အိပ်တဲ့အခါမှာ ဆံပင်စည်းပြီး မအိပ်သင့်တဲ့အကြောင်းအရင်းများ

Knowledge

Unicode
အိပ်တဲ့အခါမှာ ဆံပင်ချပြီးအိပ်ရင် ဆံပင်တွေရှုပ်တယ်ဆိုပြီး စည်းအိပ်ကြတာမျိုးရှိပါတယ်။

ဒီလိုဆံပင်စည်းအိပ်တာက တစ်ရက်ဆိုတစ်ရက် ဆံပင်ပျက်စီးတာ အရမ်းသိသာပါတယ်။

ဒါကြောင့် အိပ်တဲ့အခါမှာ ဆံပင်စည်းပြီးမအိပ်သင့်တဲ့ အကြောင်းအရင်တွေကို ပြောပြပေးလိုက်ပါတယ်။

ဆံပင်ကျွတ်စေတယ်

ဆံပင်စည်းပြီးအိပ်ရင် ဆံပင်တွေကို အမြစ်ကကနေဆွဲထားသလိုဖြစ်တဲ့အတွက် ဆံပင်တွေကျွတ်လာစေပါတယ်။ ဆံပင်စည်းအိပ်ပြီး အိပ်ယာနိုးလို့ ခေါင်းဖြီးလိုက်ရင် ဆံပင်တွေအများကြီး ကျွတ်ပါလာတာကို တွေ့ရမှာပါ။

hihihihihihihihihi

this is test

ဆံသားပျက်စီးစေတယ်

ဆံပင်စည်းပြီးအိပ်ရင် ဆံပင်ကျွတ်တဲ့အတွက် ဆံသားတွေလည်း တဖြေးဖြေးနဲ့ပျက်စီးလာမယ်။ အဓိကကတော့ ဆံပင်အောက်ဖျားတွေဖွာပြီး၊ ကျိုးကြေသလိုတွေ ဖြစ်လာမယ်။ အောက်ဖျားတွေအရမ်းပျက်စီးလာမယ်။ ဆံသားခြောက်သွေ့လာပါမယ်။

ထိပ်ပြောင်စေတယ်

ဆံပင်တွေကျွတ်လာတာများရင် ထိပ်တွေကွက်လာတာ၊ ကျွတ်တာများတဲ့နေရာက ကွက်ပြီးပြောင်လာတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အိပ်တဲ့အချိန်မှာလည်း ဆံပင်စည်းပြီးမအိပ်သင့်သလို၊ ကျန်တဲ့အချိန်တွေမှာလည်း ဆံပင်ကို တင်းကျပ်နေအောင် ခဏခဏစည်းတာမျိုး မလုပ်သင့်ပါဘူး။

ခေါင်းကိုက်စေတယ်

ဆံပင်ကိုတင်းကျပ်နေအောင်စည်းထားပြီး အိပ်မယ်ဆိုရင်တော့ ဆံသားတွေကို ဆောင့်ဆွဲထားသလိုဖြစ်စေတဲ့အတွက် ခေါင်းအုံတာ၊ ခေါင်းကိုက်တာ၊ ဇတ်ကြောတက်တာတွေ ဖြစ်စေပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Zawgyi

အိပ္တဲ့အခါမွာ ဆံပင္ခ်ၿပီးအိပ္ရင္ ဆံပင္ေတြရႈပ္တယ္ဆိုၿပီး စည္းအိပ္ၾကတာမ်ိဳးရွိပါတယ္။

ဒီလိုဆံပင္စည္းအိပ္တာက တစ္ရက္ဆိုတစ္ရက္ ဆံပင္ပ်က္စီးတာ အရမ္းသိသာပါတယ္။

ဒါေၾကာင့္ အိပ္တဲ့အခါမွာ ဆံပင္စည္းၿပီးမအိပ္သင့္တဲ့ အေၾကာင္းအရင္ေတြကို ေျပာျပေပးလိုက္ပါတယ္။

ဆံပင္ကြၽတ္ေစတယ္

ဆံပင္စည္းၿပီးအိပ္ရင္ ဆံပင္ေတြကို အျမစ္ကကေနဆြဲထားသလိုျဖစ္တဲ့အတြက္ ဆံပင္ေတြကြၽတ္လာေစပါတယ္။ ဆံပင္စည္းအိပ္ၿပီး အိပ္ယာႏိုးလို႔ ေခါင္းၿဖီးလိုက္ရင္ ဆံပင္ေတြအမ်ားႀကီး ကြၽတ္ပါလာတာကို ေတြ႕ရမွာပါ။

ဆံသားပ်က္စီးေစတယ္

ဆံပင္စည္းၿပီးအိပ္ရင္ ဆံပင္ကြၽတ္တဲ့အတြက္ ဆံသားေတြလည္း တေျဖးေျဖးနဲ႔ပ်က္စီးလာမယ္။ အဓိကကေတာ့ ဆံပင္ေအာက္ဖ်ားေတြဖြာၿပီး၊ က်ိဳးေၾကသလိုေတြ ျဖစ္လာမယ္။ ေအာက္ဖ်ားေတြအရမ္းပ်က္စီးလာမယ္။ ဆံသားေျခာက္ေသြ႕လာပါမယ္။

ထိပ္ေျပာင္ေစတယ္

ဆံပင္ေတြကြၽတ္လာတာမ်ားရင္ ထိပ္ေတြကြက္လာတာ၊ ကြၽတ္တာမ်ားတဲ့ေနရာက ကြက္ၿပီးေျပာင္လာတာမ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ အိပ္တဲ့အခ်ိန္မွာလည္း ဆံပင္စည္းၿပီးမအိပ္သင့္သလို၊ က်န္တဲ့အခ်ိန္ေတြမွာလည္း ဆံပင္ကို တင္းက်ပ္ေနေအာင္ ခဏခဏစည္းတာမ်ိဳး မလုပ္သင့္ပါဘူး။

ေခါင္းကိုက္ေစတယ္

ဆံပင္ကိုတင္းက်ပ္ေနေအာင္စည္းထားၿပီး အိပ္မယ္ဆိုရင္ေတာ့ ဆံသားေတြကို ေဆာင့္ဆြဲထားသလိုျဖစ္ေစတဲ့အတြက္ ေခါင္းအုံတာ၊ ေခါင္းကိုက္တာ၊ ဇတ္ေၾကာတက္တာေတြ ျဖစ္ေစပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Leave a Reply

Your email address will not be published.