ရှင်းလင်းခံရမည်ကိုကြောက်၍ CCTV သိန်း ၆၀ ဖိုး ဝယ်တပ်ထားသည့် ရွာငံမြို့က ဒလန်ဆိုသူ ပ-စ်သ-တ်ခံရ

News

Unicode
ရှင်းလင်းခံရမည်ကိုကြောက်၍ CCTV သိန်း ၆၀ ဖိုး ဝယ်တပ်ထားသည့် ရွာငံမြို့က ဒလန်ဆိုသူ ပ-စ်သ-တ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊နွားဘန်းကြီးကျေးရွာအုပ်စု၊ ပွေးနဖားကျေးရွာမှ PDF များ၏ ရှင်းလင်းခြင်းခံရမည်ကို ကြောက်၍ CCTV သိန်း ၆၀ ဖိုးဝယ်ယူတပ်ဆင်ထားသည့် ဒလန်ဟု နာမည်ထွက်သူ တစ်ဦး ဇူလိုင်လ ၁၃ ရက် ညပိုင်းက ပစ်သတ်ခံရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပေးဒလန်ဟု နာမည်ကြီးသူ ကိုတင်မိုးအား လက်နက်ကိုင်လူတစ်စုမှ နေအိမ်အတွင်း၌ လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း၊

ပစ်ခတ်ရာ နေရာတွင် သေဆုံးသွားကြောင်း၊ ရုပ်အလောင်းကို စစ်ကောင်စီက သယ်ယူသွားပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ရွာငံမြို့နယ်ဆေးရုံ သုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

”သူကပျူစောထီးလည်းဟုတ်တယ်ဗျ။ နွားဘန်းကြီးရွာကအိမ်တွေ မီးရှို့တုန်းကလည်း သူက ဦးဆောင်ပြီးရှို့ခဲ့ပါတယ်။ CCTV တွေတောင် တပ်ဆင်ထားပြီး သူ့မှာအတိုတောင် ဆောင်ထားတယ်ပြောတယ်ဗျ။ စစ်ခွေးတွေလည်း အရင်က လုံခြုံရေးတွေလာယူပေးဖူးတယ် ”ဟု ဒေသခံတစ်ဦးက ပြောသည်။

hihihihihihihihihi

this is test

ပစ်သတ်ခံရသူ ဦးတင်မိုးသည် သတင်းပေးဒလန်ဟု နာမည်ကြီးသည့်အပြင် ပျူစောထီးအဖွဲ့၌လည်း ပါဝင်နေကြောင်း ဒေသခံများက ဆိုသည်။သို့သော် မဇ္ဈိမသတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးချေ။

#mizzima

Zawgyi







#mizzima

Leave a Reply

Your email address will not be published.