Unicode
မြန်မာနိုင်ငံတွင် တတိယသုံးစွဲသူအများဆုံး Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည်




ရန်ကုန်၊ ဇူလိုင် ၂၀
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ကာတာ ဆက်သွယ်ရေးကုမ္ပဏီ Ooredoo (ORDS.QA) သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ရှယ်ယာများကို ရောင်းချရေး ဆွေးနွေးနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။




အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီက သူ၏ ရှယ်ယာများအားလုံးကို ရောင်းချရန် စစ်ကောင်စီ ဆက်သွယ်ရေးလုပ်ငန်းထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ဒိုဟာအခြေစိုက် Ooredoo သည် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် သုံးစွဲသူပေါင်း ၁၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး အော်ပရေတာဖြစ်ကြောင်း သိရှိရသည်။




အော်ရီဒူးကုမ္ပဏီကို ဝယ်ယူရန် အလားအလာရှိသူများတွင် Young Investment Group၊ စင်ကာပူအခြေစိုက် အော်ပရေတာ Campana Group နှင့် SkyNet တို့ ပါဝင်ကြောင်း၊ Skynet သည်ရွှေသံလွင်ကုမ္ပဏီကပိုင်ဆိုင်ကြောင်း သိရှိရသည်။
this is test




၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်ဆိုသလို မြန်မာနိုင်ငံမှ ထွက်ခွာလျက်ရှိပြီး အော်ရီဒူးကုမ္ပဏီသည် ၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံခဲ့သော ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည်။
ဓာတ်ပုံ- ရန်ကုန်မြို့လယ်ရှိ အော်ရီဒူးကြော်ငြာတစ်ခု။
crd




Zawgyi
ျမန္မာႏိုင္ငံတြင္ တတိယသုံးစြဲသူအမ်ားဆုံး Ooredoo ဆက္သြယ္ေရးကုမၸဏီ ျမန္မာႏိုင္ငံမွ ထြက္ခြာမည္
ရန္ကုန္၊ ဇူလိုင္ ၂၀
ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားေသာ ကာတာ ဆက္သြယ္ေရးကုမၸဏီ Ooredoo (ORDS.QA) သည္ ျမန္မာႏိုင္ငံမွ ထြက္ခြာရန္ ရွယ္ယာမ်ားကို ေရာင္းခ်ေရး ေဆြးေႏြးေနၿပီျဖစ္ေၾကာင္း ႐ိုက္တာသတင္းဌာနက သတင္းေဖာ္ျပသည္။




ေအာ္ရီဒူးဆက္သြယ္ေရးကုမၸဏီက သူ၏ ရွယ္ယာမ်ားအားလုံးကို ေရာင္းခ်ရန္ စစ္ေကာင္စီ ဆက္သြယ္ေရးလုပ္ငန္းထံ အေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္း၊ ဒိုဟာအေျခစိုက္ Ooredoo သည္ ျမန္မာႏိုင္ငံတြင္ ၂၀၂၀ ခုႏွစ္ သုံးစြဲသူေပါင္း ၁၅ သန္းနီးပါးရွိေသာ ျမန္မာႏိုင္ငံ၏ တတိယအႀကီးဆုံး ေအာ္ပေရတာျဖစ္ေၾကာင္း သိရွိရသည္။




ေအာ္ရီဒူးကုမၸဏီကို ဝယ္ယူရန္ အလားအလာရွိသူမ်ားတြင္ Young Investment Group၊ စင္ကာပူအေျခစိုက္ ေအာ္ပေရတာ Campana Group ႏွင့္ SkyNet တို႔ ပါဝင္ေၾကာင္း၊ Skynet သည္ေ႐ႊသံလြင္ကုမၸဏီကပိုင္ဆိုင္ေၾကာင္း သိရွိရသည္။




၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဆက္တိုက္ဆိုသလို ျမန္မာႏိုင္ငံမွ ထြက္ခြာလ်က္ရွိၿပီး ေအာ္ရီဒူးကုမၸဏီသည္ ၂၀၁၃ ခုႏွစ္ ဦးသိန္းစိန္အစိုးရလက္ထက္တြင္ ျမန္မာႏိုင္ငံအတြင္း လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ေသာ ဆက္သြယ္ေရးကုမၸဏီျဖစ္သည္။
ဓာတ္ပုံ- ရန္ကုန္ၿမိဳ႕လယ္ရွိ ေအာ္ရီဒူးေၾကာ္ျငာတစ္ခု။