လှိုင်မြို့နယ် ၂ ရပ်ကွက်တွင် စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးလင်မယားပစ်ခတ်ခံရပြီး ၁ ဦး ပွဲချင်းပြီး

News

Unicode
လှိုင်မြို့နယ် ၂ ရပ်ကွက်တွင် စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးလင်မယားပစ်ခတ်ခံရပြီး ၁ ဦး ပွဲချင်းပြီး

ရန်ကုန်၊ ဇူလိုင် ၁၈၊ လူငယ့်ခေတ်

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၂ ရပ်ကွက်၊ ၉ လမ်းထိပ်တွင် ယနေ့ ဇူလိုင်လ ၁၈ ရက်၊ နံနက် ၉ နာရီခွဲဝန်းကျင်က စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးလင်မယားကို အမည်မသိသူ အချို့က လာရောက် ပစ်ခတ်ခဲ့သဖြင့် ခင်ပွန်း ဖြစ်သူမှာ ပွဲချင်းပြီးခဲ့ကြောင်း အဆိုပါရပ်ကွက်အတွင်း နေထိုင်သူများကဆိုသည်

ပစ်ခတ်ခံရသူများမှာ စစ်ကောင်စီလက်အောင်တွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့် ၎င်း၏ဇနီး မဂျူးဂျူးအောင်တို့ဖြစ်ပြီး ဘုရင့်နောင် ၉ လမ်းအတိုင်း ကားမောင်းထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်

ပစ်ခတ်မှုကြောင့် လင်မယားနှစ်ဦးစလုံး ထိမှန်ခဲ့သော်လည်း ခင်ပွန်းဖြစ်သူမှာ နေရာတွင်ပွဲချင်းပြီးခဲ့ပြီး သေဆုံးသူ၏ ဇနီးမှာလည်း အပြင်းအထန်ရရှိကာ သေဆုံးနိုင်သည့် အခြေအနေတွင်ရှိကြောင်း အဆိုပါရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးကဆိုသည်

hihihihihihihihihi

this is test

အဲဒီလမ်းထဲမှာနေတဲ့ ကျွန်တောိ့သူငယ်ချင်းက ဖုန်းဆက်လှမ်းပြောတာ သူတို့လမ်းဘက်ကိုမလာနဲ့ပေါ့။ ပစ်သွား လို့ဆိုပြီးပြောလို့ စုံစမ်းကြည့်တော့မှ သူတို့လင်မယားဖြစ်နေတာ သူတို့မိသားစုအကြောင်းတော့ ကျွန်တော် သိပ်မသိဘူး ဟု ကမာရွတ်၊ ဘူတာရုံလမ်းအတွင်းနေထိုင်သူ တစ်ဦးကဆိုသည်

စစ်ကောင်စီသတင်းများလက်အောက်ခံ ဝါဒဖြန့်သူအချို့က ယင်း ဗိုလ်ကြီးလင်မယားအား ၅ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လည်ပင်းနှင့် နားထင်တို့ကို ထိမှန်ကာ လင်မယားနှစ်ဦးလုံးဆုံးသွားကြောင်း ရေးသားဖော် ပြနေကြသော်လည်း ဆက်လက်အတည်ပြုနေဆဲဖြစ်သည်

လက်ရှိတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် လမ်းအတွင်းသို့ စစ်ကောင်စီလက်ပါးစေ ကား ၃ စီးဖြင့် အင်အားအများအပြား ရောက်ရှိနေပြီး အဆိုပါလမ်းအတွင်း ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများကဆိုသည်

ဓာတ်ပုံ- ပစ်ခတ်မှုဖြစ်ပွါးခဲ့သည့်လမ်း Lunge khit

Zawgyi

လႈိင္ၿမိဳ႕နယ္ ၂ ရပ္ကြက္တြင္ စစ္ေကာင္စီလက္ေအာက္ခံ ဗိုလ္ႀကီးလင္မယားပစ္ခတ္ခံရၿပီး ၁ ဦး ပြဲခ်င္းၿပီး

