ပြည်သူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းလေးပါပဲဗျာ

News

Unicode
ပည်သူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းလေးပါပဲဗျာ

ရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများဆက်တိုက်ကျဆင်းလာ ယနေ့တစ်လီတာလျင် ငွေကျပ် ၁၈၀၀ အောက်သို့လျော့ကျရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများဆက် တိုက်ကျဆင်းလာကာစက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ တီ၏ ဇူလိုင် ၁၅ ရက်(ယနေ့)ထုတ်ပြန်သည့်ရည် ညွှန်းလက်လီဈေးနှုန်းအရ တစ်လီတာလျင်ငွေကျပ် ၁၈၀၀ အောက်လျော့ကျခဲ့သည်။

ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊နေပြည်တော်၊ပဲခူး၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံနှင့်မော်လမြိုင်တို့တွင်စက်သုံးဆီဈေးနှုန်းမှာ 92 Ron တစ် လီတာလျင် ငွေကျပ် ၁၈၀၀ အောက်သို့ကျဆင်းခဲ့သည်။

“ဆီဈေးကျတာကောင်းတာပေါ့ အရင်ကဆိုရင် ဆီဈေးတွေတက်တော့ ကားဌားတဲ့လူရှိလည်း ရတဲ့ပိုက်ဆံနဲ့ဆီဝယ်ထည့်ရတာအုံနာကြေးပေးရတာနဲ့ ကိုယ့်အတွက်သိပ်မကျန်ဘူး ဆီဈေးကျတော့ ကိုယ့်အတွက်လည်းအရင်ထက်ပိုကျန်တာပေါ့ မနေ့ကဆီဈေးနဲ့ဒီနေ့ဆီဈေးဆိုရင် ၆၀ လောက်ထပ်ကျသွားတာပေါ့”ဟု အဌားကားမောင်းသည့် ကိုဇော်မင်းဦးကပြောသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီဈေးအဖြစ် 92 Ron တစ်လီတာလျင် ၁၇၂၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၉၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၁၃၀ ကျပ် သတ်မှတ်ခဲ့သည်။

hihihihihihihihihi

this is test

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့အား တစ်လီတာလျင် ၂၁၉၀ ကျပ် စက်သုံးဆီ ရည်ညွှန်းလက်လီဈေးနှုန်းများအဖြစ် သတ်မှတ်ခဲ့သည်။

အဆိုပါ ဈေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS ဈေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါကေ ကာ်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားဈေးနှုန်းမှာလည်း

ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၆၃၄ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၀၀ ကျပ်၊ HSD(500 ppm) တစ်လီတာလျင်၂၀၂၉ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၀၈၄ ကျပ်ဖြစ်သည်။

crd

Zawgyi







အဆိုပါ ဈေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS ဈေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါကေ က်ာမတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။



Leave a Reply

Your email address will not be published.