“ သမ္မတကြီးကို လာခေါ်သွားချိန်မှာဆို သူတို့အင်အားက ၇၀ ကျော်လောက်ကို ရှိတယ်”

News

Unicode
“ သမ္မတကို လာခေါ်သွားချိန်မှာဆို သူတို့အင်အားက ၇၀ ကျော်လောက်ကို ရှိတယ်။ ဒါတောင် အထဲဝင်လာတဲ့ အင်အားပေါ့နော်။ လမ်းမကြီးပေါ်ကအဖွဲ့တွေ မပါသေးဘူး”

အာဏာသိမ်းခဲ့သောနေ့တွင် သမ္မတအိမ်တော်ဝင်းအတွင်း လုံခြုံရေးတာဝန်ယူခဲ့ရသော CDM ရဲတပ်သားနှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၀ ရွေးကောက်ပွဲတွင် မဲရလဒ် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲလိမ်ခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုပြုလုပ်ခဲ့သည်။

အာဏာသိမ်းယူခဲ့သည့် အချိန်မှစ၍ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်များအားလုံးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ပြည်သူများအနေဖြင့် သမ္မတ၏နေအိမ်ကို မည်ကဲ့သို့ စီးနင်းဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့သည်၊ အာဏာမသိမ်းခင် နောက်ဆုံးအချိန်တွင် မည်ကဲ့သို့ အခြေအနေမျိုး ရှိနေမည်ဆိုသည်တို့ကို သိရှိနိုင်ရန်အတွက် အာဏာသိမ်းစဉ် ညက အိမ်တော်လုံခြုံရေး နံပတ် ၃ စည်းတွင် လုံခြုံရေးတာဝန်ယူခဲ့ပြီး ယခုအခါ CDM ပြုလုပ်လာခဲ့သော ရဲတပ်သား မြင့်အောင်ကို ဒီလမ်းသတင်း ဌာနက ဆက်သွယ်မေးမြန်းပြီး ဖော်ပြပေးလိုက်ပါသည်။

hihihihihihihihihi

this is test

မေး။ သမ္မတအိမ်တော်မှာ ဘယ်လိုတာဝန်မျိုးယူခဲ့ရလဲဗျ။

ဖြေ။ ကျွန်တော်က အိမ်တော်ထဲက နံပတ် ၃ စည်းမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ရတာပါဗျ။ များသောအားဖြင့်တော့ အိမ်တော်အနီးက ဂေါက်ကွင်းမှာ တာဝန်ထမ်းဆောင်ရတာပါ။

မေး။ အမည်နဲ့ ရာထူးလေးတွေ တစ်ချက်ပြောပြပေးပါဗျ။

ဖြေ။ ကျွန်တော်နာမည်က မြင့်အောင်၊ ရာထူးက တပ်သားပါပဲ။

မေး။ အဲဒီအာဏာသိမ်းတဲ့နေ့က အတွေ့အကြုံလေးတွေ ကြားခဲ့မြင်ခဲ့ရတာလေးတွေ ပြောပြပေးပါအုံး။

