ချမ်းသာချင်ရင် ဒါကိုဖတ်ပါ

Knowledge

ချမ်းသာချင်ရင် ဒါကိုဖတ်ပါ

လောကမှာ မချမ်းသာချင်တဲ့သူဆိုတာ မရှိပါ။ လူတိုင်းချမ်းသာချင်ကြပါတယ်။ ဒါပေမယ့် လူတိုင်း မချမ်းသာပါ။

ဒါကြောင့် ချမ်းသာလိုသူတွေအတွက် နည်းလမ်းကောင်းတစ်ခုကို Pyi Soe Oo (Car dealerships & Business Talk) မှအကြံပြုထားချက်တချို့ကို ပြန်လည်မျှဝေလိုက်ပါတယ်။

ကျွန်တော် ဘယ်တုန်းကမှပိုက်ဆံမစုဖူးဘူး။ဘာလို့လဲ .?။

စုဗူးထဲကငွေဆိုတာ ဘယ်တုန်းကမှအကျိုးအမြတ်ရှာမပေးနိုင်သလိုမြန်မာနိုင်ငံလိုငွေတန်ဘိုးကျလေ့ရှိတဲ့နေရာမှာ  ေ.သနေတဲ့ငွေတွေဟာတန်ဘိုးပိုကျလို့ပါ။

hihihihihihihihihi

this is test

သင်အဓိကပျိုးထောင်ရမှာကငွေစုတဲ့အလေ့အကျင့်မဟုတ်ပါဘူး။အသုံးနဲ့အဖြုန်းကိုခွဲခြားတတ်ဖို့နဲ့ငွေကိုစည်းစနစ်တကျစီမံခန့်ခွဲတတ်ဖို့ပါပဲ။

အသုံးနဲ့အဖြုန်းကို ဘယ်လိုခွဲမလဲ .? လိုအပ်လို့ဝယ်တာမှန်သမျှအသုံးဖြစ်ပြီး၊ လိုချင်လို့ဝယ်တာအများစုကအဖြုန်းတွေပါ။

သင့်အိမ်မှာမလိုအပ်ပဲလိုချင်စိတ်ဖြစ်ရုံသက်သက်နဲ့ဝယ်ထားသမျှပစ္စည်းတွေရဲ့တန်ဘိုးကို ချတွက်ပေါင်းကြည့်မယ်ဆိုရင် သင်စုထားရင်ရမယ့်ငွေထက်အဆမတန်ပိုများနေမယ်ဆိုတာကျွန်တော်ပြောရဲပါတယ်။

လစာ(ဝင်ငွေ)သုံးသိန်းသာရှိတဲ့အချိန် သိန်း ၃၀ တန်ပစ္စည်းတစ်ခုကိုလိုချင်စိတ်နဲ့ဝယ်မိတယ်ဆိုဒါအဖြုန်းပါပဲ။ဒီစိတ်ကသင့်ဘဝရဲ့တိုးတက်နှုန်းချမ်းသာနှုန်းကိုအလွန်နှေးစေပါတယ်။

သင် သိန်း ၃၀ တန်ပစ္စည်းတစ်ခုကိုဝယ်သုံးချင်တယ်ဆို ဝင်ငွေကိုသိန်း ၁၀၀ ရတဲ့အထိတိုးမြင့်နိုင်ဖို့ ကြိုးစားပါ။ဒါကမှ win winဖြစ်မှာပါ။

ဒုတိယအချက် ဝင်ငွေနဲ့ ရှိထားတဲ့ငွေကြေးကိုစနစ်တကျကောင်းမွန်စွာစီမံခန့်ခွဲဖို့လိုပါတယ်။

ဘယ်တော့မှလောင်းကစားမလုပ်ပါနဲ့။ ဘယ်တော့မှဘယ်သူ့ကိုမှငွေမချေးပါနဲ့။ လောင်းကစားနဲ့ငွေချေးပေးခြင်းကသင့်ကိုလူမွဲဘဝရောက်စေပါတယ်။

အလုပ်နဲ့ပက်သက်ပြီးစွန့်စားပါ။သို့သော်ကိုယ်စွန့်စားမယ့်အရာနဲ့ပက်သက်ပြီး 100% သေသေချာချာသိပါစေ။

မလုပ်ခင်အနည်းဆုံး ၁၀ ခါထက်မနဲသေချာစဉ်းစားပါ။ % တွေရှိတဲ့အထဲမှာကိုယ့်ဘက်ကပိုင်မှလုပ်ပါ။

ချမ်းသာချင်ရင် ငွေကိုအရင်မရှာပါနဲ့။ပညာကိုသာတဖက်ကမ်းခတ်အောင်အရင်သင်ယူပါ။ ပညာတတ်တဲ့အခါပိုက်ဆံကကိုယ့်ကိုလာရှာလိမ့်မယ်။

