Corn Dog ရောင်းပြီး တစ်ရက် ၁ သိန်းဝင်ငွေရနေတဲ့ တတိယနှစ် အင်ဂျင်နီယာကျောင်းသူ

News

Corn Dog ရောင်းပြီး တစ်ရက် ၁ သိန်းဝင်ငွေရနေတဲ့ တတိယနှစ် အင်ဂျင်နီယာကျောင်းသူ

တတိယနှစ် အင်ဂျင်နီယာ ကျောင်းသူတစ်ဦးဖြစ်သူ မမေသရဖီခိုင်က လက်ရှိမှာ ကျောင်းဆက်မတက်ဖြစ်သေးတဲ့အတွက်

အဒေါ်ဆီက အရင်းအနှီးငွေချေးပြီး တွန်းလှည်းနဲ့ Eleven ဆိုတဲ့ ဆိုင်နာမည်လေးနဲ့ Corn Dog ဆိုင်လေး ဖွင့်ဖြစ်ခဲ့ရာကနေ ယခုဆို နေ့စဥ်ရောင်းရငွေ တစ်ရက် ၁ သိန်းဝန်းကျင် ရနေတယ်လို့ ဆိုပါတယ်။

မေသရဖီခိုင်က “အဒေါ်ဆီက အရင်းအနှီးငွေချေးပြီး တွန်းလှည်းနဲ့ Corn Dog ဆိုင်လေးဖွင့်ဖြစ်တာပါ။

မုန့်နှစ်ထဲမှာ စေတနာအပြည့် ထည့်ထားလို့ အရသာထူးတဲ့ Corn Dog ပါ။

hihihihihihihihihi

this is test

တစ်နေ့ (၁) သိန်းဖိုးဝန်းကျင်လောက် ရောင်းရပါတယ်။

မြို့နယ်တိုင်းမှာဆိုင်ခွဲတွေထပ်ဖွင့်ချင်တဲ့အိပ်မက်ရှိနေတယ်”လို့ ဆိုပါတယ်။

မေသရဖီခိုင်က ယခင်က မော်လမြိုင် နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ တတိယနှစ် A.G.T.I ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။

ကျောင်းဆက်မတက်ဖြစ်တော့တဲ့နောက်ပိုင်း အလုပ်မရှိပဲ အိမ်မှာနေတာကြာလာရင်းကနေ Corn Dog လုပ်ရောင်းဖို့ စိတ်ကူးရလာရာကနေ အဒေါ်ဖြစ်သူဆီမှ လိုအပ်တဲ့ အရင်းအနှီးထုတ်ချေးပြီး လက်တွန်းလှည်းလေးနဲ့ စရောင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လုပ်ပုံလုပ်နည်းအစုံကိုတော့ youtube ကနေ ကိုယ်တိုင်လေ့လာခဲ့ပြီး အိမ်မှာ စမ်းသပ်ကြည့်ပြီး စားသုံးသူတွေ ကြိုက်နှစ်လောက်တဲ့ အရသာရမှ စရောင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စုစုပေါင်းအရင်းအနှီးမှာ ၈ သိန်းဝန်းကျင်ခန့်ကုန်ကျခဲ့တယ်လို့ဆိုပါတယ်။ စစချင်းမှာ နောက်နေ့ရောင်းဖို့အတွက် အရင်းမရခဲ့တဲ့ ရက်တွေဖြတ်သန်းခဲ့ရပေမယ့် လက်ရှိမှာတော့ တစ်နေ့ကို ၁ သိန်းဝန်းကျင်လောက် ရောင်းနေရတယ်လို့ ဆိုပါတယ်။

သူများဆိုင်ရှေ့မှာ လက်တွန်းလှည်းလေးနဲ့ ရောင်းနေရတဲ့အတွက် နေရာအတည်တကျမရှိပဲ ပြောင်းရွှေ့ရောင်းနေခဲ့ရာကနေ လက်ရှိမှာတော့ စမ်းချောင်း ပဒုမ္မာလမ်း ရွှေမြို့တော်အနီးမှာ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီထိ ရောင်းနေတယ်လို့ ဆိုပါတယ်။

Image Credit: Myanmar Celebrity TV
အွန်လိုင်းကနေ မှာယူမယ်ဆိုရင်တော့ Eleven Corndog & Drink ကနေမှာယူနိုင်တယ်လို့ ဆိုပါတယ်။