ဖြေ။ ကျွန်တော်တို့ အဲဒီည အာဏာမသိမ်းခင်အထိတော့ အေးအေးဆေးဆေးပဲဗျ။ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေလို့ရတယ်ပေါ့နော်။ ဒါပေမယ့် အဲဒီညမှာ အသင့်အနေအထား ၃၅ တော့ နေဖို့ ညွှန်ကြားထားတာရှိတယ်ဗျ။ အဲဒီည ဘာဖြစ်မလဲ။ ဘာထူးမလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ဒီတိုင်းပဲ ပုံမှန်တာဝန်ထမ်းဆောင်နေရတာပေါ့။ အဲ ၄ နာရီ ဂျူတီကျတဲ့ သူငယ်ချင်းတစ်ယောက် အဲဒီအချိန်မှာ ဂျူတီဝင်တော့ ဖုန်းလိုင်းတွေပျက်သွားပြီတဲ့ ဘာမှကြည့်လို့မရတော့ဘူးပေါ့။ နည်းနည်းကြာလာပြီး ၅ နာရီ ၆ နာရီအချိန်လောက်မှာတော့ မီးတွေကလဲ အိမ်တော်မှာ အရင်လိုမဟုတ်တော့ တခုခုထူးနေပြီဆိုပြီး သိလိုက်တယ်။ ဒါပေမယ့် လက်ရှိတာဝန်ကျနေတာက နံပတ် ၃ စည်းမှာဆိုတော့ ဒီတိုင်းပဲ ကြည့်နေရတာပေါ့။ သွားကြည့်လို့တော့ မရဘူး။ နောက်ပိုင်း ၇ နာရီလောက်အချိန်မှာ စစ်တပ်က အာဏာသိမ်းတဲ့အကြောင်း သိရတယ်။ နောက်ပြီး ရဟတ်ယာဉ်တစီးလဲ အိမ်တော်အပေါ်ကနေ ပတ်နေတာကို တွေ့ရတယ်။

မေး။ သူတို့ အိမ်တော်ထဲကို ဝင်လာတဲ့ အချိန်မှာ အင်အားဘယ်လောက်ရှိလဲဗျ။

ဖြေ။ အဲဒီအချိန်တုန်းကဆို အပြင်က မိန်းလမ်းမပေါ်မှာ နေတဲ့အဖွဲ့တွေလဲ ရှိနေတယ်။ နောက်ပြီး အထဲမှာလဲ လမ်းတွေက ၄ – ၅ လမ်းလောက်ဆိုတော့ အဲဒီအထဲဝင်လာတဲ့ အဖွဲ့တွေများတယ်ဗျ။ သမ္မတကို လာခေါ်သွားချိန်မှာဆို သူတို့အင်အားက ၇၀ ကျော်လောက်ကို ရှိတယ်။ ဒါတောင် အထဲဝင်လာတဲ့ အင်အားပေါ့နော်။ လမ်းမကြီးပေါ်ကအဖွဲ့တွေ မပါသေးဘူး။

မေး။ သူတို့သမ္မတအိမ်တော်ထဲကို ဝင်လာချိန်မှာ အေးအေးဆေးဆေးပဲ ဝင်လာကြတာလား။ ဒါမှမဟုတ် စစ်ဆင်ရေးတစ်ခုလို ပုံစံမျိုးနဲ့ ဝင်လာကြတာလားဗျ။
ဖြေ။ အသေးစိပ်ကိုတော့ ကျွန်တော်အနေနဲ့က မပြောပြနိုင်ဘူးဗျ။ အဲဒီအချိန်ကျွန်တော်တာဝန်ကျနေတာက သက်သက်လမ်းတစ်ခု သူတို့ဝင်လာတာက သက်သက်လမ်းတစ်ခုဖြစ်နေခဲ့တာပါ။

မေး။ အဲဒီလို သမ္မတအိမ်တော်ထဲ ဝင်လာပြီး ဖမ်းတဲ့အချိန်မှာ အိမ်တော်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုးတွေကော တွေ့ရလားဗျ။

ဖြေ။ သိပ်ပြီး ဆူဆူညံညံပြန်ဖြစ်တာမျိုးတော့ မတွေ့ပါဘူး။ အဲဒီနေ့က ဘယ်သူတွေ အဖမ်းခံရဖို့ ထပ်ပါသွားသေးတယ်တော့ မသိဘူးဗျ။ နောက်ပိုင်းရက်တွေမှာတော့ အိမ်တော်က တာဝန်ကျရဲတချို့ အနီရောင် ဆောင်ထားတာတွေ တွေ့လို့ဆိုပြီးတော့ ဖမ်းသွားတာရှိတယ်။