ချမ်းသာချင်ရင် ငွေကိုအချိန်အကြာကြီးစုမထားပါနဲ့။လုပ်ငန်းကိုသာကြီးသထက်ကြီးအောင်လုပ်ပါ။လုပ်ငန်းကြီးလေဝင်ငွေများလေပါပဲ။

ငွေစုတဲ့အကျင့်ရှိတာကောင်းပါတယ်။ ဒါပေမယ့်ငွေစုခိုင်းတယ်ဆိုတာငွေတွေစုမိဖို့မဟုတ်ပါဘူး။

ငွေစုတဲ့အကျင့်ရသွားတဲ့လူတစ်ယောက်ဟာငွေကိုအလွယ်တကူမသုံးဖြစ်တော့ဘူး။စည်းကမ်းရှိသွားတယ်။ငွေတန်ဘိုးကိုနားလည်လာတယ်။ရင်ထဲမှာမျှော်လင့်ချက်တွေရှိလာတယ်။အလုပ်ကိုပိုကြိုးစားလာတယ်။

ချမ်းသာချင်ရင် ကြီးကြီးကျယ်ကျယ်တွေးပါ။သိန်း ၁၀၀ ပဲရှိတဲ့အချိန် သိန်း ၁၀၀၀ တန်လောက်တွေးနိုင်အောင် ကြိုးစားပါ။လေ့လာပါ။သင်ယူပါ။

စကားနဲနဲပြောပါ။ကတိကိုလွယ်လွယ်မပေးပါနဲ့။ ကတိပေးပြီးရင်တည်အောင်ကြိုးစားပါ။သဘောတူညီချက်ယူပြီးမှအလုပ်ကိုလုပ်ပါ။အလုပ်လုပ်ပြီးမှ သဘောတူညီချက်ရအောင်ပြန်ညှိနှိုင်းနရတာမျိုးမဖြစ်ပါစေနဲ့။ငွေနဲ့ပက်သက်ရင်အချိန်တိကျပါ။မည်သူ့ကိုမျှငွေမချေးပါနဲ့” ဆိုပြီး ချမ်းသာလိုသူတိုင်းအတွက် အကြံပြုထားပါတယ်။

Source: PyiSoeOo

Zawgyi

ခ်မ္းသာခ်င္ရင္ ဒါကိုဖတ္ပါ

ေလာကမွာ မခ်မ္းသာခ်င္တဲ့သူဆိုတာ မရွိပါ။ လူတိုင္းခ်မ္းသာခ်င္ၾကပါတယ္။ ဒါေပမယ့္ လူတိုင္း မခ်မ္းသာပါ။

ဒါေၾကာင့္ ခ်မ္းသာလိုသူေတြအတြက္ နည္းလမ္းေကာင္းတစ္ခုကို Pyi Soe Oo (Car dealerships & Business Talk) မွအႀကံျပဳထားခ်က္တခ်ိဳ႕ကို ျပန္လည္မွ်ေဝလိုက္ပါတယ္။

ကြၽန္ေတာ္ ဘယ္တုန္းကမွပိုက္ဆံမစုဖူးဘူး။ဘာလို႔လဲ .?။

စုဗူးထဲကေငြဆိုတာ ဘယ္တုန္းကမွအက်ိဳးအျမတ္ရွာမေပးႏိုင္သလိုျမန္မာႏိုင္ငံလိုေငြတန္ဘိုးက်ေလ့ရွိတဲ့ေနရာမွာ  ေ.သေနတဲ့ေငြေတြဟာတန္ဘိုးပိုက်လို႔ပါ။

သင္အဓိကပ်ိဳးေထာင္ရမွာကေငြစုတဲ့အေလ့အက်င့္မဟုတ္ပါဘူး။အသုံးနဲ႔အျဖဳန္းကိုခြဲျခားတတ္ဖို႔နဲ႔ေငြကိုစည္းစနစ္တက်စီမံခန႔္ခြဲတတ္ဖို႔ပါပဲ။

အသုံးနဲ႔အျဖဳန္းကို ဘယ္လိုခြဲမလဲ .? လိုအပ္လို႔ဝယ္တာမွန္သမွ်အသုံးျဖစ္ၿပီး၊ လိုခ်င္လို႔ဝယ္တာအမ်ားစုကအျဖဳန္းေတြပါ။

သင့္အိမ္မွာမလိုအပ္ပဲလိုခ်င္စိတ္ျဖစ္႐ုံသက္သက္နဲ႔ဝယ္ထားသမွ်ပစၥည္းေတြရဲ႕တန္ဘိုးကို ခ်တြက္ေပါင္းၾကည့္မယ္ဆိုရင္ သင္စုထားရင္ရမယ့္ေငြထက္အဆမတန္ပိုမ်ားေနမယ္ဆိုတာကြၽန္ေတာ္ေျပာရဲပါတယ္။

