“ရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာသုံးခဲ့တာမရှိ၊ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို”

News

Unicode
“ရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာသုံးခဲ့တာမရှိ၊ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုပြီး စွပ်စွဲချက်နဲ့ပတ်သက်လို့ အပြစ်မရှိကြောင်းနဲ့ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့တရားခွင်မှာ ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု၀န်ကြီးဟောင်း ဦးမင်းသူတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) နဲ့စွဲချက်တင်ထားတဲ့ဒီအမှုမှာ စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ဇူလိုင် ၁၅ ရက်နေ့မှာ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး ပံ့ပိုးကူညီတဲ့အဖွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ လိုအပ်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင် ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့တွေထဲမှာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်က ဦးဆောင်ပါ၀င်ပြီး လူ၀င်မှု ကြီးကြပ်ရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စတဲ့ ဌာနဆိုင်ရာတွေ နဲ့ ရွေးကောက်ပွဲ ကော်မရှင်အသီးသီးက တာ၀န်ရှိသူတွေနဲ့ ဥပဒေနဲ့အညီသာဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် ကော်မရှင်ကို မလျော်သြဇာသုံးစွဲခဲ့တာမရှိကြောင်းနဲ့ စွပ်စွဲထားချက်တွေနဲ့ပတ်သက်လို့ သူ့မှာအပြစ်မရှိကြောင်းလည်း ထွက်ဆိုခဲ့ပါတယ်။

hihihihihihihihihi

this is test

ဒီအမှုနဲ့ပတ်သက်လို့ စွပ်စွဲခံရသူ ၁ အဖြစ် သမ္မတ ဦး၀င်းမြင့်ကို ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ဆေးခဲ့ပြီးဖြစ်ပြီး သမ္မတကလည်း အပြစ်မရှိကြောင်း ထွက်ဆိုထားပြီးဖြစ်ပါတယ်။

လာမယ့်သောကြာနေ့ရုံးချိန်းမှာတော့ ၀န်ကြီးဟောင်းဦးမင်းသူကို ဆက်လက်စစ်ဆေးဖို့ရှိတယ်လို့သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာတွေ့ရတဲ့ သမ္မတရော နိုင်ငံတော်အတိုင်ပင်ခံပါ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ အတိုင်ပင်ခံအတွက် ထောင်၀င်စာပစ္စည်းတချို့လည်း ပို့ဆောင်ခွင့်ရခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၆ ခုအတွက် ထောင် ၁၁ နှစ်ထိချမှတ်ခံထားရပြီး နေပြည်တော်အချုပ်ထောင်တွင်း ပြောင်းရွှေ့နေထိုင်ရတာ သီတင်းသုံးပတ်ခန့် ကြာမြင့်ပြီဖြစ်ပါတယ်။

အာဆီယံအထူးသံက ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရွှေ့ပြောင်းဖို့ တိုက်တွန်းထားပေမဲ့ စစ်ကောင်စီကတော့ ဒါကို လက်ခံထားတာမရှိပါဘူး။

ဒီကနေ့စစ်ဆေးဖြစ်တဲ့ ပုဒ်မ ၁၃၀(က) ဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံးထောင် ၃ နှစ်ထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

BBC

Zawgyi

“ေ႐ြးေကာက္ပြဲ ေကာ္မရွင္အေပၚ မေလ်ာ္ၾသဇာသုံးခဲ့တာမရွိ၊ ဥပေဒနဲ႔အညီသာ ေဆာင္႐ြက္ခဲ့တာလို႔ ေဒၚေအာင္ဆန္းစုၾကည္ ထြက္ဆို”

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေပၚ မေလ်ာ္ၾသဇာသုံးတယ္ဆိုၿပီး စြပ္စြဲခ်က္နဲ႔ပတ္သက္လို႔ အျပစ္မရွိေၾကာင္းနဲ႔ ဥပေဒနဲ႔အညီသာ ေဆာင္႐ြက္ခဲ့တာျဖစ္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔တရားခြင္မွာ ထြက္ဆိုခဲ့တယ္လို႔ တရား႐ုံးနဲ႔နီးစပ္သူေတြက ေျပာပါတယ္။

