နေအိမ်ဝင်းအတွင်း တောင်ပို့ပေါက်သည်ရှိသော်….

News

Unicode
အိမ်ဝင်းအတွင်း တောင်ပို့ ပေါက်လျှင်… ရှေးလူကြီးသူမတို့၏အဆို

နေအိမ်ဝင်းအတွင်း တောင်ပို့ပေါက်သည်ရှိသော်….

နေအိမ်ဝင်းအတွင်း တောင်ပို့ပေါက်သည့်အခါတချို့လူများကအိမ်ကိုဖျက်ဆီးမည်ဟုသဘောထားကာတောင်ပို့ကိုတူးဆွဖယ်ထုတ်ပစ်လိုက်ကြသည် တချို့လူများကတော့ကောင်းကျိုးပေးမည့်အရာဟု သဘောထားပြီး

ရာဇမတ်လေးဖက်လေးတန်ကာ၍တံခွန်၊ကုက္ကား၊မုလေးပွားများစိုက်၊အမွှေးနံ့သာများပက်ဖျန်းကြသည်ဖယောင်းတိုင်၊အမွှေးတိုင်များကိုအဆက်မပြတ်ထွန်းညှိပူဇော်ထားကြသည် တောင်ပို့က တစ်စထက်တစ်စမြင့်တက်လာရာ

အိမ်ကဆင့်တန်းဖြုတ်၊ခင်းထားသောပျဉ်ချပ်များကို ခွာပစ်ရသည်အထိ ယုံကြည်ကိုးစားစွာဖြင့် ရိုသေစွာထားကြသည်ကိုလည်းတွေ့ဖူးသည်

hihihihihihihihihi

this is test

ညီငယ်လေးပမာခင်မင်ရသောသက်ကိုကသူ၏အိမ်အောက်တွင်တောင်ပို့ပေါက်လာသည့်အခါ အဆိုပါတောင်ပို့ကိုသည်အတိုင်းပဲ ထားရမည်လား၊တောင်ပို့ကို ဖြိုချပစ်ရမည်လားဟု မေးခဲ့ဖူးပါသည်

များစွာသောလူတို့သည်အိမ်ထဲသို့မဟုတ်ခြံဝင်းထဲ၌တောင်ပို့ပေါက်လာလျှင်ကောင်းသည်ဟုသာထင်မှတ်ကြလေ သည်

ရှေးလူကြီးသူမတို့ကမူကောင်းကျိုး၏ရှေ့ပြေးဖြစ်သော တောင်ပို့ပေါက်မှုနှင့် မကောင်းကျိုး၏ရှေ့ပြေးဖြစ်သော တောင်ပို့ပေါက်မှုဟူ၍ နှစ်မျိုးရှိကြောင်းဆိုခဲ့ကြပေသည်

ရှေးလူကြီးသူမတို့သည်အကြားအမြင်၊ ဗဟုသုတရင့်ကျက်ကြသူများပီပီနောင်လာနောက်သားတို့တောင်ပို့ပေါက်ခြင်းနှင့်ပတ် သက်၍ကောင်းခြင်းဆိုးခြင်းကိုသိမြင်မှတ်သားလိုက်နာဆောင်ရွက်နိုင်စေရန်

ကဗျာလင်္ကာများစပ်ဆို ထားခဲ့ပေသည် ၎င်းလင်္ကာမှာ

၁- အရှေ့တောင်ခွင်၊တောင်ပို့ထင်၊မီးလျှင်လောင်တတ်စွ

၂- အနောက်ပေါက်ငြား၊အောက်လူများ နာဖျားဘေးဒဏ်ရ

၃- အနောက်တောင်တွင်၊တောင်ပို့မြင်၊ သူလျှင် ခိုးတတ်လှ

၄- ကြင်းငါးရပ်မှာ၊ ပေါက်ရောက်လာ၊မှန်စွာချမ်းကြည်မြ

၅- မကောင်းရပ်နေ၊ပေါက်လာပေ၊ရွှေရည်လောင်းလေကြ

၆- ဤသို့ယတြာ၊ပြုသောခါ၊ရောဂါရန်ကွယ်ဟူ၍ဖြစ်သည်။ အဋ္ဌလဂ်ခွင်အရအရပ်ရှစ်ပါးရှိရာ

၁ အရှေ့မြောက်အရပ်၊၂ အရှေ့အရပ်၊၃ အရှေ့တောင်အရပ်၊၄ တောင် အရပ်၊

၅ အနောက်တောင်အရပ်၊ ၆ အနောက်အရပ်၊၇ အနောက်မြောက်အရပ်၊ ၈ မြောက်အရပ်ဟူ၍ ဖြစ်လေသည်

အိမ်အတွင်း၊ခြံဝင်းအ တွင်းတောင်ပို့ပေါက်သောအရပ်သည် မည်သည့် အရပ်၌ဖြစ်သည်ကိုတိကျစွာသတ်မှတ်ရပါမည်

