မန္တလေးမြို့၊လူမိုက်အုပ်စုများမှ နေအိမ် ၁၀၀ ကျော်ကို အဓမ္မဖယ်ရှားခိုင်းပြီး လူမနေရဲအောင်ပြုလုပ်နေ

News

Unicode
ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်တခုတွင် အမည်မသိလူမိုက်အုပ်စုများမှ နေအိမ် ၁၀၀ ကျော်ကို အဓမ္မဖယ်ရှားခိုင်းပြီး လူမနေရဲအောင်ပြုလုပ်နေ

ဧရာဝတီတိုင်းမ်

ဇူလိုင်လ ၂၁ ရက်

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၃)စျ ၇ ရပ် ကွက်အတွင်းက နေအိမ် ၁၀၀ ကျော်ကို အမည်မသိလူ မိုက်အုပ်စုများမှ အဓမ္မဖယ်ရှားခိုင်းနေကြောင်း ဒေသခံများထံကသိရသည်။

မနော်ဟရီလမ်းနှင့် အောင်ဆန်းလမ်းအကြားရှိ အဆိုပါ လူနေအိမ်များကိုဧပြီလအတွင်းမှစ၍ အမည်မသိလူမိုက်ဦးရေ ၁၀၀ ဝန်းကျင်မှ အုပ်စုလိုက်ရမ်းကား၍ နေ့စဥ်နီး ပါး အကြောင်းပြချက်မရှိလာရောက်ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်ဟုဆိုသည်။

hihihihihihihihihi

this is test

အဆိုပါလူမိုက်အုပ်စုများလာရောက်ဖယ်ရှားခိုင်းရာတွင် စစ်ကောင်စီ၏ဌာနဆိုင်ရာ၊ရဲ၊ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တဦးမှမပါဘဲ ၄င်းတို့လူမိုက်များသာလာရောက်ပြီး နေ ထိုင်သူများကို အင်အားသုံးဖယ်ရှားနေခိုင်းခြင်းဖြစ် ကြောင်း သိရသည်။

” ဒီရပ်ကွက်ထဲက ကျွန်မတို့နေအိမ်တွေကိုပြီးခဲ့တဲ့ ဇန်နဝါရီလက ဌာနဆိုင်ရာတွေက ရှေ့ကရထားသံလမ်းနဲ့မလွတ်လို့ ပေ ၅၀ နောက်ဆုတ်ပေးပါဆိုလို့ တခါဆုတ်ပေးပြီးပြီ။ အခုဟာက ဌာနဆိုင်ရာလည်းမပါဘူး။ သူတို့တွေချည်းဘဲ ဒီတိုင်းကြီး တုတ်တွေ၊ဓားတွေနဲ့ ”ဖယ်ပေးရမယ်၊ဒီမြေကမူရင်းပိုင်ရှင်ရှိတယ်” ဒါဘဲပြောပြီးဖယ်ခိုင်းတယ်၊ ပြီးရင်လူတွေကိုရန်ပြုတယ်၊ ၄ လပိုင်းထဲကနေ ခုထိ ၂ ရက်ခြား၊၃ရက်ခြားတခါလောက် လာလာသောင်း ကျန်းတယ်” ဟု ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါမြေနှင့်နေအိမ်များကို ရပ်ကွက်နေထိုင်သူ များမှ သိန်းရာနှင့်ချီပေးဝယ်ထားရပြီး ပိုင်ဆိုင်မှုအထောက် အထားများလည်းရှိကာ နေထိုင်လာသည်မှာ အကြာဆုံးဒေသခံသည် နှစ် ၄၀ ဝန်းကျင်ရှိပြီဖြစ်သည်ဟု ဆိုသည်။