Source: Myanmar Celebrity TV

Zawgyi

Corn Dog ေရာင္းၿပီး တစ္ရက္ ၁ သိန္းဝင္ေငြရေနတဲ့ တတိယႏွစ္ အင္ဂ်င္နီယာေက်ာင္းသူ

Corn Dog ေရာင္းၿပီး တစ္ရက္ ၁ သိန္းဝင္ေငြရေနတဲ့ တတိယႏွစ္ အင္ဂ်င္နီယာေက်ာင္းသူ

တတိယႏွစ္ အင္ဂ်င္နီယာ ေက်ာင္းသူတစ္ဦးျဖစ္သူ မေမသရဖီခိုင္က လက္ရွိမွာ ေက်ာင္းဆက္မတက္ျဖစ္ေသးတဲ့အတြက္

အေဒၚဆီက အရင္းအႏွီးေငြေခ်းၿပီး တြန္းလွည္းနဲ႔ Eleven ဆိုတဲ့ ဆိုင္နာမည္ေလးနဲ႔ Corn Dog ဆိုင္ေလး ဖြင့္ျဖစ္ခဲ့ရာကေန ယခုဆို ေန႔စဥ္ေရာင္းရေငြ တစ္ရက္ ၁ သိန္းဝန္းက်င္ ရေနတယ္လို႔ ဆိုပါတယ္။

ေမသရဖီခိုင္က “အေဒၚဆီက အရင္းအႏွီးေငြေခ်းၿပီး တြန္းလွည္းနဲ႔ Corn Dog ဆိုင္ေလးဖြင့္ျဖစ္တာပါ။

မုန႔္ႏွစ္ထဲမွာ ေစတနာအျပည့္ ထည့္ထားလို႔ အရသာထူးတဲ့ Corn Dog ပါ။

တစ္ေန႔ (၁) သိန္းဖိုးဝန္းက်င္ေလာက္ ေရာင္းရပါတယ္။

ၿမိဳ႕နယ္တိုင္းမွာဆိုင္ခြဲေတြထပ္ဖြင့္ခ်င္တဲ့အိပ္မက္ရွိေနတယ္”လို႔ ဆိုပါတယ္။

ေမသရဖီခိုင္က ယခင္က ေမာ္လၿမိဳင္ နည္းပညာတကၠသိုလ္မွာ တက္ေရာက္ေနတဲ့ တတိယႏွစ္ A.G.T.I ေက်ာင္းသူတစ္ေယာက္ျဖစ္ပါတယ္။

ေက်ာင္းဆက္မတက္ျဖစ္ေတာ့တဲ့ေနာက္ပိုင္း အလုပ္မရွိပဲ အိမ္မွာေနတာၾကာလာရင္းကေန Corn Dog လုပ္ေရာင္းဖို႔ စိတ္ကူးရလာရာကေန အေဒၚျဖစ္သူဆီမွ လိုအပ္တဲ့ အရင္းအႏွီးထုတ္ေခ်းၿပီး လက္တြန္းလွည္းေလးနဲ႔ စေရာင္းျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

လုပ္ပုံလုပ္နည္းအစုံကိုေတာ့ youtube ကေန ကိုယ္တိုင္ေလ့လာခဲ့ၿပီး အိမ္မွာ စမ္းသပ္ၾကည့္ၿပီး စားသုံးသူေတြ ႀကိဳက္ႏွစ္ေလာက္တဲ့ အရသာရမွ စေရာင္းျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

စုစုေပါင္းအရင္းအႏွီးမွာ ၈ သိန္းဝန္းက်င္ခန႔္ကုန္က်ခဲ့တယ္လို႔ဆိုပါတယ္။ စစခ်င္းမွာ ေနာက္ေန႔ေရာင္းဖို႔အတြက္ အရင္းမရခဲ့တဲ့ ရက္ေတြျဖတ္သန္းခဲ့ရေပမယ့္ လက္ရွိမွာေတာ့ တစ္ေန႔ကို ၁ သိန္းဝန္းက်င္ေလာက္ ေရာင္းေနရတယ္လို႔ ဆိုပါတယ္။

သူမ်ားဆိုင္ေရွ႕မွာ လက္တြန္းလွည္းေလးနဲ႔ ေရာင္းေနရတဲ့အတြက္ ေနရာအတည္တက်မရွိပဲ ေျပာင္းေ႐ႊ႕ေရာင္းေနခဲ့ရာကေန လက္ရွိမွာေတာ့ စမ္းေခ်ာင္း ပဒုမၼာလမ္း ေ႐ႊၿမိဳ႕ေတာ္အနီးမွာ နံနက္ ၁၁ နာရီမွ ညေန ၅ နာရီထိ ေရာင္းေနတယ္လို႔ ဆိုပါတယ္။

Image Credit: Myanmar Celebrity TV
အြန္လိုင္းကေန မွာယူမယ္ဆိုရင္ေတာ့ Eleven Corndog & Drink ကေနမွာယူႏိုင္တယ္လို႔ ဆိုပါတယ္။

Source: Myanmar Celebrity TV

Leave a Reply

Your email address will not be published.