မေး။ အဲဒီအာဏာသိမ်းတဲ့ညက အိမ်တော်မှာ ဘယ်သူတွေရှိနေခဲ့လဲဗျ။

ဖြေ။ အိမ်တော်ထဲမှာ အဲဒီညကဝန်ကြီးတွေတော့ တော်တော်များများရှိနေတယ်။ ဘာလို့လဲဆိုတော့ နောက်နေ့ လွှတ်တော်ရှိနေတယ်လေ။ အဲဒီတော့ ကြိုတင်စည်းဝေးတာ တိုင်ပင်တာတွေ လုပ်နေမယ်ထင်တယ်။ အဲဒီမှာ လူကြီးတော်တော်များများတော့ ရှိပါတယ်။

မေး။ ဒီအာဏာသိမ်းမှုဖြစ်မလာခင်မှာ အိမ်တော်အတွင်း ထူးထူးခြားခြားဖြစ်စဉ်မျိုးတွေ လူအဝင်အထွက်မျိုးတွေ မြင်ခဲ့ရလား။ သတိထားမိတာရှိလားဗျ။

ဖြေ။ အိမ်တော်ထဲ ထူးခြားတာထက် နေပြည်တော်မှာ ပြည်ခိုင်ဖြိုးက ဆန္ဒပြတာရှိတယ်။ ကျန်တဲ့ ထူးခြားမှုတော့ အိမ်တော်ထဲ မတွေ့ရဘူး။

မေး။ နောက်ပိုင်း ဘယ်အချိန်လောက်မှာ CDM စလုပ်ခဲ့တယ်ဆိုတာလေးလဲ ပြောပြပေးပါအုံး။

ဖြေ။ ၁၁ လပိုင်း၊ ၂၉ ရက်ကပါ။ အဲဒီနေ့ကပဲ ဒီဘက်ကို ပြန်လာခဲ့တာပါ။

မေး။ အဲဒီမတိုင်ခင်ရော မေးမြန်းခံရတာ၊ စစ်ဆေးခံရတာမျိုးရှိလားဗျ။

ဖြေ။ အဲဒီလိုမျိုး ကျွန်တော်တို့ကို မေးတာ စစ်တာမျိုးတော့ မရှိဘူးဗျ။

မေး။ အခုလို CDM လုပ်ဖြစ်လာရတဲ့ အကြောင်းရင်းလေးတွေကို ပြောပြနိုင်မလား။

ဖြေ။ ဒီလို အာဏာသိမ်းပြီးတဲ့နောက် အချင်းချင်း သတ်ဖြတ်နေကြတာတွေ ကြားရတော့ ကျွန်တော်က တိုင်းရင်းသားတစ်ယောက်လေ ကယန်းလူမျိုးပေါ့။ နောက်ပိုင်း ကိုယ့်လူမျိုးနဲ့ကိုယ်နဲ့ အဲဒီလိုပြန်တိုက်ဖို့ဆိုတာ ဘယ်လိုစိတ်နဲ့မှ မဖြစ်နိုင်ဘူးပေါ့နော်။ အဲဒါကြောင့် ထွက်ဖို့ ခဏခဏကြိုးစားတယ်။ ဒါပေမယ့် နေပြည်တော်လိုနေရာမှာဆိုတော့ မလွယ်ခဲ့ဘူး။ အဲဒီ ၁၁ ရောက်တော့ တပ်ရင်းနေတာ တစ်နှစ်ကျော်ဆိုတော့ ခွင့်တောင်းကြည့်လို့ရတယ်ဆိုတာနဲ့ ခွင့်တောင်းတာ ရတယ်ဗျာ။ အဲဒီလိုမျိုးပြန်လာတယ်။ ဒီမှာရောက်တော့ မပြန်တော့ဘူး။ အဓိကတော့ ကိုယ့်လူမျိုးတွေနဲ့ ကိုယ်ပြန်တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြန်မသွားတော့တာပါ။

