Unicode
စစ်အာဏာရှင် ဆန့်ကျင်သူများကို အမိန့်ချ တရားစီရင်သူ




စစ်အာဏာရှင် ဆန့်ကျင်သူများကို အမိန့်ချ တရားစီရင်သူ မင်္ဂလာတောင်ညွန့်မြို့နယ် တရားသူကြီး စန်းလင်း ပစ်ခတ်ခံရပြီး သေဆုံး ၊
လှိုင်သာယာမြို့နယ်တရားရုံးကိုလည်း မိုင်းခွဲသတိပေး
ရန်ကုန်၊ ဇူလိုင် ၁၆
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ်များ၊ နိုင်ငံရေးသမားများနှင့် ပြည်သူများကို အမိန့်ချ တရားစီရင်သူ မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးစန်းလင်းကို Special Task Agency of Burma (STA) အဖွဲ့က ရှင်းလင်းလိုက်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
this is test




ဇူလိုင်လ ၁၅ ရက်နေ့ ည ၇ နာရီခွဲအချိန် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်တွင် နေထိုင်သူ တရားသူကြီး စန်းလင်း တက္ကစီကားဖြင့် နေအိမ်သို့အပြန် လမ်းတွင် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် တရားသူကြီး စန်းလင်း သေဆုံးသွားပြီး တက္ကစီယာဉ်မောင်းကို ထိခိုက်မှုမရှိကြောင်း STA အဖွဲ့ က ပြောသည်။




“စန်းလင်းက လူငယ်တွေနဲ့ ကျောင်းသားတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲ အမိန့်ချတဲ့သူပါ။ တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့မှာ အရှေ့ပိုင်းခရိုင်တရားရုံးတက်တယ်။ မရမ်းကုန်း၊ ၅ ရပ်ကွက်မှာနေတယ်။
အရေးကြီးကိစ္စရှိမှ တရားရုံးလာပြီး အမိန့်ချတာ” ဟု STA အဖွဲ့ တာဝန်ရှိသူက ရှင်းပြသည်။
အလားတူ ယမန်နေ့ ညနေ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ် တရားရုံးကိုလည်း မိုင်းခွဲ သတိပေးခဲ့ကြောင်း STA အဖွဲ့ ပြောဆိုပြီး စစ်ကောင်စီ၏ ဒေါက်တိုင်များကို ရှင်းလင်းသွားမည်ဟု ပြောဆိုသည်။




ဓာတ်ပုံ- မင်္ဂလာတောင်ညွှန့် တရားသူကြီး စန်းလင်း။
Zawgyi
စစ္အာဏာရွင္ ဆန႔္က်င္သူမ်ားကို အမိန႔္ခ် တရားစီရင္သူ




ByD3timesMyanmar
စစ္အာဏာရွင္ ဆန႔္က်င္သူမ်ားကို အမိန႔္ခ် တရားစီရင္သူ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ တရားသူႀကီး စန္းလင္း ပစ္ခတ္ခံရၿပီး ေသဆုံး ၊
လႈိင္သာယာၿမိဳ႕နယ္တရား႐ုံးကိုလည္း မိုင္းခြဲသတိေပး
ရန္ကုန္၊ ဇူလိုင္ ၁၆
စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားသူ လူငယ္မ်ား၊ ႏိုင္ငံေရးသမားမ်ားႏွင့္ ျပည္သူမ်ားကို အမိန႔္ခ် တရားစီရင္သူ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္ တရားသူႀကီးစန္းလင္းကို Special Task Agency of Burma (STA) အဖြဲ႕က ရွင္းလင္းလိုက္ေၾကာင္း အဆိုပါအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံ ေျပာဆိုသည္။




ဇူလိုင္လ ၁၅ ရက္ေန႔ ည ၇ နာရီခြဲအခ်ိန္ မရမ္းကုန္းၿမိဳ႕နယ္၊ ၅ ရပ္ကြက္တြင္ ေနထိုင္သူ တရားသူႀကီး စန္းလင္း တကၠစီကားျဖင့္ ေနအိမ္သို႔အျပန္ လမ္းတြင္ ပစ္ခတ္ရွင္းလင္းလိုက္ျခင္းျဖစ္ေၾကာင္း၊ ပစ္ခတ္မႈေၾကာင့္ တရားသူႀကီး စန္းလင္း ေသဆုံးသြားၿပီး တကၠစီယာဥ္ေမာင္းကို ထိခိုက္မႈမရွိေၾကာင္း STA အဖြဲ႕ က ေျပာသည္။




“စန္းလင္းက လူငယ္ေတြနဲ႔ ေက်ာင္းသားေတြကို ႏိုင္ငံေရးပုဒ္မေတြနဲ႔ တရားစြဲ အမိန႔္ခ်တဲ့သူပါ။ တနလၤာနဲ႔ ဗုဒၶဟူးေန႔မွာ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးတက္တယ္။ မရမ္းကုန္း၊ ၅ ရပ္ကြက္မွာေနတယ္။
အေရးႀကီးကိစၥရွိမွ တရား႐ုံးလာၿပီး အမိန႔္ခ်တာ” ဟု STA အဖြဲ႕ တာဝန္ရွိသူက ရွင္းျပသည္။




အလားတူ ယမန္ေန႔ ညေန ညေန ၄ နာရီခြဲအခ်ိန္ခန႔္တြင္ လႈိင္သာယာၿမိဳ႕နယ္ တရား႐ုံးကိုလည္း မိုင္းခြဲ သတိေပးခဲ့ေၾကာင္း STA အဖြဲ႕ ေျပာဆိုၿပီး စစ္ေကာင္စီ၏ ေဒါက္တိုင္မ်ားကို ရွင္းလင္းသြားမည္ဟု ေျပာဆိုသည္။
ဓာတ္ပုံ- မဂၤလာေတာင္ၫႊန႔္ တရားသူႀကီး စန္းလင္း။