”ဒီမှာနေလာတာနှစ် ၂၀ လောက်ရှိပြီ။ အကြာဆုံးက နှစ် ၄၀ လောက်တွေတောင်ရှိတယ်။ ကျွန်မတို့က ကျူးကျော်လည်းမဟုတ်ဘူး။ စပြီးနေတုန်းက မြေချည်းဘဲ သိန်း ၂၀၀ ဝန်းကျင်လောက် ပေးပြီးဝယ်ထားရတာ။ မြေပိုင် ဆိုင်မှုတွေလည်းရှိတယ်။ ကျွန်မတို့ဝယ်ထားတဲ့ပိုင်ရှင်ကို အခုထိရှိနေသေးတယ်။ အဲ့တာကို မူလမြေပိုင်ရှင်ရှိတယ်ဆိုပြီး ခနခနလာဖယ်ခိုင်းတယ်။ခုရက်ထဲမှာကိုလာဖယ်ခိုင်းပြီး လူတွေကို ရိုက်နှက်သွားသေးတယ်။ သူတို့ရန်ကိုကြောက်လို့အိမ်တွေဖျက်ပြီးပြောင်းပြေးကြရတာတွေလည်းရှိတယ်။ ဘယ်ကိုတိုင်လို့တိုင်ရမှန်းလဲမသိဘူး၊ ဘယ်ကမှလည်းလက်မခံဘူး ” ဟု အခြားဒေသခံအမျိုး သမီးတဦးက ဆိုသည်။

ထို့ပြင် ၄င်းတို့ဖယ်ရှားခိုင်းသည့်နေအိမ်များမှ နေထိုင်သူများမနေရဲအောင်နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၊ ရိုက်နှက်မှုများပြုလုပ်နေသဖြင့် နေထိုင်သူများအခက်တွေ့နေရကြောင်းသိရသည်။

ရပ်ကွက်နေထိုင်သူများမှ အဆိုပါအုပ်စုလိုက်ရမ်းကားကာနေအိမ်များကိုဖယ်ရှားခိုင်းမှုအား မြို့နယ်စစ်ကောင် စီ ၊ ထွေအုပ်၊ရဲနှင့်ရပ်ကွက်စစ်ကောင်စီအုပ်ချုပ်ရေးရုံးတို့ကိုသွားရောက်အကြောင်းကြားသော်လည်း ၄င်းတို့ခိုင်းစေထားမှုမရှိကြောင်း၊မသိရှိကြောင်းကိုသာဖြေကြား ပြီး အဆိုပါလူမိုက်အုပ်စုများကို ဖမ်းဆီးမှုများမလုပ် ဆောင်သလို တကြိမ်မျှ လာရောက်ဖြေရှင်းထိန်းသိမ်းပေးခြင်းလည်းမရှိကြောင်း မြို့ခံများထံကသိရသည်။

ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းတိုင်ကြားမှုကြောင့် ဇွန်လ ၆ ရက်နေ့ရက်စွဲဖြင့် မြို့နယ်စစ်ကောင်စီကအဆိုပါလူမိုက်များ၏လုပ်ရပ်များကို တားမြစ်သည့် ဗီနိုင်းအားလာရောက်ကပ်ထားသော်လည်း လူမိုက်အုပ်စုများမှ နေ့စဥ်နီးပါးဆက်လက်လုပ်ဆောင်နေဆဲပင်ဖြစ် ကြောင်းသိရသည်။

စစ်ကောင်စီက မန္တလေးခရိုင်အတွင်း ရထားလမ်း၊ကားလမ်းစသည့် လမ်းနယ်နိမိတ်နှင့်မလွတ်ကင်းသည့် အဆောက်အဦများ၊ကျူးကျော်နေထိုင်သူများ ၏နေအိမ်များကို အင်အားသုံးဖယ်ရှားမှုများရှိနေသော်လည်း ၄င်းတို့စစ်ကောင်စီဌာနဆိုင်ရာ မသိရှိဘဲ အမည်မသိ လူမိုက်အုပ်စုများကသာ ယင်းကဲ့သို့ဆောင်ရွက်နေမှုအပေါ် မန္တလေး မြို့ခံများက ဝေဖန်ပြောဆိုမှုများရှိနေကြောင်း သိရသည်။

ဓာတ်ပုံ – ရပ်ကွက်ရှိနေအိမ်တချို့အား လူမိုက်အုပ်စုများမှ အင်အားသုံးဖယ်ရှားဖျက်ဆီးထားသည့်ပုံ(CJ)။

Zawgyi

ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္း ရပ္ကြက္တခုတြင္ အမည္မသိလူမိုက္အုပ္စုမ်ားမွ ေနအိမ္ ၁၀၀ ေက်ာ္ကို အဓမၼဖယ္ရွားခိုင္းၿပီး လူမေနရဲေအာင္ျပဳလုပ္ေန