မေး။ အခုဆို CDM လဲ လုပ်ထားပြီဆိုတော့ နိုင်ငံအနှံ့မှာ CDM ရဲဘော်တွေက လက်နက်ကိုင်ပြီး ပြန်တော်လှန်နေကြတာတွေရှိတယ်။ အဲဒီလိုပဲ လက်နက်ကိုင်ပြန်တိုက်ဖို့ရော ရှိလားဗျ။

ဖြေ။ ဒီပြန်ရောက်ပြီးမှ တိုက်ပွဲကို တခါတော့လိုက်ပြီးပြီဗျ။ ဒါပေမယ့် အဲဒီတုန်းကလည်း တကယ်တော့ ကယ်ဆယ်ရေးသဘောဖြစ်သွားတာပါပဲ။ အခုထိတော့ ထိပ်တိုက် တိုက်ခိုက်တာ မကြုံရသေးဘူး။

#ဒီလမ်း

Zawgyi

“ သမၼတကို လာေခၚသြားခ်ိန္မွာဆို သူတို႔အင္အားက ၇၀ ေက်ာ္ေလာက္ကို ရွိတယ္။ ဒါေတာင္ အထဲဝင္လာတဲ့ အင္အားေပါ့ေနာ္။ လမ္းမႀကီးေပၚကအဖြဲ႕ေတြ မပါေသးဘူး”

အာဏာသိမ္းခဲ့ေသာေန႔တြင္ သမၼတအိမ္ေတာ္ဝင္းအတြင္း လုံၿခဳံေရးတာဝန္ယူခဲ့ရေသာ CDM ရဲတပ္သားႏွင့္ ဆက္သြယ္ေမးျမန္းျခင္း

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မဲရလဒ္ အျပတ္အသတ္ျဖင့္ အႏိုင္ရခဲ့ေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကို မဲလိမ္ခဲ့သည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ အၾကမ္းဖက္စစ္တပ္က အာဏာသိမ္းမႈျပဳလုပ္ခဲ့သည္။

အာဏာသိမ္းယူခဲ့သည့္ အခ်ိန္မွစ၍ သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏိုင္ငံေခါင္းေဆာင္မ်ားအားလုံးကို အၾကမ္းဖက္စစ္ေကာင္စီက ဖမ္းဆီးထိန္းသိမ္းခဲ့သည္။

ျပည္သူမ်ားအေနျဖင့္ သမၼတ၏ေနအိမ္ကို မည္ကဲ့သို႔ စီးနင္းဝင္ေရာက္ကာ ဖမ္းဆီးသြားခဲ့သည္၊ အာဏာမသိမ္းခင္ ေနာက္ဆုံးအခ်ိန္တြင္ မည္ကဲ့သို႔ အေျခအေနမ်ိဳး ရွိေနမည္ဆိုသည္တို႔ကို သိရွိႏိုင္ရန္အတြက္ အာဏာသိမ္းစဥ္ ညက အိမ္ေတာ္လုံၿခဳံေရး နံပတ္ ၃ စည္းတြင္ လုံၿခဳံေရးတာဝန္ယူခဲ့ၿပီး ယခုအခါ CDM ျပဳလုပ္လာခဲ့ေသာ ရဲတပ္သား ျမင့္ေအာင္ကို ဒီလမ္းသတင္း ဌာနက ဆက္သြယ္ေမးျမန္းၿပီး ေဖာ္ျပေပးလိုက္ပါသည္။

ေမး။ သမၼတအိမ္ေတာ္မွာ ဘယ္လိုတာဝန္မ်ိဳးယူခဲ့ရလဲဗ်။

ေျဖ။ ကြၽန္ေတာ္က အိမ္ေတာ္ထဲက နံပတ္ ၃ စည္းမွာ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ခဲ့ရတာပါဗ်။ မ်ားေသာအားျဖင့္ေတာ့ အိမ္ေတာ္အနီးက ေဂါက္ကြင္းမွာ တာဝန္ထမ္းေဆာင္ရတာပါ။

