အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အဆုံးတိုင် ဖြိုချဖျက်ဆီးမည်ဟု KNU က ထပ်မံ ကြေညာ

News

Unicode
အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အဆုံးတိုင် ဖြိုချဖျက်ဆီးမည်ဟု KNU က ထပ်မံ ကြေညာ
ရန်ကုန်၊ ဇူလိုင် ၁၆
ကရင်အမျိုးသားအစည်းအရုံးKNU အနေဖြင့် နိုင်ငံရေးရပ်တည်ချက်တူညီသည့် အဖွဲ့အစည်းအားလုံးနှင့် အတူတကွလက်တွဲကာ မဟာလူမျိုးကြီးဝါဒနှင့် အာဏာသိမ်းစစ်အုပ်စုကို အဆုံးတိုင် ဖြိုချဖျက်ဆီးပစ်မည် ဖြစ်ကြောင်း ၇၅ နှစ်ပြည့် ကရင့်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ KNDO သို့ပေးပို့သော သဝဏ်လွှာတွင် တရားဝင် ကြေညာထားသည်။

၁၉၄၂ မှ ၁၉၄၅ ခုနှစ်ကာလအတွင်း လူမျိုးရေးအဓိကရုဏ်းများတွင် ကရင့်ရပ်ရွာများ မီးရှို့ဖျက်ဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်းနှင့် ညဉ်းပန်းနှိပ်စက်ခံရခြင်းများကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ စတင်ဖွဲ့စည်းသည့်နေ့မှစ၍ ကရင့်လက်နက်ကိုင်တော် လှန်ရေး စတင်ချိန်အထိ KNDO သည် KNU နှင့် ယနေ့တိုင် တစ်စိုက်မတ်မတ် ရပ်တည်ခဲ့ကြောင်း၊ KNDO က စစ်ရေးအရ တာဝန်များ၊ တရားဥပဒေစိုးမျိုးရေးတာဝန်များနှင့် ပြည်သူ့ဘဝလုံခြုံရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခဲ့ရာမှ ယနေ့တွင် ၇၅ နှစ်ပြည့်မြောက်သွားပြီဖြစ်သည်။
ကရင်လူများများအနေနှင့် အဘက်ဘက်မှ ရှင်သန်တိုးတက်ရန် ဘဝလုံခြုံမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးနှင့် တန်းတူညီမျှမှုအခွင့်အရေးများ ရရှိရန် မဖြစ်မနေ လိုအပ်ကြောင်း၊ ကရင့်ခေါင်းဆောင်ကြီးများ အနေနှင့် နိုင်ငံရေးအခြေအနေကို သုံးသပ်၍ နိုင်ငံရေးမဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို ခေတ်နှင့် အညီချမှတ်နေကြာင်း၊ အဆိုပါ ရည်မှန်းချက်များ ပြီးမြောက်ရေး KNDO သည် KNU ၏ နိုင်ငံရေးဦးဆောင်မှုနှင့် လမ်းညွှန်ချက်အတိုင်း ရပ်တည်လျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကရင့်အမျိုးသားတော်လှန်ရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် အချိန်ဖြစ်ပြီး ကရင့်အမျိုးသားများ တစ်လျှောက်လုံး ရင်ဆိုင်နေရသည့် ရန်သူဖြစ်သော လူမျိုးကြီးဝါဒနှင့် အာဏာသိမ်းစစ်အုပ်စုသည် ကရင့်အမျိုးသားများနှင့် လူနည်းစုများ၏ မျှော်မှန်းချက်နှင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ လိုလားတောင့်တနေသည့် လွတ်လပ်မှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကို အာမခံပေးနိုင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေကြောင်း၊ ထိုကြောင့် KNU အနေနှင့် နိုင်ငံရေးရပ်တည်ချက်တူညီသည့် အဖွဲ့အစည်းအားလုံးနှင့် အတူတကွလက်တွဲကာ မဟာလူမျိုးကြီးဝါဒနှင့် အာဏာသိမ်းစစ်အုပ်စုကို အဆုံးတိုင် ဖြိုချဖျက်ဆီးပစ်မည် ဖြစ်ကြောင်း KNU ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

