ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်

News

Unicode
ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ကတော့ စကစ ကျောင်းခန်းထဲမှာ တစ်တော့ဆော့နေတဲ့ ဆရာမ တဦးရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ မူလတန်းကလေးတွေ ရှိတဲ့ စာသင်ခန်းထဲမှာ ကျောင်းစိမ်းဝတ်စုံ အပြည့်အစုံဝတ်ထားတဲ့ ဆရာမ တယောက်ဟာ အဆိုတော် ရွှေရည်ဖြိုးမောင်ရဲ့ ကိုယ်ရံတော် သီချင်းအလိုက်နဲ့ အညီ ခန္ဓာကိုယ်ကို လှုပ်ရမ်းပြီး ကခုန်နေတဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်။

နောက်က မူလတန်းကလေးတွေကလည်း တစ်တော့ ကစားနေတာကို သိပြီး လိုက်ကြည့်နေတာကို တွေ့ရပါတယ်။

မလိုလားအပ်တဲ့ ပြဿနာတွေ ကျောင်းသူကျောင်းသားတွေ ကြားမှာ ဖြစ်ပေါ်လာမှာ စိုးတာကြောင့် ကျောင်းခန်းထဲကို လက်ကိုင်ဖုန်း ယူခွင့်မပေးထားပါဘူး။

hihihihihihihihihi

this is test

အဲဒီစည်းမျဉ်းဟာ မြန်မာပြည်မှာ လက်ကိုင်ဖုန်းများ တွင်ကျယ်စွာ အသုံးပြုခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ကတည်းက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသူကျောင်းသားတွေ လက်ကိုင်ဖုန်း ကိုင်တာ တွေ့ခဲ့ရင်လည်း ဆရာမတွေက ခေတ္တသိမ်းဆည်းထားပြီး ကျောင်းဆင်းမှသာ ပြန်ပေးလေ့ ရှိပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း စကစကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်မှာ ကျောင်းခန်းထဲမှာ တစ်တော့ ကစားကြတဲ့ ဗီဒီယိုဖိုင် အများအပြား အွန်လိုင်းပေါ် ရောက်ရှိလာပါတယ်။

ကျောင်းသူ ကျောင်းသားတွေသာမက စည်းကမ်းထိန်းသိမ်းရမယ့် ဆရာမတွေ ကိုယ်တိုင်ပါ စိတ်ပါလက်ပါ ကစားနေကြတာကို တွေ့လာရပါတယ်။

ထို့အပြင် ကျောင်းတွင်း ရန်ပွဲ ဗီဒီယိုများကိုလည်း ဖုန်းအကောင်းစားတွေနဲ့ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနေကြတာကိုလည်း တွေ့လာရပါတယ်။

ဒီနေရာမှာ မေးခွန်း (၂) ခုပေါ်လာပါတယ်။ စကစ ဖွင့်တဲ့ကျောင်းတွေရဲ့ စာသင်ခန်းတွေထဲမှာ လက်ကိုင်ဖုန်းတွေကို လွတ်လွတ်လပ်လပ် သုံးလို့ ရနေပြီလားဆိုတဲ့ မေးခွန်းရယ်၊ စကစကျောင်းတွေမှာ စာမသင်ဘဲ ကလေးတွေ ငြိမ်ရင် ပြီးရောဆိုပြီး လွှတ်ထားတာလားဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

သေချာတာကတော့ စကစကျောင်းတွေမှာ ဆရာအင်အား မလုံလောက်ဘဲ ဖြစ်နေပြီး ရှိတဲ့ ဆရာ၊ ဆရာမတွေကလည်း စာသင်ဖို့ စိတ်မဝင်စားဘဲ တစ်တော့ပဲ ဆော့နေကြတဲ့ပုံပါပဲ။

တစ်တော့ မဆော့နိုင်တဲ့ ဆရာမတွေကတော့ ကျူရှင် သင်ဖို့ပဲ အာရုံစိုက်နေကြတယ်လို့ ခန့်မှန်း မိရပါတယ်။ စကစ ကျောင်းတက်နေတဲ့ ကလေးတွေရဲ့ အနာဂတ်ကတော့ ရင်လေးစရာ အလွန်ကောင်းနေပါတော့တယ်။

crd

Zawgyi
ယေန႔ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္ကေတာ့ စကစ ေက်ာင္းခန္းထဲမွာ တစ္ေတာ့ေဆာ့ေနတဲ့ ဆရာမ တဦးရဲ႕ ဗီဒီယိုဖိုင္ပဲ ျဖစ္ပါတယ္။