ေမး။ အမည္နဲ႔ ရာထူးေလးေတြ တစ္ခ်က္ေျပာျပေပးပါဗ်။

ေျဖ။ ကြၽန္ေတာ္နာမည္က ျမင့္ေအာင္၊ ရာထူးက တပ္သားပါပဲ။

ေမး။ အဲဒီအာဏာသိမ္းတဲ့ေန႔က အေတြ႕အႀကဳံေလးေတြ ၾကားခဲ့ျမင္ခဲ့ရတာေလးေတြ ေျပာျပေပးပါအုံး။

ေျဖ။ ကြၽန္ေတာ္တို႔ အဲဒီည အာဏာမသိမ္းခင္အထိေတာ့ ေအးေအးေဆးေဆးပဲဗ်။ ေပါ့ေပါ့ပါးပါး လြတ္လြတ္လပ္လပ္ ေနလို႔ရတယ္ေပါ့ေနာ္။ ဒါေပမယ့္ အဲဒီညမွာ အသင့္အေနအထား ၃၅ ေတာ့ ေနဖို႔ ၫႊန္ၾကားထားတာရွိတယ္ဗ်။ အဲဒီည ဘာျဖစ္မလဲ။ ဘာထူးမလဲဆိုတာ ကြၽန္ေတာ္တို႔ မသိေသးပါဘူး။ ဒီတိုင္းပဲ ပုံမွန္တာဝန္ထမ္းေဆာင္ေနရတာေပါ့။ အဲ ၄ နာရီ ဂ်ဴတီက်တဲ့ သူငယ္ခ်င္းတစ္ေယာက္ အဲဒီအခ်ိန္မွာ ဂ်ဴတီဝင္ေတာ့ ဖုန္းလိုင္းေတြပ်က္သြားၿပီတဲ့ ဘာမွၾကည့္လို႔မရေတာ့ဘူးေပါ့။ နည္းနည္းၾကာလာၿပီး ၅ နာရီ ၆ နာရီအခ်ိန္ေလာက္မွာေတာ့ မီးေတြကလဲ အိမ္ေတာ္မွာ အရင္လိုမဟုတ္ေတာ့ တခုခုထူးေနၿပီဆိုၿပီး သိလိုက္တယ္။ ဒါေပမယ့္ လက္ရွိတာဝန္က်ေနတာက နံပတ္ ၃ စည္းမွာဆိုေတာ့ ဒီတိုင္းပဲ ၾကည့္ေနရတာေပါ့။ သြားၾကည့္လို႔ေတာ့ မရဘူး။ ေနာက္ပိုင္း ၇ နာရီေလာက္အခ်ိန္မွာ စစ္တပ္က အာဏာသိမ္းတဲ့အေၾကာင္း သိရတယ္။ ေနာက္ၿပီး ရဟတ္ယာဥ္တစီးလဲ အိမ္ေတာ္အေပၚကေန ပတ္ေနတာကို ေတြ႕ရတယ္။

ေမး။ သူတို႔ အိမ္ေတာ္ထဲကို ဝင္လာတဲ့ အခ်ိန္မွာ အင္အားဘယ္ေလာက္ရွိလဲဗ်။

ေျဖ။ အဲဒီအခ်ိန္တုန္းကဆို အျပင္က မိန္းလမ္းမေပၚမွာ ေနတဲ့အဖြဲ႕ေတြလဲ ရွိေနတယ္။ ေနာက္ၿပီး အထဲမွာလဲ လမ္းေတြက ၄ – ၅ လမ္းေလာက္ဆိုေတာ့ အဲဒီအထဲဝင္လာတဲ့ အဖြဲ႕ေတြမ်ားတယ္ဗ်။ သမၼတကို လာေခၚသြားခ်ိန္မွာဆို သူတို႔အင္အားက ၇၀ ေက်ာ္ေလာက္ကို ရွိတယ္။ ဒါေတာင္ အထဲဝင္လာတဲ့ အင္အားေပါ့ေနာ္။ လမ္းမႀကီးေပၚကအဖြဲ႕ေတြ မပါေသးဘူး။