KNDO တပ်ဖွဲ့များ၊ ခေါင်းဆောင်များ၊ စည်သည်များနှင့် ကရင့်အမျိုးသားများအားလုံး ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေး ဦးဆောင်မှု၊ လမ်းညွှန်ချက်အတိုင်း ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရန် ကြိုးပမ်းကြရန်နှင့် ကရင့်အမျိုးသားများနှင့် ပြည်သူလူထုတစ်ရပ်လုံး အကြမ်းဖက် အုပ်ချုပ်သူများ၏ မတရားစော်ကားမှုများ၊ သတ်ဖြတ်မှုများနှင့် ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်းတို့မှ လွတ်မြောက်ပြီး ရည်မှန်းချက် ပြီးမြောက်အောင်မြင်သည်အထိ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြရန် KNU က တိုက်တွန်းထားသည်။
ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။ Photo- Reuters

Zawgyi

hihihihihihihihihi

this is test

အာဏာသိမ္း အၾကမ္းဖက္စစ္အုပ္စုကို အဆုံးတိုင္ ၿဖိဳခ်ဖ်က္ဆီးမည္ဟု KNU က ထပ္မံ ေၾကညာ
ရန္ကုန္၊ ဇူလိုင္ ၁၆
ကရင္အမ်ိဳးသားအစည္းအ႐ုံးKNU အေနျဖင့္ ႏိုင္ငံေရးရပ္တည္ခ်က္တူညီသည့္ အဖြဲ႕အစည္းအားလုံးႏွင့္ အတူတကြလက္တြဲကာ မဟာလူမ်ိဳးႀကီးဝါဒႏွင့္ အာဏာသိမ္းစစ္အုပ္စုကို အဆုံးတိုင္ ၿဖိဳခ်ဖ်က္ဆီးပစ္မည္ ျဖစ္ေၾကာင္း ၇၅ ႏွစ္ျပည့္ ကရင့္အမ်ိဳးသားကာကြယ္ေရး တပ္ဖြဲ႕ KNDO သို႔ေပးပို႔ေသာ သဝဏ္လႊာတြင္ တရားဝင္ ေၾကညာထားသည္။

၁၉၄၂ မွ ၁၉၄၅ ခုႏွစ္ကာလအတြင္း လူမ်ိဳးေရးအဓိက႐ုဏ္းမ်ားတြင္ ကရင့္ရပ္႐ြာမ်ား မီးရႈိ႕ဖ်က္ဆီးခံရျခင္း၊ သတ္ျဖတ္ခံရျခင္းႏွင့္ ညဥ္းပန္းႏွိပ္စက္ခံရျခင္းမ်ားေၾကာင့္ ၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၆ ရက္ေန႔တြင္ ကရင့္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ကို ဖြဲ႕စည္းတည္ေထာင္ခဲ့ေၾကာင္း၊ စတင္ဖြဲ႕စည္းသည့္ေန႔မွစ၍ ကရင့္လက္နက္ကိုင္ေတာ္ လွန္ေရး စတင္ခ်ိန္အထိ KNDO သည္ KNU ႏွင့္ ယေန႔တိုင္ တစ္စိုက္မတ္မတ္ ရပ္တည္ခဲ့ေၾကာင္း၊ KNDO က စစ္ေရးအရ တာဝန္မ်ား၊ တရားဥပေဒစိုးမ်ိဳးေရးတာဝန္မ်ားႏွင့္ ျပည္သူ႔ဘဝလုံၿခဳံေရးဆိုင္ရာ တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ရာမွ ယေန႔တြင္ ၇၅ ႏွစ္ျပည့္ေျမာက္သြားၿပီျဖစ္သည္။

