်လာမယ်လို့လည်း မမျှော်လင့်ခဲ့ပါဘူးလို့ ဆိုပါတယ်။
မနောက ” ကျွန်တော်အဆိုတော်ဘဝကို စွန့်လွတ်ဖို့ရည်ရွယ်ထားတာကြာပါပြီ။ ကျွန်တော်အဆိုတော်ဘဝကို ဝင်လာတုန်းက ဝါသနာအရဝင်လာတာ။ သီချင်းဆိုချင်တယ်ဆိုတဲ့ စိတ်လေးနဲ့ ဝင်လာတာ။ အဆိုတော်ဖြစ်မယ်လို့လည်း မမျှော်လင့်ခဲ့ဘူး
အောင်မြင်လာတဲ့အခါ လောကအကြောင်းမတရားသိသွားတယ်။ မတရားပွဲတွေလိုက်ရပြီးတော့ ကျနော်ဘဝကြီးက တစ်ဆက်ချိုးပြောင်းသွားတယ်။ ပြောင်းသွားတယ်ဆိုတာက ချမ်းသာသွားတယ်လို့ ဆိုလိုတာမဟုတ်ဘူး။
ကျနော်အဆိုတော်ဘဝမရောက်ခင် ကားဘော်ဒီနဲ့ ကားထုတ်လုပ်ရေးလုပ်ကတည်းက ဘဝအခြေအနေက သူအနေအထားနဲ့သူရှိတယ်။ ဒါပေမယ့် အဆိုတော်ဘဝရောက်သွားတဲ့အခါမှာ ပိုက်ဆံဘယ်လောက်ချမ်းသာ ချမ်းသာ မရနိုင်တဲ့ အခွင့်အရေးတွေ အဆိုတော်ဘဝမှာ ရတယ်။
အနုပညာသမားတစ်ယောက်ဟာ အင်မတန်မှ ပျက်စီးလွယ်တယ်။တနိုင်ငံလုံးရဲ့ အားပေးမှုကို ရတဲ့အထိအောင်မြင်နေသူတစ်ယောက်ဟာ တော်တော်ထိန်းနိုင်မှ ရမယ်။ ကျနော်ငွေကြောင့်တော့ မပျက်စီးခဲ့ဘူး။
အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာတဲ့အချိန်မှာ နေ့မှာအိပ် ညမှာဆိုနဲ့ဖြတ်သန်းလာရင်း မိသားစုအတွက် အချိန်မပေးနိုင်တော့ပဲ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်အချိန်တွေဆုံးရှုံးလာရပြီး ပွဲတွေဆက်တိုက်ဆို အိပ်ရေးတွေပျက်နေရပြီး နားချိန်မရှိတော့ပဲ အဆိုတော်ဘဝကြီးကို ငြီးငွေ့လာတယ်လို့ ဆိုပါတယ်။
အဆိုတော်ဘဝနဲ့ ရှိုးပွဲတွေဆိုနေခဲ့တဲ့အချိန်မှာလည်း ရလာတဲ့ အနုပညာကြေးနဲ့ ကျောင်းတွေဆောက်လုပ်လှူဒါန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
crd
Zawgyi