ရှေးလူကြီးသူမတို့မိန့်ဆိုခဲ့သောကဗျာလင်္ကာအရတောင်ပို့ပေါက်သောအရပ် သည်အရှေ့တောင်ထောင့်အရပ်ဖြစ်ပါကအိမ်ကိုမီးလောင်တတ်သည်

အနောက်အရပ်တွင်ဖြစ်ပါက လူငယ်လူရွယ်များနာဖျားတတ်သည်။ ဘေးရန်သင့်တတ်သည်

အနောက်တောင်အရပ်တွင်ဖြစ်ပါကနေအိမ်တွင်သူခိုးခိုးခံရတတ် သည်။ ကျန်သည့်အရပ်ငါးမျိုးတွင်တောင်ပို့ပေါက်ပါက စည်းစိမ်ဥစ္စာကြီးပွားတိုးတက်ချမ်းသာမည်ဟု ဆိုလိုပေသည်

မကောင်းသောအရပ်တွင်တောင်ပို့ပေါက်လျှင်မည်သို့ပြုလုပ်ရမည်ကိုရှေးဗေဒကဝိတို့ကယတြာထားခဲ့ကြသည်။၎င်းယတြာမှာ မိမိအိမ်သောက်ရေအိုးထဲမှရေကိုခပ်၍ မကောင်းသော ဘေးအန္တရာယ်များပပျောက်ပါစေဟု ဆုတောင်းကာ ပေါက်လာသည့်တောင်ပို့ပေါ်သို့နောက်ပြန်လောင်းရပေမည်

နေအိမ်(သို့မဟုတ်)ခြံဝင်းထဲ၌တောင်ပို့ပေါက်ပါက အမှုမဲ့အမှတ်မဲ့မနေဘဲကောင်းကျိုးလား၊မကောင်းကျိုးလားဆိုသည်ကိုအထက်ပါလင်္ကာအရဆန်းစစ်ကာမကောင်းကျိုးဖြစ်ပါက ယတြာချေရုံသာရှိပါတော့သတည်
crd

Zawgyi

အိမ္ဝင္းအတြင္း ေတာင္ပို႔ ေပါက္လၽွင္… ေရွးလူႀကီးသူမတို႔၏အဆို

ေနအိမ္ဝင္းအတြင္း ေတာင္ပို႔ေပါက္သည္ရွိေသာ္….

ေနအိမ္ဝင္းအတြင္း ေတာင္ပို႔ေပါက္သည့္အခါတခ်ိဳ႕လူမ်ားကအိမ္ကိုဖ်က္ဆီးမည္ဟုသေဘာထားကာေတာင္ပို႔ကိုတူးဆြဖယ္ထုတ္ပစ္လိုက္ၾကသည္ တခ်ိဳ႕လူမ်ားကေတာ့ေကာင္းက်ိဳးေပးမည့္အရာဟု သေဘာထားၿပီး

ရာဇမတ္ေလးဖက္ေလးတန္ကာ၍တံခြန္၊ကုကၠား၊မုေလးပြားမ်ားစိုက္၊အေမႊးနံ့သာမ်ားပက္ဖ်န္းၾကသည္ဖေယာင္းတိုင္၊အေမႊးတိုင္မ်ားကိုအဆက္မျပတ္ထြန္းညႇိပူေဇာ္ထားၾကသည္ ေတာင္ပို႔က တစ္စထက္တစ္စျမင့္တက္လာရာ

အိမ္ကဆင့္တန္းျဖဳတ္၊ခင္းထားေသာပ်ဥ္ခ်ပ္မ်ားကို ခြာပစ္ရသည္အထိ ယုံၾကည္ကိုးစားစြာျဖင့္ ရိုေသစြာထားၾကသည္ကိုလည္းေတြ႕ဖူးသည္

ညီငယ္ေလးပမာခင္မင္ရေသာသက္ကိုကသူ၏အိမ္ေအာက္တြင္ေတာင္ပို႔ေပါက္လာသည့္အခါ အဆိုပါေတာင္ပို႔ကိုသည္အတိုင္းပဲ ထားရမည္လား၊ေတာင္ပို႔ကို ၿဖိဳခ်ပစ္ရမည္လားဟု ေမးခဲ့ဖူးပါသည္

မ်ားစြာေသာလူတို႔သည္အိမ္ထဲသို႔မဟုတ္ၿခံဝင္းထဲ၌ေတာင္ပို႔ေပါက္လာလၽွင္ေကာင္းသည္ဟုသာထင္မွတ္ၾကေလ သည္

ေရွးလူႀကီးသူမတို႔ကမူေကာင္းက်ိဳး၏ေရွ႕ေျပးျဖစ္ေသာ ေတာင္ပို႔ေပါက္မႈႏွင့္ မေကာင္းက်ိဳး၏ေရွ႕ေျပးျဖစ္ေသာ ေတာင္ပို႔ေပါက္မႈဟူ၍ ႏွစ္မ်ိဳးရွိေၾကာင္းဆိုခဲ့ၾကေပသည္