ဧရာဝတီတိုင္းမ္

ဇူလိုင္လ ၂၁ ရက္

မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ၿမိဳ႕သစ္(၃)စ် ၇ ရပ္ ကြက္အတြင္းက ေနအိမ္ ၁၀၀ ေက်ာ္ကို အမည္မသိလူ မိုက္အုပ္စုမ်ားမွ အဓမၼဖယ္ရွားခိုင္းေနေၾကာင္း ေဒသခံမ်ားထံကသိရသည္။

မေနာ္ဟရီလမ္းႏွင့္ ေအာင္ဆန္းလမ္းအၾကားရွိ အဆိုပါ လူေနအိမ္မ်ားကိုဧၿပီလအတြင္းမွစ၍ အမည္မသိလူမိုက္ဦးေရ ၁၀၀ ဝန္းက်င္မွ အုပ္စုလိုက္ရမ္းကား၍ ေန႔စဥ္နီး ပါး အေၾကာင္းျပခ်က္မရွိလာေရာက္ဖယ္ရွားခိုင္းေနျခင္းျဖစ္သည္ဟုဆိုသည္။

အဆိုပါလူမိုက္အုပ္စုမ်ားလာေရာက္ဖယ္ရွားခိုင္းရာတြင္ စစ္ေကာင္စီ၏ဌာနဆိုင္ရာ၊ရဲ၊ရပ္ကြက္အုပ္ခ်ဳပ္ေရးပိုင္းမွ တဦးမွမပါဘဲ ၄င္းတို႔လူမိုက္မ်ားသာလာေရာက္ၿပီး ေန ထိုင္သူမ်ားကို အင္အားသုံးဖယ္ရွားေနခိုင္းျခင္းျဖစ္ ေၾကာင္း သိရသည္။

” ဒီရပ္ကြက္ထဲက ကြၽန္မတို႔ေနအိမ္ေတြကိုၿပီးခဲ့တဲ့ ဇန္နဝါရီလက ဌာနဆိုင္ရာေတြက ေရွ႕ကရထားသံလမ္းနဲ႔မလြတ္လို႔ ေပ ၅၀ ေနာက္ဆုတ္ေပးပါဆိုလို႔ တခါဆုတ္ေပးၿပီးၿပီ။ အခုဟာက ဌာနဆိုင္ရာလည္းမပါဘူး။ သူတို႔ေတြခ်ည္းဘဲ ဒီတိုင္းႀကီး တုတ္ေတြ၊ဓားေတြနဲ႔ ”ဖယ္ေပးရမယ္၊ဒီေျမကမူရင္းပိုင္ရွင္ရွိတယ္” ဒါဘဲေျပာၿပီးဖယ္ခိုင္းတယ္၊ ၿပီးရင္လူေတြကိုရန္ျပဳတယ္၊ ၄ လပိုင္းထဲကေန ခုထိ ၂ ရက္ျခား၊၃ရက္ျခားတခါေလာက္ လာလာေသာင္း က်န္းတယ္” ဟု ေဒသခံအမ်ိဳးသမီးတဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

အဆိုပါေျမႏွင့္ေနအိမ္မ်ားကို ရပ္ကြက္ေနထိုင္သူ မ်ားမွ သိန္းရာႏွင့္ခ်ီေပးဝယ္ထားရၿပီး ပိုင္ဆိုင္မႈအေထာက္ အထားမ်ားလည္းရွိကာ ေနထိုင္လာသည္မွာ အၾကာဆုံးေဒသခံသည္ ႏွစ္ ၄၀ ဝန္းက်င္ရွိၿပီျဖစ္သည္ဟု ဆိုသည္။

”ဒီမွာေနလာတာႏွစ္ ၂၀ ေလာက္ရွိၿပီ။ အၾကာဆုံးက ႏွစ္ ၄၀ ေလာက္ေတြေတာင္ရွိတယ္။ ကြၽန္မတို႔က က်ဴးေက်ာ္လည္းမဟုတ္ဘူး။ စၿပီးေနတုန္းက ေျမခ်ည္းဘဲ သိန္း ၂၀၀ ဝန္းက်င္ေလာက္ ေပးၿပီးဝယ္ထားရတာ။ ေျမပိုင္ ဆိုင္မႈေတြလည္းရွိတယ္။ ကြၽန္မတို႔ဝယ္ထားတဲ့ပိုင္ရွင္ကို အခုထိရွိေနေသးတယ္။ အဲ့တာကို မူလေျမပိုင္ရွင္ရွိတယ္ဆိုၿပီး ခနခနလာဖယ္ခိုင္းတယ္။ခုရက္ထဲမွာကိုလာဖယ္ခိုင္းၿပီး လူေတြကို ႐ိုက္ႏွက္သြားေသးတယ္။ သူတို႔ရန္ကိုေၾကာက္လို႔အိမ္ေတြဖ်က္ၿပီးေျပာင္းေျပးၾကရတာေတြလည္းရွိတယ္။ ဘယ္ကိုတိုင္လို႔တိုင္ရမွန္းလဲမသိဘူး၊ ဘယ္ကမွလည္းလက္မခံဘူး ” ဟု အျခားေဒသခံအမ်ိဳး သမီးတဦးက ဆိုသည္။