ကရင္လူမ်ားမ်ားအေနႏွင့္ အဘက္ဘက္မွ ရွင္သန္တိုးတက္ရန္ ဘဝလုံၿခဳံမႈ၊ ကိုယ္ပိုင္ျပဌာန္းခြင့္အခြင့္အေရးႏွင့္ တန္းတူညီမွ်မႈအခြင့္အေရးမ်ား ရရွိရန္ မျဖစ္မေန လိုအပ္ေၾကာင္း၊ ကရင့္ေခါင္းေဆာင္ႀကီးမ်ား အေနႏွင့္ ႏိုင္ငံေရးအေျခအေနကို သုံးသပ္၍ ႏိုင္ငံေရးမဟာဗ်ဴဟာႏွင့္ လုပ္ငန္းစဥ္မ်ားကို ေခတ္ႏွင့္ အညီခ်မွတ္ေနၾကာင္း၊ အဆိုပါ ရည္မွန္းခ်က္မ်ား ၿပီးေျမာက္ေရး KNDO သည္ KNU ၏ ႏိုင္ငံေရးဦးေဆာင္မႈႏွင့္ လမ္းၫႊန္ခ်က္အတိုင္း ရပ္တည္လ်က္ရွိေၾကာင္း သဝဏ္လႊာတြင္ ေဖာ္ျပထားသည္။

လက္ရွိအခ်ိန္တြင္ ကရင့္အမ်ိဳးသားေတာ္လွန္ေရးအတြက္ စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ေနရသည့္ အခ်ိန္ျဖစ္ၿပီး ကရင့္အမ်ိဳးသားမ်ား တစ္ေလွ်ာက္လုံး ရင္ဆိုင္ေနရသည့္ ရန္သူျဖစ္ေသာ လူမ်ိဳးႀကီးဝါဒႏွင့္ အာဏာသိမ္းစစ္အုပ္စုသည္ ကရင့္အမ်ိဳးသားမ်ားႏွင့္ လူနည္းစုမ်ား၏ ေမွ်ာ္မွန္းခ်က္ႏွင့္ တစ္ႏိုင္ငံလုံးရွိ ျပည္သူမ်ား လိုလားေတာင့္တေနသည့္ လြတ္လပ္မႈ၊ တန္းတူမႈႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္မ်ားကို အာမခံေပးႏိုင့္ ဖက္ဒရယ္ဒီမိုကေရစီ စနစ္ကို ဆန႔္က်င္တိုက္ခိုက္ေနေၾကာင္း၊ ထိုေၾကာင့္ KNU အေနႏွင့္ ႏိုင္ငံေရးရပ္တည္ခ်က္တူညီသည့္ အဖြဲ႕အစည္းအားလုံးႏွင့္ အတူတကြလက္တြဲကာ မဟာလူမ်ိဳးႀကီးဝါဒႏွင့္ အာဏာသိမ္းစစ္အုပ္စုကို အဆုံးတိုင္ ၿဖိဳခ်ဖ်က္ဆီးပစ္မည္ ျဖစ္ေၾကာင္း KNU ၏ သဝဏ္လႊာတြင္ ေဖာ္ျပထားသည္။

KNDO တပ္ဖြဲ႕မ်ား၊ ေခါင္းေဆာင္မ်ား၊ စည္သည္မ်ားႏွင့္ ကရင့္အမ်ိဳးသားမ်ားအားလုံး ေခါင္းေဆာင္ႀကီးမ်ား၏ ႏိုင္ငံေရး ဦးေဆာင္မႈ၊ လမ္းၫႊန္ခ်က္အတိုင္း ရည္မွန္းခ်က္ပန္းတိုင္ ေရာက္ရွိရန္ ႀကိဳးပမ္းၾကရန္ႏွင့္ ကရင့္အမ်ိဳးသားမ်ားႏွင့္ ျပည္သူလူထုတစ္ရပ္လုံး အၾကမ္းဖက္ အုပ္ခ်ဳပ္သူမ်ား၏ မတရားေစာ္ကားမႈမ်ား၊ သတ္ျဖတ္မႈမ်ားႏွင့္ ရပ္႐ြာမ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္းတို႔မွ လြတ္ေျမာက္ၿပီး ရည္မွန္းခ်က္ ၿပီးေျမာက္ေအာင္ျမင္သည္အထိ ရဲရဲဝံ့ဝံ့တိုက္ပြဲဝင္ၾကရန္ KNU က တိုက္တြန္းထားသည္။
ဓာတ္ပုံ- KNLA တပ္ဖြဲ႕ဝင္မ်ား။ Photo- Reuters

Leave a Reply

Your email address will not be published.