သမၼတ ဦး၀င္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျပည္ေထာင္စု၀န္ႀကီးေဟာင္း ဦးမင္းသူတို႔ကို ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၃၀(က) နဲ႔စြဲခ်က္တင္ထားတဲ့ဒီအမႈမွာ စြပ္စြဲခံရသူ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီေန႔ဇူလိုင္ ၁၅ ရက္ေန႔မွာ ေနျပည္ေတာ္အခ်ဳပ္ေထာင္တြင္းတရား႐ုံးမွာ စစ္ေဆးခဲ့တာျဖစ္ပါတယ္။

မဲဆႏၵရွင္စာရင္းမ်ားျပည့္စုံမွန္ကန္ေစေရး ပံ့ပိုးကူညီတဲ့အဖြဲ႕ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ လိုအပ္ခ်က္အရ ျပည္ေထာင္စုအစိုးရအဖြဲ႕က ဦးေဆာင္ ဖြဲ႕စည္းေပးခဲ့တာျဖစ္ၿပီး အဲဒီအဖြဲ႕ေတြထဲမွာ တိုင္းနဲ႔ျပည္နယ္ အစိုးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္က ဦးေဆာင္ပါ၀င္ၿပီး လူ၀င္မႈ ႀကီးၾကပ္ေရး၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန စတဲ့ ဌာနဆိုင္ရာေတြ နဲ႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အသီးသီးက တာ၀န္ရွိသူေတြနဲ႔ ဥပေဒနဲ႔အညီသာဖြဲ႕စည္းခဲ့တာျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ထြက္ဆိုခဲ့ေၾကာင္း သိရပါတယ္။

ဒါေၾကာင့္ ေကာ္မရွင္ကို မေလ်ာ္ၾသဇာသုံးစြဲခဲ့တာမရွိေၾကာင္းနဲ႔ စြပ္စြဲထားခ်က္ေတြနဲ႔ပတ္သက္လို႔ သူ႔မွာအျပစ္မရွိေၾကာင္းလည္း ထြက္ဆိုခဲ့ပါတယ္။

ဒီအမႈနဲ႔ပတ္သက္လို႔ စြပ္စြဲခံရသူ ၁ အျဖစ္ သမၼတ ဦး၀င္းျမင့္ကို ၿပီးခဲ့တဲ့ သီတင္းပတ္က စစ္ေဆးခဲ့ၿပီးျဖစ္ၿပီး သမၼတကလည္း အျပစ္မရွိေၾကာင္း ထြက္ဆိုထားၿပီးျဖစ္ပါတယ္။

လာမယ့္ေသာၾကာေန႔႐ုံးခ်ိန္းမွာေတာ့ ၀န္ႀကီးေဟာင္းဦးမင္းသူကို ဆက္လက္စစ္ေဆးဖို႔ရွိတယ္လို႔သိရပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာေတြ႕ရတဲ့ သမၼတေရာ ႏိုင္ငံေတာ္အတိုင္ပင္ခံပါ က်န္းမာေရးေကာင္းမြန္ေၾကာင္းနဲ႔ အတိုင္ပင္ခံအတြက္ ေထာင္၀င္စာပစၥည္းတခ်ိဳ႕လည္း ပို႔ေဆာင္ခြင့္ရခဲ့တယ္လို႔သိရပါတယ္။

လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ပုဒ္မ ၆ ခုအတြက္ ေထာင္ ၁၁ ႏွစ္ထိခ်မွတ္ခံထားရၿပီး ေနျပည္ေတာ္အခ်ဳပ္ေထာင္တြင္း ေျပာင္းေ႐ႊ႕ေနထိုင္ရတာ သီတင္းသုံးပတ္ခန္႔ ၾကာျမင့္ၿပီျဖစ္ပါတယ္။

အာဆီယံအထူးသံက ေဒၚေအာင္ဆန္းစုၾကည္ကို အက်ဥ္းေထာင္ကေန ေနအိမ္ကို ျပန္လည္ေ႐ႊ႕ေျပာင္းဖို႔ တိုက္တြန္းထားေပမဲ့ စစ္ေကာင္စီကေတာ့ ဒါကို လက္ခံထားတာမရွိပါဘူး။

ဒီကေန႔စစ္ေဆးျဖစ္တဲ့ ပုဒ္မ ၁၃၀(က) ဟာ ျပစ္မႈထင္ရွားရင္ အနည္းဆုံးေထာင္ ၃ ႏွစ္ထိ ခ်မွတ္ႏိုင္တယ္လို႔ ဥပေဒမွာ ေဖာ္ျပထားပါတယ္။

BBC

Leave a Reply

Your email address will not be published.