ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၂၀ တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲ (ရုပ်သံ)

News

Unicode
ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဒီနေ့လည်ပိုင်း စစ်ကားသုံးစီးကို ပဒေသာမိုင်း (၁၁)လုံးနဲ့ ဖောက်ခွဲ၊

စကစ လေးယောက်ထက်မနည်း သေမယ်လို့ ခန့်မှန်း၊

MFP ၊ ဇူလိုင် – ၁၆

ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်မှာ ဒီကနေ့ နေ့လည်ပိုင်းက အကြမ်းဖက် စစ်အုပ်စုရဲ့ ကားသုံးစီးကို ပဒေသာမိုင်း (၁၁)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စကစ လေးယောက်ထက်မနည်း သေနိုင်တယ်လို့ Natogyi People Defence Force – NPDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ ဇူလိုင်(၁၆)ရက် နေ့လည်(၁)နာရီဝန်းကျင်က မန္တလေးကနေ မိတ္ထီလာဘက် မောင်းနှင်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားသုံးစီးကို ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် (၃၂၀)အနီးမှာ NPDF က ပဒေသာမိုင်း (၁၁)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

hihihihihihihihihi

this is test

“စခကားအကြီး သုံးစီးကို မိုင်တိုင် (၃၂၀)အရောက်တွင် ကျွန်ုပ်တို့ Natogyi People Defence Force အဖွဲ့မှ ပဒေသာ မိုင်း (၁၁)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခ များဘက်မှ လေးဦးနှင့်အထက် သေဆုံးသည်”လို့ NPDF က ဖော်ပြပါတယ်။

မိုင်းထိတဲ့ကားဟာ ရှေ့မဆက်နိုင်တော့ဘဲ ရပ်တန့်သွားပြီး နောက်ကပါလာတဲ့ ကားပေါ်က စစ်အုပ်စုက လမ်းဘေးဝဲယာ ရမ်းကား ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လူနာတင်ကားတွေ၊ စစ်ကားတွေ ထပ်မံရောက်ရှိလာပြီး ကားလမ်းပိတ်ကာ အော်ဟစ်ဆဲဆို သောင်းကျန်းနေတယ်လို့လည်း နီးစပ်သူတချို့က ဆိုပါတယ်။

ရန်ကုန် – မန္တလေး အမြန်လမ်းပေါ် သွားလာနေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားတွေကို NPDF အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မကြာခဏ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

crd

MFP ၊ ဇူလိုင္ – ၁၆

ရန္ကုန္ – မႏၲေလး အျမန္လမ္းေပၚမွာ ဒီကေန႔ ေန႔လည္ပိုင္းက အၾကမ္းဖက္ စစ္အုပ္စုရဲ႕ ကားသုံးစီးကို ပေဒသာမိုင္း (၁၁)လုံးနဲ႔ ေဖာက္ခြဲတိုက္ခိုက္ခဲ့ၿပီး စကစ ေလးေယာက္ထက္မနည္း ေသႏိုင္တယ္လို႔ Natogyi People Defence Force – NPDF က သတင္း ထုတ္ျပန္ပါတယ္။

ဒီေန႔ ဇူလိုင္(၁၆)ရက္ ေန႔လည္(၁)နာရီဝန္းက်င္က မႏၲေလးကေန မိတၳီလာဘက္ ေမာင္းႏွင္လာတဲ့ အၾကမ္းဖက္ စစ္အုပ္စုရဲ႕ ကားသုံးစီးကို ရန္ကုန္ – မႏၲေလး အျမန္လမ္း မိုင္တိုင္ (၃၂၀)အနီးမွာ NPDF က ပေဒသာမိုင္း (၁၁)လုံးနဲ႔ ေဖာက္ခြဲ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“စခကားအႀကီး သုံးစီးကို မိုင္တိုင္ (၃၂၀)အေရာက္တြင္ ကြၽႏ္ုပ္တို႔ Natogyi People Defence Force အဖြဲ႕မွ ပေဒသာ မိုင္း (၁၁)လုံးျဖင့္ မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စခ မ်ားဘက္မွ ေလးဦးႏွင့္အထက္ ေသဆုံးသည္”လို႔ NPDF က ေဖာ္ျပပါတယ္။

မိုင္းထိတဲ့ကားဟာ ေရွ႕မဆက္ႏိုင္ေတာ့ဘဲ ရပ္တန႔္သြားၿပီး ေနာက္ကပါလာတဲ့ ကားေပၚက စစ္အုပ္စုက လမ္းေဘးဝဲယာ ရမ္းကား ပစ္ခတ္ခဲ့တယ္လို႔ ဆိုပါတယ္။

မိုင္းဆြဲတိုက္ခိုက္ခံရၿပီးေနာက္ လူနာတင္ကားေတြ၊ စစ္ကားေတြ ထပ္မံေရာက္ရွိလာၿပီး ကားလမ္းပိတ္ကာ ေအာ္ဟစ္ဆဲဆို ေသာင္းက်န္းေနတယ္လို႔လည္း နီးစပ္သူတခ်ိဳ႕က ဆိုပါတယ္။

ရန္ကုန္ – မႏၲေလး အျမန္လမ္းေပၚ သြားလာေနတဲ့ အၾကမ္းဖက္ စစ္အုပ္စုရဲ႕ ကားေတြကို NPDF အပါအဝင္ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက မၾကာခဏ မိုင္းေထာင္ေဖာက္ခြဲ တိုက္ခိုက္ေနတာ ျဖစ္ပါတယ္။
crd

Leave a Reply

Your email address will not be published.