ရန္ကုန္၊ ဇူလိုင္ ၁၈၊ လူငယ့္ေခတ္

ရန္ကုန္ၿမိဳ႕၊ လႈိင္ၿမိဳ႕နယ္၊ ၂ ရပ္ကြက္၊ ၉ လမ္းထိပ္တြင္ ယေန႔ ဇူလိုင္လ ၁၈ ရက္၊ နံနက္ ၉ နာရီခြဲဝန္းက်င္က စစ္ေကာင္စီ လက္ေအာက္ခံ ဗိုလ္ႀကီးလင္မယားကို အမည္မသိသူ အခ်ိဳ႕က လာေရာက္ ပစ္ခတ္ခဲ့သျဖင့္ ခင္ပြန္း ျဖစ္သူမွာ ပြဲခ်င္းၿပီးခဲ့ေၾကာင္း အဆိုပါရပ္ကြက္အတြင္း ေနထိုင္သူမ်ားကဆိုသည္

ပစ္ခတ္ခံရသူမ်ားမွာ စစ္ေကာင္စီလက္ေအာင္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ ဗိုလ္ႀကီးေအာင္ႏိုင္ၿဖိဳးႏွင့္ ၎၏ဇနီး မဂ်ဴးဂ်ဴးေအာင္တို႔ျဖစ္ၿပီး ဘုရင့္ေနာင္ ၉ လမ္းအတိုင္း ကားေမာင္းထြက္လာစဥ္ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ရပ္ကြက္အတြင္း ေနထိုင္သူမ်ားထံမွ စုံစမ္းသိရွိရသည္

ပစ္ခတ္မႈေၾကာင့္ လင္မယားႏွစ္ဦးစလုံး ထိမွန္ခဲ့ေသာ္လည္း ခင္ပြန္းျဖစ္သူမွာ ေနရာတြင္ပြဲခ်င္းၿပီးခဲ့ၿပီး ေသဆုံးသူ၏ ဇနီးမွာလည္း အျပင္းအထန္ရရွိကာ ေသဆုံးႏိုင္သည့္ အေျခအေနတြင္ရွိေၾကာင္း အဆိုပါရပ္ကြက္အတြင္း ေနထိုင္သူတစ္ဦးကဆိုသည္

အဲဒီလမ္းထဲမွာေနတဲ့ ကြၽန္ေတာိ့သူငယ္ခ်င္းက ဖုန္းဆက္လွမ္းေျပာတာ သူတို႔လမ္းဘက္ကိုမလာနဲ႔ေပါ့။ ပစ္သြား လို႔ဆိုၿပီးေျပာလို႔ စုံစမ္းၾကည့္ေတာ့မွ သူတို႔လင္မယားျဖစ္ေနတာ သူတို႔မိသားစုအေၾကာင္းေတာ့ ကြၽန္ေတာ္ သိပ္မသိဘူး ဟု ကမာ႐ြတ္၊ ဘူတာ႐ုံလမ္းအတြင္းေနထိုင္သူ တစ္ဦးကဆိုသည္

စစ္ေကာင္စီသတင္းမ်ားလက္ေအာက္ခံ ဝါဒျဖန႔္သူအခ်ိဳ႕က ယင္း ဗိုလ္ႀကီးလင္မယားအား ၅ ခ်က္ခန႔္ ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး လည္ပင္းႏွင့္ နားထင္တို႔ကို ထိမွန္ကာ လင္မယားႏွစ္ဦးလုံးဆုံးသြားေၾကာင္း ေရးသားေဖာ္ ျပေနၾကေသာ္လည္း ဆက္လက္အတည္ျပဳေနဆဲျဖစ္သည္

လက္ရွိတြင္ ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ လမ္းအတြင္းသို႔ စစ္ေကာင္စီလက္ပါးေစ ကား ၃ စီးျဖင့္ အင္အားအမ်ားအျပား ေရာက္ရွိေနၿပီး အဆိုပါလမ္းအတြင္း ပိတ္ဆို႔စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း ရပ္ကြက္အတြင္းေနထိုင္သူမ်ားကဆိုသည္

ဓာတ္ပုံ- ပစ္ခတ္မႈျဖစ္ပြါးခဲ့သည့္လမ္း Lunge khit

Leave a Reply

Your email address will not be published.