ထမင်း စားပြီးပြီးချင်း ချက်ချင်းမလုပ်သင့်တဲ့အရာများ….

Knowledge

Unicode
ထမင်း စားပြီးပြီးချင်း ချက်ချင်းမလုပ်သင့်တဲ့အရာများ….
ထမင်း စားပြီးတဲ့အခါ… လူအများ လုပ်မိတတ်တဲ့ အမှား (၈) ချက်ဆိုတာ ဘာတွေလဲ… အသက်သေစေနိုင်သည်အထိ ဖြစ်စေလို့ သတိထားပြီး ဆင်ခြင်သင့်ပါတယ်။

(၁) ဆေးလိပ် မသောက်ပါနှင့်

ထမင်းစားပြီးနောက် စီးကရက် ၁ လိပ်သောက်ခြင်းသည် သာမန်အချိန် စီးကရက် ၁၀ လိပ်သောက်ခြင်းနှင့် ညီမျှပြီး၊ ကင်ဆာရောဂါ ဖြစ်နိုင်ချေ အလားအလာ ပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထားသည်။

(၂) သစ်သီးများ အလျင်စလို မစားပါ နှင့်

ထမင်းစားပြီးနောက်… အချိုပွဲ သစ်သီးစားခြင်းသည် မှားယွင်းသော အစဉ်အလာတစ်ခု ဖြစ်နေကြပါသည်။ အမှန်အားဖြင့်… ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး… အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။

hihihihihihihihihi

this is test

ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံးနာရီဝက်ခန့်ကြာမှသာ သစ်သီးစားသင့်ပါသည်။ ကျန်းမာရေးအမြင်ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့တွင်

သစ်သီးအစား… ဥပမာ… ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည့်တို့ကို အချိုပွဲ အဖြစ် တည်ခင်း ဧည့်ခံလာကြသည်။

(၃) လ္ဘက်ရည်မသောက်ပါ နှင့်

လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၎င်းတို့က ထမင်း ဟင်းထဲ တွင် ပါရှိသည့် ပရိုတင်း များကို အနှောင့် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။

(၄) ခါးပတ်ကြိုး မလျော့ပါ နှင့်

ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည် လျော့ဝတ်ခြင်းက အူသိမ်၊ အူမတို့ကို လိမ်ခေါက်၍ အူလမ်းကြောင်း ပိတ်ဆို့ စေတတ်ပါသည်။

(၅) ရေ မချိုးပါ နှင့်

ထမင်းစားပြီးနောက် ရေချိုးခြင်း သည် လက်/ ခြေထာက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး

အစာအိမ် တဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာ အိမ်ကောင်း စွာ အလုပ် မလုပ်နိုင်တော့ပေ။

(၆) သွက်သွက် လမ်းမလျှောက်ပါ နှင့်

ရှေးလူကြီးများက “ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား” ဟု အဆို ရှိခဲ့ကြလေ၏။ ထိုအဆိုမှာ တက်တက် စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။

အကြောင်းရင်းမှာ… ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး…ထမင်း ဟင်း ထဲမှ ပါဝင်သော အာဟာရ စုပ်ယူရန် အတွက် အစာချေစနစ်ကို အနှောင့် အယှက်ဖြစ် စေတတ် သည်။

ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ။ ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅ မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန် လမ်းလျှောက်ပါ။

(၇) မအိပ်ပါ နှင့်

ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ… အစာအိမ်ရောဂါဖြစ်စေသည့်ပြင်၊ အူများကို ကူးစက်ရောဂါပိုး ဝင်စေပါသည်။

(၈) အားကစား မလုပ်ပါ နှင့်

အားကစားမလုပ်ခင် အနည်းဆုံး နာရီဝက်မှ အများဆုံး ၂ နာရီ ခန့် ကြိုတင်၍ ထမင်း စားထားပါ။ သို့မဟုတ်ပါက… အကြော ဆွဲခြင်း (သို့မဟုတ်) ရုတ်တရက် နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက် သေစေနိုင်သည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်.။

Zawgyi












(၅) ရေ မချိုးပါ နှင့်







(၇) မအိပ်ပါ နှင့်





Leave a Reply

Your email address will not be published.