မင်္ဂလာတောင်ညွန့်မြို့နယ်တရားသူကြီးကို ပစ်ခတ်ခဲ့ပြီး လှိုင်သာယာတရားရုံးကို ဗ-ုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

News

Unicode
မင်္ဂလာတောင်ညွန့်မြို့နယ်တရားသူကြီးကို ပစ်ခတ်ခဲ့ပြီး လှိုင်သာယာတရားရုံးကို ဗ-ုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်မှာနေထိုင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားသူကြီးဦးစန်းလင်းကိုမနေ့ ဇူလိုင် ၁၅ ရက်နေ့ ညပိုင်းက မြို့ပြပြောက်ကျားအဖွဲ့တွေက ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Special Task Agency of Burma (STA) အဖွဲ့ကထုတ်ပြန်လာပါတယ်။

မနေ့ည ၇နာရီခွဲအချိန်က တရားသူကြီး ဦးစန်းလင်း အငှါးယာဉ်နဲ့ အိမ်ကိုပြန်ချိန်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် တရားသူကြီး ဦးစန်းလင်း နေရာမှာပဲ သေဆုံးခဲ့ပြီး အငှါးယာဉ်မောင်းကို ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ် တရားသူကြီးဦးစန်းလင်းဟာ ကျောင်းသားနဲ့ လူငယ်တွေကို နိုင်ငံရေးပုဒ်မတွေတပ်ပြီး တရားစွဲဆို အမိန့်ချနေတဲ့အတွက် အခုလိုပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူ မနေ့ဇူလိုင် ၁၅ ရက်ညနေပိုင်းမှာပဲ လှိုင်သာယာမြို့နယ် တရားရုံးကိုလည်း မိုင်းခွဲသတိပေးခဲ့ပြီး စစ်ကောင်စီအဖွဲ့တွေနဲ့ဆက်စပ်တဲ့ ဒေါက်တိုင်တွေဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

hihihihihihihihihi

this is test

မင်္ဂလာတောင်ညွှန့်မြို့နယ် တရားသူကြီးဦးစန်းလင်းပစ်ခတ်ခံရတယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ သက်ဆိုင်ရာမိသားစုဝင်တွေကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီကနေ့ ဇူလိုင် ၁၆ ရက်မနက်ပိုင်းအထိ တရားသူကြီးပစ်ခတ်ခံရတာ တရားရုံးတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

#ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ-HTY Information
ပုံစာ- မနေ့ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လှိုင်သာယာမြို့နယ်တရားရုံး

Zawgyi

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တရားသူႀကီးကို ပစ္ခတ္ခဲ့ၿပီး လႈိင္သာယာတရား႐ုံးကို ဗ-ုံးခြဲတိုက္ခိုက္ခဲ့တယ္လို႔ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ ထုတ္ျပန္

မရမ္းကုန္းၿမိဳ႕နယ္၊ ၅ ရပ္ကြက္မွာေနထိုင္တဲ့ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ တရားသူႀကီးဦးစန္းလင္းကိုမေန႔ ဇူလိုင္ ၁၅ ရက္ေန႔ ညပိုင္းက ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ေတြက ပစ္ခတ္ခဲ့ၿပီး ေသဆုံးခဲ့တယ္လို႔ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕တစ္ခုျဖစ္တဲ့ Special Task Agency of Burma (STA) အဖြဲ႕ကထုတ္ျပန္လာပါတယ္။

မေန႔ည ၇နာရီခြဲအခ်ိန္က တရားသူႀကီး ဦးစန္းလင္း အငွါးယာဥ္နဲ႔ အိမ္ကိုျပန္ခ်ိန္မွာ ပစ္ခတ္ခဲ့တာျဖစ္ၿပီး ပစ္ခတ္မႈေၾကာင့္ တရားသူႀကီး ဦးစန္းလင္း ေနရာမွာပဲ ေသဆုံးခဲ့ၿပီး အငွါးယာဥ္ေမာင္းကို ထိခိုက္မႈမရွိဘူးလို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ တရားသူႀကီးဦးစန္းလင္းဟာ ေက်ာင္းသားနဲ႔ လူငယ္ေတြကို ႏိုင္ငံေရးပုဒ္မေတြတပ္ၿပီး တရားစြဲဆို အမိန႔္ခ်ေနတဲ့အတြက္ အခုလိုပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ေတြရဲ႕ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

အလားတူ မေန႔ဇူလိုင္ ၁၅ ရက္ညေနပိုင္းမွာပဲ လႈိင္သာယာၿမိဳ႕နယ္ တရား႐ုံးကိုလည္း မိုင္းခြဲသတိေပးခဲ့ၿပီး စစ္ေကာင္စီအဖြဲ႕ေတြနဲ႔ဆက္စပ္တဲ့ ေဒါက္တိုင္ေတြဆက္လက္တိုက္ခိုက္သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။

မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္ တရားသူႀကီးဦးစန္းလင္းပစ္ခတ္ခံရတယ္ဆိုတဲ့ ျဖစ္စဥ္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီနဲ႔ သက္ဆိုင္ရာမိသားစုဝင္ေတြကို ဘီဘီစီကဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေနပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ဒီကေန႔ ဇူလိုင္ ၁၆ ရက္မနက္ပိုင္းအထိ တရားသူႀကီးပစ္ခတ္ခံရတာ တရား႐ုံးတိုက္ခိုက္ခံရတာနဲ႔ပတ္သက္ၿပီး သတင္းထုတ္ျပန္လာတာမရွိေသးပါဘူး။

#ဘီဘီစီျမန္မာပိုင္း
ဓါတ္ပုံ-HTY Information
ပုံစာ- မေန႔ညပိုင္းက ေပါက္ကြဲမႈျဖစ္ခဲ့တဲ့ လႈိင္သာယာၿမိဳ႕နယ္တရား႐ုံး

Leave a Reply

Your email address will not be published.