ဗီဒီယိုထဲမွာေတာ့ မူလတန္းကေလးေတြ ရွိတဲ့ စာသင္ခန္းထဲမွာ ေက်ာင္းစိမ္းဝတ္စုံ အျပည့္အစုံဝတ္ထားတဲ့ ဆရာမ တေယာက္ဟာ အဆိုေတာ္ ေ႐ႊရည္ၿဖိဳးေမာင္ရဲ႕ ကိုယ္ရံေတာ္ သီခ်င္းအလိုက္နဲ႔ အညီ ခႏၶာကိုယ္ကို လႈပ္ရမ္းၿပီး ကခုန္ေနတဲ့ ပုံရိပ္ေတြ ပါဝင္ပါတယ္။

ေနာက္က မူလတန္းကေလးေတြကလည္း တစ္ေတာ့ ကစားေနတာကို သိၿပီး လိုက္ၾကည့္ေနတာကို ေတြ႕ရပါတယ္။

မလိုလားအပ္တဲ့ ျပႆနာေတြ ေက်ာင္းသူေက်ာင္းသားေတြ ၾကားမွာ ျဖစ္ေပၚလာမွာ စိုးတာေၾကာင့္ ေက်ာင္းခန္းထဲကို လက္ကိုင္ဖုန္း ယူခြင့္မေပးထားပါဘူး။

အဲဒီစည္းမ်ဥ္းဟာ ျမန္မာျပည္မွာ လက္ကိုင္ဖုန္းမ်ား တြင္က်ယ္စြာ အသုံးျပဳခဲ့တဲ့ လြန္ခဲ့တဲ့ ၁၀ ႏွစ္ဝန္းက်င္ကတည္းက ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

ေက်ာင္းသူေက်ာင္းသားေတြ လက္ကိုင္ဖုန္း ကိုင္တာ ေတြ႕ခဲ့ရင္လည္း ဆရာမေတြက ေခတၱသိမ္းဆည္းထားၿပီး ေက်ာင္းဆင္းမွသာ ျပန္ေပးေလ့ ရွိပါတယ္။

ဒါေပမယ့္ အာဏာသိမ္းၿပီးေနာက္ပိုင္း စကစေက်ာင္းေတြ ျပန္ဖြင့္တဲ့ အခ်ိန္မွာ ေက်ာင္းခန္းထဲမွာ တစ္ေတာ့ ကစားၾကတဲ့ ဗီဒီယိုဖိုင္ အမ်ားအျပား အြန္လိုင္းေပၚ ေရာက္ရွိလာပါတယ္။

ေက်ာင္းသူ ေက်ာင္းသားေတြသာမက စည္းကမ္းထိန္းသိမ္းရမယ့္ ဆရာမေတြ ကိုယ္တိုင္ပါ စိတ္ပါလက္ပါ ကစားေနၾကတာကို ေတြ႕လာရပါတယ္။

ထို႔အျပင္ ေက်ာင္းတြင္း ရန္ပြဲ ဗီဒီယိုမ်ားကိုလည္း ဖုန္းအေကာင္းစားေတြနဲ႔ ၾကည္လင္ျပတ္သားစြာ ႐ိုက္ကူးေနၾကတာကိုလည္း ေတြ႕လာရပါတယ္။

ဒီေနရာမွာ ေမးခြန္း (၂) ခုေပၚလာပါတယ္။ စကစ ဖြင့္တဲ့ေက်ာင္းေတြရဲ႕ စာသင္ခန္းေတြထဲမွာ လက္ကိုင္ဖုန္းေတြကို လြတ္လြတ္လပ္လပ္ သုံးလို႔ ရေနၿပီလားဆိုတဲ့ ေမးခြန္းရယ္၊ စကစေက်ာင္းေတြမွာ စာမသင္ဘဲ ကေလးေတြ ၿငိမ္ရင္ ၿပီးေရာဆိုၿပီး လႊတ္ထားတာလားဆိုတဲ့ ေမးခြန္းေတြပဲ ျဖစ္ပါတယ္။

ေသခ်ာတာကေတာ့ စကစေက်ာင္းေတြမွာ ဆရာအင္အား မလုံေလာက္ဘဲ ျဖစ္ေနၿပီး ရွိတဲ့ ဆရာ၊ ဆရာမေတြကလည္း စာသင္ဖို႔ စိတ္မဝင္စားဘဲ တစ္ေတာ့ပဲ ေဆာ့ေနၾကတဲ့ပုံပါပဲ။

တစ္ေတာ့ မေဆာ့ႏိုင္တဲ့ ဆရာမေတြကေတာ့ က်ဴရွင္ သင္ဖို႔ပဲ အာ႐ုံစိုက္ေနၾကတယ္လို႔ ခန႔္မွန္း မိရပါတယ္။ စကစ ေက်ာင္းတက္ေနတဲ့ ကေလးေတြရဲ႕ အနာဂတ္ကေတာ့ ရင္ေလးစရာ အလြန္ေကာင္းေနပါေတာ့တယ္။

crd

Leave a Reply

Your email address will not be published.