ကိုးကန့်တိုက်ပွဲတွင် သူရဘွဲ့ရ ရဲဒုတပ်ကြပ်ဇေယျာ လက်နက်အပြည့်အစုံဖြင့် CDM ဝင်

News

Unicode
ကိုးကန့်တိုက်ပွဲတွင် သူရဘွဲ့ရ ရဲဒုတပ်ကြပ်ဇေယျာ လက်နက်အပြည့်အစုံဖြင့် CDM ဝင်၊ ပြည်သူကို သတ်ဖြတ်မှုများ မလုပ်ဘဲ CDM ဝင်ကြရန် စစ်တပ်နှင့်ရဲများကို ရဲဒုတပ်ကြပ်ဇေယျာက တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၁၄
ကိုးကန့်တိုက်ပွဲတွင် သူရဘွဲ့ရရှိခဲ့သည် ရဲဒုတပ်ကြပ်ဇေယျာသည် ဇူလိုင်လ ၃ ရက် နေ့တွင် KNU တပ်မဟာ ၅ ထံတွင် လက်နက်အပြည့်အစုံနှင့်တကွ CDM ဝင်ရောက်လာကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။
ဖာပွန်မြိုအခြေစိုက်ရဲစခန်းမှ ရဲဒု-တပ်ကြပ် ဇေယျာ၊ အသက်(၃၈)နှစ်က V8-63 အမျိုးအစား မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်(၁၁၄)တောင့်၊လက်ပစ် ဗုံး၂ လုံးနှင်ဓားမြောင်၂ လက်ယူဆောင်လာပြီး ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာထံသို့ရောက်လာကာ လက်နက်ချအလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။

ရဲဒု-တပ်ကြပ်ဇေယျာသည် ရဲတပ်သားမဖြစ်လာခင် အကြမ်းဖက်စစ်တပ်တွင် စစ်သက် (၁၃)နှစ်လုံးလုံး သာမန်တပ်သားတစ်ဦးအဆင့်ဖြင့် ကိုးကန့်ဒေသတွင် တာဝန်ကျစဉ် ကိုးကန့်စခန်းဖြစ်သည့် ပွိုင့် ၄၅၂၇နှင့် သံခမောက်ကုန်းစခန်းတက်သိမ်းမှုအတွက် အကြမ်းဖက်စစ်တပ်က သူရဘွဲ့ချီးမြှင့်ပေးခဲ့သူဖြစ် ကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်တပ်တွေက ပြည်သူ့အာဏာကိုမတရားသိမ်းဆည်းတယ်။ အပြစ်မဲ့ပြည်သူတွေကိုလည်းမတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတာတွေကို သိနေမြင်နေရတော့ ဒီအဝန်းအဝိုင်းထဲမှာ ဘယ်လိုမှတာဝန်မထမ်းဆောင်ချင်တော့ဘူး” ဟု ရဲဒုတပ်ကြပ်ဇေယျာက ပြောသည်။
စစ်မှုထမ်းသက် ၁၃ နှစ်အပြီး ရဲဌာနဘက်သိုပြောင်းရွှေ့ခြင်းခံရပြီးနောက် ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်း၊ လှော်ကားရဲတပ်ရင်းအမှတ်(၈)တွင် သင်တန်းပြီးမြောင်အောင်မြင်ကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ် ရဲတပ်ရင်းအမှတ်(၆) တွင်တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့မှစတင်၍ ဖာပွန်မြို့ ရဲလုံခြုံရေးဌာနတွင် ရဲဒု-တပ်ကြပ်အဆင့်ဖြင့်တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော့်ရဲ့မှန်ကန်တဲ့ရွေးချယ်မှုအတွက်ကိုတော့ ဘယ်တော့မှနောင်တရနေမှာ မဟုတ်ဘူး။ ဒီဖက်တော်လှန်‌ရေးအဖွဲ့အစည်းကလည်း နွေးနွေးထွေးထွေးနဲ့ကြိုဆိုလက်ခံ ကျွေးမွေးစောင့်ရှောက်ပေးတယ်။ ကျန်နေခဲ့တဲ့ရဲဘော် ရဲဘက်အားလုံးကိုပြောချင်တယ်။ ထွက်လာပါ မရရအောင်နည်းလမ်း ရှာကြံပြီးရုန်းထွက်ပါ။ ဘာမှစိုးရိမ် ကြောက်လန့်နေစရာမလိုဘူး။ လှိုက်လှဲ ပျူငှာစွာနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက ကြိုဆိုလက်ခံနေပါတယ်”ဟု ရဲဒုတပ်ကြပ် ဇေယျာက ပြောဆိုသည်။
crd

hihihihihihihihihi

this is test

Zawgyi

ကိုးကန႔္တိုက္ပြဲတြင္ သူရဘြဲ႕ရ ရဲဒုတပ္ၾကပ္ေဇယ်ာ လက္နက္အျပည့္အစုံျဖင့္ CDM ဝင္၊ ျပည္သူကို သတ္ျဖတ္မႈမ်ား မလုပ္ဘဲ CDM ဝင္ၾကရန္ စစ္တပ္ႏွင့္ရဲမ်ားကို ရဲဒုတပ္ၾကပ္ေဇယ်ာက တိုက္တြန္း
ရန္ကုန္၊ ဇူလိုင္ ၁၄
ကိုးကန႔္တိုက္ပြဲတြင္ သူရဘြဲ႕ရရွိခဲ့သည္ ရဲဒုတပ္ၾကပ္ေဇယ်ာသည္ ဇူလိုင္လ ၃ ရက္ ေန႔တြင္ KNU တပ္မဟာ ၅ ထံတြင္ လက္နက္အျပည့္အစုံႏွင့္တကြ CDM ဝင္ေရာက္လာေၾကာင္း KNU မူေၾတာ္သတင္းစဥ္က သတင္းထုတ္ျပန္သည္။