ေမး။ သူတို႔သမၼတအိမ္ေတာ္ထဲကို ဝင္လာခ်ိန္မွာ ေအးေအးေဆးေဆးပဲ ဝင္လာၾကတာလား။ ဒါမွမဟုတ္ စစ္ဆင္ေရးတစ္ခုလို ပုံစံမ်ိဳးနဲ႔ ဝင္လာၾကတာလားဗ်။
ေျဖ။ အေသးစိပ္ကိုေတာ့ ကြၽန္ေတာ္အေနနဲ႔က မေျပာျပႏိုင္ဘူးဗ်။ အဲဒီအခ်ိန္ကြၽန္ေတာ္တာဝန္က်ေနတာက သက္သက္လမ္းတစ္ခု သူတို႔ဝင္လာတာက သက္သက္လမ္းတစ္ခုျဖစ္ေနခဲ့တာပါ။

ေမး။ အဲဒီလို သမၼတအိမ္ေတာ္ထဲ ဝင္လာၿပီး ဖမ္းတဲ့အခ်ိန္မွာ အိမ္ေတာ္ထဲမွာ ႐ုန္းရင္းဆန္ခတ္ျဖစ္တာမ်ိဳးေတြေကာ ေတြ႕ရလားဗ်။

ေျဖ။ သိပ္ၿပီး ဆူဆူညံညံျပန္ျဖစ္တာမ်ိဳးေတာ့ မေတြ႕ပါဘူး။ အဲဒီေန႔က ဘယ္သူေတြ အဖမ္းခံရဖို႔ ထပ္ပါသြားေသးတယ္ေတာ့ မသိဘူးဗ်။ ေနာက္ပိုင္းရက္ေတြမွာေတာ့ အိမ္ေတာ္က တာဝန္က်ရဲတခ်ိဳ႕ အနီေရာင္ ေဆာင္ထားတာေတြ ေတြ႕လို႔ဆိုၿပီးေတာ့ ဖမ္းသြားတာရွိတယ္။

ေမး။ အဲဒီအာဏာသိမ္းတဲ့ညက အိမ္ေတာ္မွာ ဘယ္သူေတြရွိေနခဲ့လဲဗ်။

ေျဖ။ အိမ္ေတာ္ထဲမွာ အဲဒီညကဝန္ႀကီးေတြေတာ့ ေတာ္ေတာ္မ်ားမ်ားရွိေနတယ္။ ဘာလို႔လဲဆိုေတာ့ ေနာက္ေန႔ လႊတ္ေတာ္ရွိေနတယ္ေလ။ အဲဒီေတာ့ ႀကိဳတင္စည္းေဝးတာ တိုင္ပင္တာေတြ လုပ္ေနမယ္ထင္တယ္။ အဲဒီမွာ လူႀကီးေတာ္ေတာ္မ်ားမ်ားေတာ့ ရွိပါတယ္။

ေမး။ ဒီအာဏာသိမ္းမႈျဖစ္မလာခင္မွာ အိမ္ေတာ္အတြင္း ထူးထူးျခားျခားျဖစ္စဥ္မ်ိဳးေတြ လူအဝင္အထြက္မ်ိဳးေတြ ျမင္ခဲ့ရလား။ သတိထားမိတာရွိလားဗ်။

ေျဖ။ အိမ္ေတာ္ထဲ ထူးျခားတာထက္ ေနျပည္ေတာ္မွာ ျပည္ခိုင္ၿဖိဳးက ဆႏၵျပတာရွိတယ္။ က်န္တဲ့ ထူးျခားမႈေတာ့ အိမ္ေတာ္ထဲ မေတြ႕ရဘူး။