လစာ(ဝင္ေငြ)သုံးသိန္းသာရွိတဲ့အခ်ိန္ သိန္း ၃၀ တန္ပစၥည္းတစ္ခုကိုလိုခ်င္စိတ္နဲ႔ဝယ္မိတယ္ဆိုဒါအျဖဳန္းပါပဲ။ဒီစိတ္ကသင့္ဘဝရဲ႕တိုးတက္ႏႈန္းခ်မ္းသာႏႈန္းကိုအလြန္ေႏွးေစပါတယ္။

သင္ သိန္း ၃၀ တန္ပစၥည္းတစ္ခုကိုဝယ္သုံးခ်င္တယ္ဆို ဝင္ေငြကိုသိန္း ၁၀၀ ရတဲ့အထိတိုးျမင့္ႏိုင္ဖို႔ ႀကိဳးစားပါ။ဒါကမွ win winျဖစ္မွာပါ။

ဒုတိယအခ်က္ ဝင္ေငြနဲ႔ ရွိထားတဲ့ေငြေၾကးကိုစနစ္တက်ေကာင္းမြန္စြာစီမံခန႔္ခြဲဖို႔လိုပါတယ္။

ဘယ္ေတာ့မွေလာင္းကစားမလုပ္ပါနဲ႔။ ဘယ္ေတာ့မွဘယ္သူ႔ကိုမွေငြမေခ်းပါနဲ႔။ ေလာင္းကစားနဲ႔ေငြေခ်းေပးျခင္းကသင့္ကိုလူမြဲဘဝေရာက္ေစပါတယ္။

အလုပ္နဲ႔ပက္သက္ၿပီးစြန႔္စားပါ။သို႔ေသာ္ကိုယ္စြန႔္စားမယ့္အရာနဲ႔ပက္သက္ၿပီး 100% ေသေသခ်ာခ်ာသိပါေစ။

မလုပ္ခင္အနည္းဆုံး ၁၀ ခါထက္မနဲေသခ်ာစဥ္းစားပါ။ % ေတြရွိတဲ့အထဲမွာကိုယ့္ဘက္ကပိုင္မွလုပ္ပါ။

ခ်မ္းသာခ်င္ရင္ ေငြကိုအရင္မရွာပါနဲ႔။ပညာကိုသာတဖက္ကမ္းခတ္ေအာင္အရင္သင္ယူပါ။ ပညာတတ္တဲ့အခါပိုက္ဆံကကိုယ့္ကိုလာရွာလိမ့္မယ္။

ခ်မ္းသာခ်င္ရင္ ေငြကိုအခ်ိန္အၾကာႀကီးစုမထားပါနဲ႔။လုပ္ငန္းကိုသာႀကီးသထက္ႀကီးေအာင္လုပ္ပါ။လုပ္ငန္းႀကီးေလဝင္ေငြမ်ားေလပါပဲ။

ေငြစုတဲ့အက်င့္ရွိတာေကာင္းပါတယ္။ ဒါေပမယ့္ေငြစုခိုင္းတယ္ဆိုတာေငြေတြစုမိဖို႔မဟုတ္ပါဘူး။

ေငြစုတဲ့အက်င့္ရသြားတဲ့လူတစ္ေယာက္ဟာေငြကိုအလြယ္တကူမသုံးျဖစ္ေတာ့ဘူး။စည္းကမ္းရွိသြားတယ္။ေငြတန္ဘိုးကိုနားလည္လာတယ္။ရင္ထဲမွာေမွ်ာ္လင့္ခ်က္ေတြရွိလာတယ္။အလုပ္ကိုပိုႀကိဳးစားလာတယ္။

ခ်မ္းသာခ်င္ရင္ ႀကီးႀကီးက်ယ္က်ယ္ေတြးပါ။သိန္း ၁၀၀ ပဲရွိတဲ့အခ်ိန္ သိန္း ၁၀၀၀ တန္ေလာက္ေတြးႏိုင္ေအာင္ ႀကိဳးစားပါ။ေလ့လာပါ။သင္ယူပါ။

စကားနဲနဲေျပာပါ။ကတိကိုလြယ္လြယ္မေပးပါနဲ႔။ ကတိေပးၿပီးရင္တည္ေအာင္ႀကိဳးစားပါ။သေဘာတူညီခ်က္ယူၿပီးမွအလုပ္ကိုလုပ္ပါ။အလုပ္လုပ္ၿပီးမွ သေဘာတူညီခ်က္ရေအာင္ျပန္ညႇိႏႈိင္းနရတာမ်ိဳးမျဖစ္ပါေစနဲ႔။ေငြနဲ႔ပက္သက္ရင္အခ်ိန္တိက်ပါ။မည္သူ႔ကိုမွ်ေငြမေခ်းပါနဲ႔” ဆိုၿပီး ခ်မ္းသာလိုသူတိုင္းအတြက္ အႀကံျပဳထားပါတယ္။

Source: PyiSoeOo

Leave a Reply

Your email address will not be published.