ဖာပြန္ၿမိဳအေျခစိုက္ရဲစခန္းမွ ရဲဒု-တပ္ၾကပ္ ေဇယ်ာ၊ အသက္(၃၈)ႏွစ္က V8-63 အမ်ိဳးအစား ေမာင္းျပန္႐ိုင္ဖယ္တစ္လက္၊ က်ည္(၁၁၄)ေတာင့္၊လက္ပစ္ ဗုံး၂ လုံးႏွင္ဓားေျမာင္၂ လက္ယူေဆာင္လာၿပီး ကရင္အမ်ိဳးသားအစည္းအ႐ုံး၊ မူေၾတာ္ခ႐ိုင္၊ အမွတ္(၅)တပ္မဟာထံသို႔ေရာက္လာကာ လက္နက္ခ်အလင္းဝင္လာခဲ့ေၾကာင္း သိရွိရသည္။

ရဲဒု-တပ္ၾကပ္ေဇယ်ာသည္ ရဲတပ္သားမျဖစ္လာခင္ အၾကမ္းဖက္စစ္တပ္တြင္ စစ္သက္ (၁၃)ႏွစ္လုံးလုံး သာမန္တပ္သားတစ္ဦးအဆင့္ျဖင့္ ကိုးကန႔္ေဒသတြင္ တာဝန္က်စဥ္ ကိုးကန႔္စခန္းျဖစ္သည့္ ပြိဳင့္ ၄၅၂၇ႏွင့္ သံခေမာက္ကုန္းစခန္းတက္သိမ္းမႈအတြက္ အၾကမ္းဖက္စစ္တပ္က သူရဘြဲ႕ခ်ီးျမႇင့္ေပးခဲ့သူျဖစ္ ေၾကာင္း သိရွိရသည္။

“အၾကမ္းဖက္စစ္တပ္ေတြက ျပည္သူ႔အာဏာကိုမတရားသိမ္းဆည္းတယ္။ အျပစ္မဲ့ျပည္သူေတြကိုလည္းမတရားဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ေနတာေတြကို သိေနျမင္ေနရေတာ့ ဒီအဝန္းအဝိုင္းထဲမွာ ဘယ္လိုမွတာဝန္မထမ္းေဆာင္ခ်င္ေတာ့ဘူး” ဟု ရဲဒုတပ္ၾကပ္ေဇယ်ာက ေျပာသည္။
စစ္မႈထမ္းသက္ ၁၃ ႏွစ္အၿပီး ရဲဌာနဘက္သိုေျပာင္းေ႐ႊ႕ျခင္းခံရၿပီးေနာက္ ၂၀၁၈ ခုႏွစ္တြင္ ရန္ကုန္တိုင္း၊ ေလွာ္ကားရဲတပ္ရင္းအမွတ္(၈)တြင္ သင္တန္းၿပီးေျမာင္ေအာင္ျမင္ေၾကာင္း၊ ရခိုင္ျပည္နယ္၊ ေမာင္းေတာၿမိဳ႕နယ္ ရဲတပ္ရင္းအမွတ္(၆) တြင္တာဝန္ထမ္းေဆာင္ခဲ့ကာ ၂၀၂၁ခုႏွစ္၊ ဩဂုတ္လ (၂၁)ရက္ေန႔မွစတင္၍ ဖာပြန္ၿမိဳ႕ ရဲလုံၿခဳံေရးဌာနတြင္ ရဲဒု-တပ္ၾကပ္အဆင့္ျဖင့္တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရွိရသည္။

“ကြၽန္ေတာ့္ရဲ႕မွန္ကန္တဲ့ေ႐ြးခ်ယ္မႈအတြက္ကိုေတာ့ ဘယ္ေတာ့မွေနာင္တရေနမွာ မဟုတ္ဘူး။ ဒီဖက္ေတာ္လွန္‌ေရးအဖြဲ႕အစည္းကလည္း ေႏြးေႏြးေထြးေထြးနဲ႔ႀကိဳဆိုလက္ခံ ေကြၽးေမြးေစာင့္ေရွာက္ေပးတယ္။ က်န္ေနခဲ့တဲ့ရဲေဘာ္ ရဲဘက္အားလုံးကိုေျပာခ်င္တယ္။ ထြက္လာပါ မရရေအာင္နည္းလမ္း ရွာႀကံၿပီး႐ုန္းထြက္ပါ။ ဘာမွစိုးရိမ္ ေၾကာက္လန႔္ေနစရာမလိုဘူး။ လႈိက္လွဲ ပ်ဴငွာစြာနဲ႔ ေတာ္လွန္ေရး အဖြဲ႕အစည္းေတြက ႀကိဳဆိုလက္ခံေနပါတယ္”ဟု ရဲဒုတပ္ၾကပ္ ေဇယ်ာက ေျပာဆိုသည္။
crd

Leave a Reply

Your email address will not be published.