ေမး။ ေနာက္ပိုင္း ဘယ္အခ်ိန္ေလာက္မွာ CDM စလုပ္ခဲ့တယ္ဆိုတာေလးလဲ ေျပာျပေပးပါအုံး။

ေျဖ။ ၁၁ လပိုင္း၊ ၂၉ ရက္ကပါ။ အဲဒီေန႔ကပဲ ဒီဘက္ကို ျပန္လာခဲ့တာပါ။

ေမး။ အဲဒီမတိုင္ခင္ေရာ ေမးျမန္းခံရတာ၊ စစ္ေဆးခံရတာမ်ိဳးရွိလားဗ်။

ေျဖ။ အဲဒီလိုမ်ိဳး ကြၽန္ေတာ္တို႔ကို ေမးတာ စစ္တာမ်ိဳးေတာ့ မရွိဘူးဗ်။

ေမး။ အခုလို CDM လုပ္ျဖစ္လာရတဲ့ အေၾကာင္းရင္းေလးေတြကို ေျပာျပႏိုင္မလား။

ေျဖ။ ဒီလို အာဏာသိမ္းၿပီးတဲ့ေနာက္ အခ်င္းခ်င္း သတ္ျဖတ္ေနၾကတာေတြ ၾကားရေတာ့ ကြၽန္ေတာ္က တိုင္းရင္းသားတစ္ေယာက္ေလ ကယန္းလူမ်ိဳးေပါ့။ ေနာက္ပိုင္း ကိုယ့္လူမ်ိဳးနဲ႔ကိုယ္နဲ႔ အဲဒီလိုျပန္တိုက္ဖို႔ဆိုတာ ဘယ္လိုစိတ္နဲ႔မွ မျဖစ္ႏိုင္ဘူးေပါ့ေနာ္။ အဲဒါေၾကာင့္ ထြက္ဖို႔ ခဏခဏႀကိဳးစားတယ္။ ဒါေပမယ့္ ေနျပည္ေတာ္လိုေနရာမွာဆိုေတာ့ မလြယ္ခဲ့ဘူး။ အဲဒီ ၁၁ ေရာက္ေတာ့ တပ္ရင္းေနတာ တစ္ႏွစ္ေက်ာ္ဆိုေတာ့ ခြင့္ေတာင္းၾကည့္လို႔ရတယ္ဆိုတာနဲ႔ ခြင့္ေတာင္းတာ ရတယ္ဗ်ာ။ အဲဒီလိုမ်ိဳးျပန္လာတယ္။ ဒီမွာေရာက္ေတာ့ မျပန္ေတာ့ဘူး။ အဓိကေတာ့ ကိုယ့္လူမ်ိဳးေတြနဲ႔ ကိုယ္ျပန္တိုက္ခိုက္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ျပန္မသြားေတာ့တာပါ။

ေမး။ အခုဆို CDM လဲ လုပ္ထားၿပီဆိုေတာ့ ႏိုင္ငံအႏွံ႔မွာ CDM ရဲေဘာ္ေတြက လက္နက္ကိုင္ၿပီး ျပန္ေတာ္လွန္ေနၾကတာေတြရွိတယ္။ အဲဒီလိုပဲ လက္နက္ကိုင္ျပန္တိုက္ဖို႔ေရာ ရွိလားဗ်။

ေျဖ။ ဒီျပန္ေရာက္ၿပီးမွ တိုက္ပြဲကို တခါေတာ့လိုက္ၿပီးၿပီဗ်။ ဒါေပမယ့္ အဲဒီတုန္းကလည္း တကယ္ေတာ့ ကယ္ဆယ္ေရးသေဘာျဖစ္သြားတာပါပဲ။ အခုထိေတာ့ ထိပ္တိုက္ တိုက္ခိုက္တာ မႀကဳံရေသးဘူး။

#ဒီလမ္း

Leave a Reply

Your email address will not be published.