ထို႔ျပင္ ၄င္းတို႔ဖယ္ရွားခိုင္းသည့္ေနအိမ္မ်ားမွ ေနထိုင္သူမ်ားမေနရဲေအာင္နည္းမ်ိဳးစုံျဖင့္ ၿခိမ္းေျခာက္၊ ႐ိုက္ႏွက္မႈမ်ားျပဳလုပ္ေနသျဖင့္ ေနထိုင္သူမ်ားအခက္ေတြ႕ေနရေၾကာင္းသိရသည္။

ရပ္ကြက္ေနထိုင္သူမ်ားမွ အဆိုပါအုပ္စုလိုက္ရမ္းကားကာေနအိမ္မ်ားကိုဖယ္ရွားခိုင္းမႈအား ၿမိဳ႕နယ္စစ္ေကာင္ စီ ၊ ေထြအုပ္၊ရဲႏွင့္ရပ္ကြက္စစ္ေကာင္စီအုပ္ခ်ဳပ္ေရး႐ုံးတို႔ကိုသြားေရာက္အေၾကာင္းၾကားေသာ္လည္း ၄င္းတို႔ခိုင္းေစထားမႈမရွိေၾကာင္း၊မသိရွိေၾကာင္းကိုသာေျဖၾကား ၿပီး အဆိုပါလူမိုက္အုပ္စုမ်ားကို ဖမ္းဆီးမႈမ်ားမလုပ္ ေဆာင္သလို တႀကိမ္မွ် လာေရာက္ေျဖရွင္းထိန္းသိမ္းေပးျခင္းလည္းမရွိေၾကာင္း ၿမိဳ႕ခံမ်ားထံကသိရသည္။

ရပ္ကြက္ေနျပည္သူမ်ားမွ ဝိုင္းဝန္းတိုင္ၾကားမႈေၾကာင့္ ဇြန္လ ၆ ရက္ေန႔ရက္စြဲျဖင့္ ၿမိဳ႕နယ္စစ္ေကာင္စီကအဆိုပါလူမိုက္မ်ား၏လုပ္ရပ္မ်ားကို တားျမစ္သည့္ ဗီႏိုင္းအားလာေရာက္ကပ္ထားေသာ္လည္း လူမိုက္အုပ္စုမ်ားမွ ေန႔စဥ္နီးပါးဆက္လက္လုပ္ေဆာင္ေနဆဲပင္ျဖစ္ ေၾကာင္းသိရသည္။

စစ္ေကာင္စီက မႏၲေလးခ႐ိုင္အတြင္း ရထားလမ္း၊ကားလမ္းစသည့္ လမ္းနယ္နိမိတ္ႏွင့္မလြတ္ကင္းသည့္ အေဆာက္အဦမ်ား၊က်ဴးေက်ာ္ေနထိုင္သူမ်ား ၏ေနအိမ္မ်ားကို အင္အားသုံးဖယ္ရွားမႈမ်ားရွိေနေသာ္လည္း ၄င္းတို႔စစ္ေကာင္စီဌာနဆိုင္ရာ မသိရွိဘဲ အမည္မသိ လူမိုက္အုပ္စုမ်ားကသာ ယင္းကဲ့သို႔ေဆာင္႐ြက္ေနမႈအေပၚ မႏၲေလး ၿမိဳ႕ခံမ်ားက ေဝဖန္ေျပာဆိုမႈမ်ားရွိေနေၾကာင္း သိရသည္။

ဓာတ္ပုံ – ရပ္ကြက္ရွိေနအိမ္တခ်ိဳ႕အား လူမိုက္အုပ္စုမ်ားမွ အင္အားသုံးဖယ္ရွားဖ်က္ဆီးထားသည့္ပုံ(CJ)။

Leave a Reply

Your email address will not be published.