ေရွးလူႀကီးသူမတို႔သည္အၾကားအျမင္၊ ဗဟုသုတရင့္က်က္ၾကသူမ်ားပီပီေနာင္လာေနာက္သားတို႔ေတာင္ပို႔ေပါက္ျခင္းႏွင့္ပတ္ သက္၍ေကာင္းျခင္းဆိုးျခင္းကိုသိျမင္မွတ္သားလိုက္နာေဆာင္ရြက္နိုင္ေစရန္

ကဗ်ာလကၤာမ်ားစပ္ဆို ထားခဲ့ေပသည္ ၎လကၤာမွာ

၁- အေရွ႕ေတာင္ခြင္၊ေတာင္ပို႔ထင္၊မီးလၽွင္ေလာင္တတ္စြ

၂- အေနာက္ေပါက္ျငား၊ေအာက္လူမ်ား နာဖ်ားေဘးဒဏ္ရ

၃- အေနာက္ေတာင္တြင္၊ေတာင္ပို႔ျမင္၊ သူလၽွင္ ခိုးတတ္လွ

၄- ၾကင္းငါးရပ္မွာ၊ ေပါက္ေရာက္လာ၊မွန္စြာခ်မ္းၾကည္ျမ

၅- မေကာင္းရပ္ေန၊ေပါက္လာေပ၊ေရႊရည္ေလာင္းေလၾက

၆- ဤသို႔ယၾတာ၊ျပဳေသာခါ၊ေရာဂါရန္ကြယ္ဟူ၍ျဖစ္သည္။ အ႒လဂ္ခြင္အရအရပ္ရွစ္ပါးရွိရာ

၁ အေရွ႕ေျမာက္အရပ္၊၂ အေရွ႕အရပ္၊၃ အေရွ႕ေတာင္အရပ္၊၄ ေတာင္ အရပ္၊

၅ အေနာက္ေတာင္အရပ္၊ ၆ အေနာက္အရပ္၊၇ အေနာက္ေျမာက္အရပ္၊ ၈ ေျမာက္အရပ္ဟူ၍ ျဖစ္ေလသည္

အိမ္အတြင္း၊ၿခံဝင္းအ တြင္းေတာင္ပို႔ေပါက္ေသာအရပ္သည္ မည္သည့္ အရပ္၌ျဖစ္သည္ကိုတိက်စြာသတ္မွတ္ရပါမည္

ေရွးလူႀကီးသူမတို႔မိန႔္ဆိုခဲ့ေသာကဗ်ာလကၤာအရေတာင္ပို႔ေပါက္ေသာအရပ္ သည္အေရွ႕ေတာင္ေထာင့္အရပ္ျဖစ္ပါကအိမ္ကိုမီးေလာင္တတ္သည္

အေနာက္အရပ္တြင္ျဖစ္ပါက လူငယ္လူရြယ္မ်ားနာဖ်ားတတ္သည္။ ေဘးရန္သင့္တတ္သည္

အေနာက္ေတာင္အရပ္တြင္ျဖစ္ပါကေနအိမ္တြင္သူခိုးခိုးခံရတတ္ သည္။ က်န္သည့္အရပ္ငါးမ်ိဳးတြင္ေတာင္ပို႔ေပါက္ပါက စည္းစိမ္ဥစၥာႀကီးပြားတိုးတက္ခ်မ္းသာမည္ဟု ဆိုလိုေပသည္

မေကာင္းေသာအရပ္တြင္ေတာင္ပို႔ေပါက္လၽွင္မည္သို႔ျပဳလုပ္ရမည္ကိုေရွးေဗဒကဝိတို႔ကယၾတာထားခဲ့ၾကသည္။၎ယၾတာမွာ မိမိအိမ္ေသာက္ေရအိုးထဲမွေရကိုခပ္၍ မေကာင္းေသာ ေဘးအႏၲရာယ္မ်ားပေပ်ာက္ပါေစဟု ဆုေတာင္းကာ ေပါက္လာသည့္ေတာင္ပို႔ေပၚသို႔ေနာက္ျပန္ေလာင္းရေပမည္

ေနအိမ္(သို႔မဟုတ္)ၿခံဝင္းထဲ၌ေတာင္ပို႔ေပါက္ပါက အမႈမဲ့အမွတ္မဲ့မေနဘဲေကာင္းက်ိဳးလား၊မေကာင္းက်ိဳးလားဆိုသည္ကိုအထက္ပါလကၤာအရဆန္းစစ္ကာမေကာင္းက်ိဳးျဖစ္ပါက ယၾတာေခ်႐ုံသာရွိပါေတာ့သတည္
crd

Leave a Reply

Your email address will not be published.